Thursday, August 27, 2015

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့ နေ့လည် (၂း၁၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့သစ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ကွက်သစ်ရပ်ကွက်ရှိ စည်ပင်သာယာဈေးအနီးတွင် မသင်္ကာဖွယ် လူတစ်ဦးအား VIVO Y-15 အမျိုးအစား ဟန်းဆက်အနက်ရောင်(၁)လုံး (ဆင်းကဒ်မပါ) တန်ဘိုး ၁၆ဝ,ဝဝဝိ/-ခန့်၊ HUAWEI G-610 အမျိုးအစားအနက်ရောင်ဟန်းဆက်(၁)လုံး (ဆင်းကဒ် မပါ) တန်ဘိုး ၁၃ဝ,ဝဝဝိ/-ခန့်တို့နှင့်အတူတွေ့ရှိရ၍ မေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။ 

မကွေးမြို့၊ ကန်သာရပ်ကွက်နေ အောင်ကောင်းမြတ်(၁၉)နှစ်ဖြစ်ပြီး ဟန်းဆက်(၂)လုံးအား ပိုင်ဆိုင် ကြောင်း  ပြောဆိုပြသနိုင်ခြင်းမရှိသဖြင့် တစ်နေရာရာမှ ခိုးယူလာခြင်းဖြစ်နိုင်ကြောင်း မသင်္ကာဖွယ် တွေ့ရှိရ၍ သက်သေများရှေ့တွင်သိမ်းဆည်းပြီး အောင်ကောင်းမြတ်အား မြို့သစ်မြို့နယ်၊ မြို့မ ရဲစခန်း (ပ)၁၁၈/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video