Wednesday, August 26, 2015
3:28 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ပွင့်ဖြူ သြဂုတ် ၂၆
ကျေးလက်နေပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်၊ စာဖတ်ခြင်း အလေ့အထကောင်းများ ရှင်သန် နိုးကြား ထက်သန်လာစေရန်ရည်ရွယ်၍ ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ ပါရမီစာကြည့်တိုက်၏ မင်းပါရမီနှင့် ပါရမီခိုင် စာပေဆုပေးပွဲအခမ်းအနားကို သြဂုတ်(၂၅)ရက်နေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
ဆုပေးပွဲအခမ်းအနားတွင် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်မေသန္တာအောင်မှအဖွင့်အမှာ စကား ပြောကြား ပြီး၊ ရွာခိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးခိုင်မှ ဆုပေးပွဲအခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပါရမီစာကြည့်တိုက် ကော်မတီဥက္ကဋ္ဌဦးသိန်းတန်မှစာကြည့်တိုက်၏(၃)နှစ်မြောက် ဖြတ်သန်း
လာရသော အခက်အခဲများနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။
ပါရမီစာကြည့်တိုက်ကို ၂၀၁၃-ခုနှစ်တွင် ဒေါက်တာ မင်းဇော်ခိုင်မှ တည်ထောင်ဖွင့်လှစ်ပေးခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်ရေးစာစီစာကုံးပြိုင်ပွဲ ၊ဥာဏ်စမ်းပဟေဠိပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပေးခဲ့ရာ ပွင့်ဖြူမြို့နယ် အတွင်းရှိ ကျောင်းသား/ကျောင်းသူများ၊စာဖတ်ဝါသနာရှင်များ၊စိတ်ပါဝင်စားသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ယခုနှစ်တွင် ပါဝင်ယှဉ်ပြိုင်သူ (၁၅၀)ဦးရှိခဲ့ပြီး၊ ဆုရရှိသူများအား ဒေါက်တာမင်းဇော်ခိုင်မှ ချီးမြှင့်သော ဆုများကိုကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက်ကော်မတီဝင်များမှ မင်းပါရမီစာပေဆုနှင့် ပါရမီခိုင်စာပေဆုများ၊ပထမ၊ဒုတိယ၊တတိယနှင့် နှစ်သိမ့်ဆုများ၊၂၀၁၄-၂၀၁၅ ပညာသင်နှစ်
၊ ကျေးရွာမှတက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ဂုဏ်ထူးဖြင့်ထူးချွန်းစွာအောင်မြင်သော ကျောင်းသား/ကျောင်းသူ များကို ပညာရည်ထူးချွန်ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment