Wednesday, August 26, 2015


ကျောက်ထု သြဂုတ် ၂၅
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ၌ မဟာဓာတ်အားလိုင်း သွယ်ယူ မှုလုပ်ငန်းကို ဆောင်ရွက်လျှက်ရှိ ရာ အဆိုပါဓာတ်အားလိုင်းမှာ ပခုက္ကူခရိုင်ပေါက်မြို့မှ တစ်ဆင့်ကျောက်ထုမြို့သို့ ရောက်ရှိမည်ဟု သိရသည်။
ဓာတ်အားလိုင်းသွယ်တန်းရာတွင် ပေါက်မြို့မှ ကျောက်ထုသို့ ၃၂ မိုင်ဝေးကွာ၍ ကျောက်ထုမြို့၌ 66 KV ဓာတ်အားခွဲရုံတည်ဆောက် မည်ဖြစ်ကြောင်း၊ ထို့ပြင် ကျောက်ထုမှ ၁၈ မိုင်ဝေးကွာသည့် ချင်းပြည်နယ် မင်းတပ်မြို့သို့သွယ်တန်းလျှက် 66 KV ခွဲရုံတည်ဆောက်မည်ဖြစ်ကြောင်း၊ ထို့ပြင် ကျောက်ထုမှ ၂၅ မိုင်စီ ဝေးကွာသည့် ထီးလင်းမြို့နှင့် ဆောမြို့သို့ သွယ်တန်းလျှက် 66 KV ဓာတ်အားခွဲရုံများ တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့်လျှပ်စစ်ဓာတ်အား ရောက်ရှိလာမည်ဖြစ်သည့်အတွက်
ဒေသနေပြည်သူများ စိတ်အားတက်ကြွ လျှက်ရှိကြကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video