Wednesday, August 26, 2015
3:34 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး သြဂုတ် ၂၄
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်များ၊တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ န၀မအကြိမ်မြောက်လုပ်ငန်းညှိ နှိုင်းအစည်းအဝေးအတွေ့အကြုံများ ထပ်ဆင့် ရှင်းလင်း သည့် အခမ်းအနားကို မကွေးတိုင်း ဒေသကြီး တရား လွှတ်တော် အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီကကျင်းပရာ မကွေးတိုင်း ဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိန်ထွန်းက အဖွင့်မှာစကားပြောကြား သည်။
အဆိုပါရှင်းလင်းပွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်
တရားသူကြီးချုပ်များ၊တိုင်းဒေသကြီး/ပြည်နယ် တရားရေးဦးစီးမှူးများ၏ န၀မ အကြိမ်မြောက်လုပ်ငန်းညှိ နှိုင်းအစည်းအဝေး အတွေ့အကြုံများကို တိုင်းဒေသကြီး တရားလွှတ် တောတရားသူကြီး (၂)ဒေါ်နုယဉ်က ထပ်ဆင့်ရှင်းလင်းမှာကြားပြီး မကွေးတိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီး (၁)ဦးမြင့်သိန်းနှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်မောင်တို့မှတရား စီရင်ရေးလုပ်ငန်းများ၊ တရားရုံးဆိုင်ရာ စီမံခန့်ခွဲမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ထပ်ဆင့်ရှင်းလင်းပွဲသို့ မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးများ ၊တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့်တရားရေးအရာရှိများ၊မကွေးတိုင်းဒေသ
ကြီး အတွင်းရှိ ခရိုင်တရားရုံးများနှင့်မြို့နယ်တရားရုံးများမှ တရား သူကြီးများ တက်ရောက်ကြကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment