Thursday, August 27, 2015

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့ နေ့လည် (၂) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ ရေနံချောင်းမြို့၊ ရွာသစ်ရပ်ကွက်နေ ဒေါ်ခင်အုန်းမြင့်(၅၄)နှစ်၏ နေအိမ်တွင် ဖဲရိုက် လောင်းက စားပြုလုပ်နေကြောင်းသတင်းအရ ရေနံချောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၁၅/၂ဝ၁၅) ဖြင့် ၀င်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

 ရေနံချောင်းမြို့၊ ရွာသစ်ရပ်ကွက်နေ ဒေါ်ခင်အုန်းမြင့်(၅၄)နှစ်၏ နေအိမ်တွင် ရွာသစ်ရပ်ကွက်နေ သူများဖြစ်သော ဒေါ်ခင်အုန်းမြင့်(၅၄)နှစ်၊ မမိုးမြတ်သူဇာ(၂၂)နှစ်၊ မစန္ဒာ(၂၄)နှစ်နှင့် မန္တလေး တိုင်း ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်နေ အောင်ထက်ထက်(၂၄)နှစ် တို့သည် AAA တံဆိပ်ပါ ဖဲချပ်(၁ဝ၈)ချပ်၊ ပန်းကန်ပြားအသေးတစ်ချပ်၊ အခင်းပြုလုပ်သော မိုးပြာရောင် ချည်စောင် (၁)ထည်၊ လောင်းကြေးငွေရောရာ ၈,၃ဝဝိ/- တို့နှင့်အတူ လောင်းကစားပြုလုပ် နေသည် ကို တွေ့ရှိရ သဖြင့် ဖဲရိုက်လောင်းကစားပြုလုပ်သူ ဒေါ်ခင်အုန်းမြင့် ပါ(၄)ဦး အား ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၃၇/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video