Friday, August 28, 2015


ငဖဲ သြဂုတ် ၂၇
မင်းဘူးခရိုင်ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးကြပ်ဖွင့်လှစ် သည့် မော်တော်ဆိုင်ကယ်ပြုပြင်ရေးသင်တန်းကို သြဂုတ် ၂၅ ရက်နေ့နံနက် ၉ နာရီက ငဖဲမြို့နယ် ပေကုန်းကျေးရွာဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်ဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဦးစီးမှူး ဦးယုနိုင်လင်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက် ပို့ချမည့်အစီ အစဉ်နှင့်စည်း ကမ်းပိုင်းဆိုင်ရာတို့ကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးသိန်းဆောင်မှ ကျေးရွာသူ ကျေးရွာသားများကိုယ်စား သင်တန်းဖွင့် လှစ်ပေး သည့်အတွက် ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ပေကုန်းကျေးရွာမှ သင်တန်းသား(၁၀)ဦး တက်ရောက်ပြီး သင်တန်း ကာလမှာ သြဂုတ် ၂၅ ရက်နေ့မှ စက်တင်ဘာ ၃ ရက်နေ့ထိဖွင့်လှစ်၍ ဆိုင်ကယ်ပြု ပြင်ရေးကျွမ်းကျင်နှစ်ဦးမှ သင်ကြားပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video