Thursday, August 27, 2015
4:12 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ချောက် သြဂုတ် ၂၇ ရက်
ချောက်မြို့နယ် ကြက်ခြေနီအသင်းအဖွဲ့မှ ကြီးကြပ်မှု၍ တစ်ကိုယ်ရည်နှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးကိုလူထုပါဝင်ဆောင်ရွက်မှုဖြင့် အသွင်ကူးပြောင်းခြင်း(ဆင့်ပွား)သင်တန်းကိုမြို့နယ်ပြည်
သူ့ဆေးရုံတွင် ယနေ့နံနက် (၁၀း၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် ရှားပင်ကျေးရွာ၊ မကျီးပင်တပ်ကျေးရွာ၊ ဆားတောင်(နောက်)ကျေးရွာ၊ ကန်သာကျေးရွားများမှ သင်တန်းသား (၁၆)ဦး၊ မြို့ပေါ်သင်တန်းသား(၄)ဦး စုစုပေါင်း သင်တန်းသား(၂၀)ဦးတိှု့အား (၃)ရက်တာ သင်တန်းဖွင့်လှစ်၍ မြို့နယ်ကြက်ခြေနီအသင်းမှ ဒုတပ်ရင်းမှူးဦးမိုးဟိန်း၊ အဖွဲ့ဝင်ဒေါ်ခင်ထွေးဝင်းနှင့် နေအြည်တော်ကြက်ခြေနီအသင်း(ရုံးချုပ်)မှ
ဦးအောင်ထွန်းတို့ကကြီးကြပ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
၎င်းကောင်းသင်တန်းဖွင့်လှစ်ပေးခြင်းအားဖြင့်ကျေးရွာများ၏ ကျန်းမာရေးစောင့်ရှောက်မှု များဖြစ်သော ရေနှင့်ပတ်သက်သော ယင်လုံအိမ်သာများစနစ်တကျဆောင်ရွက်ရန်နှင့် ဝမ်းပျက်ဝမ်းလျောရောဂါများ မဖြစ်ပွားအောင်စနစ်တကျကာကွယ်စောင့်ရှောက်တတ်စေရန် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း တာဝန်ရှိသူကြက်ခြေနီအသင်းအဖွဲ့မှ ဒုတပ်ရင်းမှူး ဦးမိုးဟိန်း၏ပြောကြားချက်အရသိရှိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment