Wednesday, December 31, 2014

နတ်မောက်        ဒီဇင်ဘာ     ၃၁
    နတ်မောက်မြို့တွင် ဆိုင်ကယ်လိုင်စင်များပြုလုပ်ပေးခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက နတ်မောက်မြို့ ဗိုလ်တေဇ အားကစားကွင်းခန်းမတွင် ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါဆိုင်ကယ်မောင်းလိုင်စင်များပြုလုပ် ပေးခြင်းကို မြို့နယ် ယကကဥက္ကဌ ဦးချင်ဟိုနှင့်ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် မကွေးတိုင်းဒေသကြီး မကွေးကညန ဒုဦးစီးမှူး ဒေါ်ဝါဝါချိုနှင့် ဝန်ထမ်းများက နတ်မောက်မြို့နယ်ရှိ ဆိုင်ကယ်မောင်းသူ ၃၅၀ ဦးအား ယာဉ်မောင်းနှင်ခွင့်ပြုလိုင်စင် ပြုလုပ်ပေးပြီး လျှောက်လွှာတစ်စောင်လျှင် ၁၀၀၀ိ/-နှုန်းနှင့် တစ်ဦးလျှင် လိုင်စင်ပြုလုပ်ခ ၇၀၀၀ိ/-နှုန်းပေးသွင်းခဲ့ရာ ဆိုင်ကယ်မောင်းလိုင်စင်များကို ဇန်နဝါရီလ ၇ ရက်နေ့တွင် ထုတ်ပေးမည်ဖြစ်ကြောင်းသတင်းရရှိသည်။
ငဖဲ     ဒီဇင်ဘာ     ၃၀
    မကွေးတိုင်းဒေသကြီး ငဖဲမြို့မရဲစခန်းရှိ အချုပ်ခန်းများကို မကွေးတိုင်းဒေသကြီး တရားလွတ်တော် တရားသူကြီး ဒေါ်နုယဉ်က ယနေ့နံနက် ၁၀နာရီတွင် စစ်ဆေးမှုပြုလုပ်ဆောင်ရွက်ခဲ့သည်။
    စစ်ဆေးမှုပြုလုပ်ရာသို့ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်နုယဉ်နှင့်အတူ တိုင်းဒေသကြီး တရားလွှတ်တော်ရုံးအဖွဲ့မှူး ဒေါ်ခင်စိမ်းဝင်း၊မင်းဘူးခရိုင် တရားသူကြီး ဒေါ်သီမာနွယ် ငဖဲမြို့နယ်တရားသူကြီး ဒေါ်လေးလေးနွယ်တို့ လိုက်ပါလျက် ငဖဲမြို့မရဲစခန်းအတွင်းရှိ အချုပ်ခန်းမှ အချုပ် တရားခံများ အချုပ်ခန်းတွင် ဥပဒေနှင့်အညီ ရသင့်ရထိုက်သောအခွင့်အရေးများ ခံစားရခြင်း ရှိ/မရှိ သင့်တင့်မျှတသော အစားအစာ အာဟာရ စားသုံးရခြင်း ရှိ/မရှိ ၊မကျန်းမာပါက ဆေးကုသရန် အခွင့်အရေး ရှိ/မရှိ များနှင့်  အချုပ်သားနှင့်ပတ်သက်၍ဆောင်ရွက်ထားရှိမှုအခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပခုက္ကူ   -   ဒီဇင်ဘာ   -   ၃၁
    မကွေးတိုင်းဒေသကြီး  ၊ငါးလုပ်ငန်းဦးစီးဌာန၏   စီမံချက်နှင့်  အညီ ငါးသယံဇာတထိန်းသိမ်းရေးနှင့်
ငါးမျိုးစိတ်များတိုးပွားရေး၊တရားမ၀င်ငါးဖမ်းဆီးမှု များပပျောက်ရေးတို့အတွက်အကောင်အထည်ဖော်ဆောင်
ရွက်လျှက်ရှိရာ ဒီင်္ဇင်ဘာ(၃၁)ရက်၊မွန်းလွဲ(၁)ခွဲအချိန် ပခုက္ကူမြို့နယ်၊ကွန်းရွာအင်းအတွင်း တရားမ၀င်ဘက်ထရီလျှော့တိုက်ငါးဖမ်းနေသူနှစ်ဦး နှင့်အတူ (၁၈)တောင်အင်ဂျင်ရှပ်တန်းပါစက်လှေတစ်စီး၊ (၁၂)ဗို့ဘက်ထရီအိုး
(၂)လုံး၊ ငါးဖမ်းကော်(၁)ခု၊ လျှော့တိုင်(၂)ချောင်း၊ ဟန်းဆက်တစ်လုံး၊ ဒါး ၊ လေးဂွ ၊ လောက်စာလုံး ၊ မူလီပြတ်၊နှင့်ငါးမျိုးစုံ(သုံး)ပိဿာကျော်ခန့်တို့ အားခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးကျော်စန်းဝင်း  နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ငါးသယံဇာတထိန်းသိမ်းရေး အဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိသဖြင့်ရေချိုငါးလုပ်ငန်း
