Wednesday, August 26, 2015


မင်းဘူး သြဂုတ် ၂၄
မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် lwin New Generation Company မှ တန်ဖိုးငွေကျပ်(၅၃.၇၅၁)သန်းဖြင့် တာဝန်ယူဆောင်ရွက်သော မင်းဘူး - မင်းလှ လမ်းမှ ရွာသာယာအ၀င်လမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း (၁)မိုင် အား မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်းနှင့် ၀န်ထမ်းများမှ ယနေ့ နံနက် ၉ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ရာ သတ်မှတ်ကာလအချိန်မီပြီးစီးရေး၊ စံချိန်စံ ညွှန်းပြည့်မီရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေးတို့ကို တာဝန်ရှိသူများ အား ပြောကြားခဲ့သည်။
အဆိုပါ ကျောက်ချောလမ်း (၁) မိုင်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါကဒေသခံ ကျေးလက်နေ

 ပြည်သူများ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကုန်စည်စီးဆင်းမှုများ ပိုမိုအဆင်ပြေသွားလာနိုင်မည်
 ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video