Wednesday, August 26, 2015


ပွင့်ဖြူ သြဂုတ် ၂၅
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် သစ်တောသယံ ဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း(FREDA)နှင့်(DKH)တို့မှ သြဂုတ်လ (၂၅)ရက်နေ့ နံနက် (၉)နာရီအချိန်က အရေးပေါ် စားနပ် ရိက္ခာဖြစ်သော (ဆန်၊ဆီ၊ဆား၊ ပဲ၊ရေသန့်)တို့နှင့် ပညာရေး၊ကျန်းမာရေးစောင့်ရှောက်မှုများအား ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ပွင့်ဖြူမြို့ သမ္မာဆန္ဒနာမှု ကူညီရေး အသင်းသို့ ငွေကျပ်(၂၀)သိန်းကို ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊(FREDA) ဘဏ္ဍာရေး၊အတွင်း ရေးမှူး ဦးစန်းလွင်မှ ပေးအပ်လှူဒါန်းရာ နာမှုကူညီရေး အသင်းနာယက ဦးဖိုးပါမှ လက်ခံရယူခဲ့သည်။
ထို့နောက် ပွင့်ဖြူမြို့ အ.ထ.ကကျောင်းမှ ကျောင်းသား/သူမျာအတွက် စာရေးကရိယာနှင့် ကျောင်းသုံး စာအုပ်များအတွက်ငွေကျပ်(၃၉)သိန်း(၂)သောင်း ကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးသန်းလှိုင်မှ လက်ခံရယူခဲ့သည်။အဆိုပါ FREDA အသင်းကြီးသည် သစ်တောနှင့် သစ်လုပ်ငန်းဌာနမှ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် များ၊ဒု-ချုပ်များ၊ညွှန်ကြားရေးမှူးများနှင့် အငြိမ်းစားဝန်ထမ်းများ ၊အခြားသစ်တော/ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်ဆက်စပ်သော ပညာရှင်များဖြင့် ဖွဲ့စည်းထားသော အသင်းကြီးဖြစ်ပြီး သဘာ ၀ဘေးအန္တရာယ်ကြောင့် ရေကြီး နစ်မြှပ်ရာဒေသများသို့ သွားရောက် ကယ်ဆယ် လှူဒါန်းထောက်ပံ့မှုများပြုလုပ်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်တွင် ရပ်ကွက်(၂)ရပ်ကွက်နှင့်ဧရာဝတီမြစ် ကမ်းဘေးတစ်လျောက်မှ ကျေးရွာ(၁၆)ရွာရှိ အိမ်ထောင်စု(၂၁၇၀)စုတို့အား အိမ်ထောင်စု တစ်စုလျင် ဆန်(၁၂)ပြည် (၁)အိတ်၊ဆီ(၆၀)ကျပ်သား၊ကုလားပဲ(၁)ပိဿာ၊ရေသန့်(၁)ကဒ်၊ဆား(၅၀)ကျပ်သား လှူဒါန်းထောက်ပံ့ပေးအပ်ခဲ့ပြီး၊ပရဟိတအဖွဲ့များ၊ ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍ၊ ဘုန်းတော်ကြီးကျောင်း များအပါအ၀င် လှူဒါန်းထောက်ပံ့ ပစ္စည်း စုစုပေါင်းတန်ဘိုးကျပ်သိန်း (၄၀၀)ကျော်ရှိကြောင်း အသင်းကြီး၏ ကျွမ်းကျင်လက်ထောက်(၁) ဦးစိုးမင်းက ပြောကြားခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video