Thursday, August 27, 2015

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့ နံနက် (၁၀း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင် ၊ စေတုတ္တရာမြို့နယ်၊ ချီကျေးရွာတွင် အရက်အတူသောက်ရာမှ ညီအစ်ကိုချင်းစကားများ ရန်ဖြစ်ရာ ညီဖြစ် သူမှ ဓါးနှင့်ခုတ်၍ အစ်ကိုဖြစ်သူသေဆုံးသွားကြောင်း သတင်းရရှိပါသည်။

 ဖြစ်စဉ်မှာ စေတုတ္တရာမြို့နယ်၊ ချီကျေးရွာနေ ဦးအောင် (၆ဝ)နှစ်သည် နေအိမ်၌ သားများဖြစ်သော ခင်မောင်ဝင်း(၃၃)နှစ်၊ မောင်မုန်း (ခ) ခင်မောင်လင်း၊ ၃၁နှစ်နှင့် တစ်ရွာတည်းနေ ကိုမြင့်လွင် (၄၃)နှစ် တို့(၄)ဦးသည် နေအိမ်တွင်အရက်အတူတူသောက်ရာမှ ခင်မောင်ဝင်းနှင့် ညီဖြစ်သူ ခင်မောင်လင်းတို့ စကားများရန်ဖြစ်ပြီး ခင်မောင်ဝင်းမှ ခင်မောင်လင်းအား အရက်ပုလင်းဖြင့်ရိုက်ရာ ခင်မောင်လင်း၏ ဝဲပါး ရိုးပေါ်တွင် ပေါက်ပြဲဒဏ်ရာ(၁)ချက်ရရှိသွားသဖြင့် ညီအစ်ကို နှစ်ဦးလုံးထွေး သတ်ပုတ်ရာ ခင်မောင်လင်းမှ အနီးရှိ အရိုးအသွား(၂၁)လက်မ၊ ဗျက်(၂) လက်မရှိဓါးမအား ဆွဲယူ၍ ခင်မောင်ဝင်းအားခုတ်ရာ လည်ပင်း တွင်အရှည်(၄)လက်မခန့် ပြတ်ရှဒဏ်ရာ (၁)ချက်ရရှိပြီး သေဆုံး သွားကြောင်း ချီကျေးရွာ ရာအိမ်မှူး ဦးအောင်မောင်းမှ ဖုန်းဆက်အကြောင်းကြား၍ စေတုတ္တရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်သန်း နှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီးခဲ့ပြီး ဓါးဖြင့်ခုတ်သူ ခင်မောင်လင်းအား စေတုတ္တရာမြို့နယ်၊ မြို့မရဲစခန်း(ပ)၂၂/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃ဝ၂ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video