ဥပဒေပုဒ်မ(၄၅)အရတရားစွဲဆိုဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။အောင်(မန်းတက္ကသိုလ်)
ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန(အထက်မြန်မာပြည်)
ပခုက္ကူတက္ကသိုလ်၏၂၀၁၄-၂၀၁၅ပညာသင်နှစ်၊သင်တန်းများစတင်ခြင်းအထိမ်းအမှတ် ၊ဒုတိယအကြိမ်ဘာသာရပ်ဌာနပေါင်းစုံမိသားစုဈေးပွဲတော်ကိုဒီဇင်ဘာ(၃၀)ရက်
နံနက်ကကျင်းပရာဘာသာရပ်အသီးသီး၏ဈေးရောင်းချနေမူအားပါမောက္ခချုပ်ဒေါက်တာ
ဦးချိုနှင့်ုဒတိယပါမောက္ခချုပ်ဒေါက်တာကိုကိုကြီးတို့ပါဝင်ဆင်နွဲအားနေစဉ်။

နတ်မောက်         ဒီဇင်ဘာ             ၃၁
    မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ၂၀၁၅ ခုနှစ် ၆၇ နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုဂုဏ်ပြုသောအားဖြင့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် ဟောပြောပွဲကို ဒီဇင်ဘာ ၃၀ ရက်ညနေ ၄ နာရီအချိန်တွင် မြို့နယ်ပြန်/ဆက်ရုံး၌ ကျင်းပခဲ့သည်။
    အဆိုပါ ၂၀၁၅ ခုနှစ်၆၇ နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုဂုဏ်ပြုပွဲ သို့ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ဥမ္မာခင်မှ လာေ၇ာက်ကြည့်ရှုသည့် ကျောင်းသားကျောင်းသူများအား လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းကို အကျယ်တဝန်းရှင်းလင်းပြောကြားပြီး ခင်းကျင်းပြသထားသည့် စာအုပ်များ၊ နံရံကပ်စာစောင်များနှင့် မြို့နယ်အတွင်းဖွင့်လှစ်သည့် စာကြည့်တိုက်များ၏ ဓါတ်ပုံများကို ကျောင်းသားကျေင်းသူ ၁၅၀ ဦးက ကြည့်ရှုခဲ့ကြပြီး စာကြည့်တိုက်အသင်းဝင် ကျောင်းသားကျောင်းသူများကလည်း စာအုပ်များကို ငှါးရမ်း၍ ဝန်ထမ်းများက စာရင်းများပြုစုပေးခဲ့ကြောင်းသိရသည်။
နတ်မောက်     ဒီဇင်ဘာ           ၃၁
    မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ၂၀၁၅ ခုနှစ်အဝေးသင်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်ချက်မြင့် မာရေးအတွက်  ပညာရေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ၂၀၁၅ ခု အဝေးသင်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မကွေးတက္ကသိုလ်ဓါတုဗေဒဌာနပါမောက္ခဒေါက်တာဒေါ်ချောခင် ဦးစီးပြီး ဆရာ ဆရာမ ၁၆ ဦးတို့က နတ်မောက်မြို့အထက(၁)တွင် န/သမှုန်းကုန်းနှင့်အ.ထ.က(ခွဲ)လဲဘူးမှ ကျောင်းသားကျောင်းသူများအား လည်းကောင်း၊ အ.ထ.က(ခွဲ)သမျှားနှင့် အ.ထ.က(ခွဲ)တက်ဝန်မှ ကျောင်းသားကျောင်းသူ များသည် အ.ထ.က(၂) တွင်လည်းကောင်း၊ အ.ထ.က ရွှေပန်းတောသို့ အ.ထ.က ရွာမွန်၊အ.ထ.က စိုင်ကောင်း၊အ.ထ.က(ခွဲ)အင်းကန်နှင့် အ.ထ.က(ခွဲ)ဖန်းခါးစမ်း မှကျောင်းသားကျောင်းသူများအသီးသီးတက်ရောက်ကြပြီး စုစုပေါင်းအင်အား ၂၉၉၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မကွေး     ဒီဇင်ဘာ     ၃၁
    မကွေးတိုင်းဒေသကြီး မကွေးသူနာပြုနှင့်သားဖွားသင်တန်းကျောင်း သားဖွားဒီပလိုမာသင်တန်း (ပထမအကြိမ်)သားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီကမကွေး မြို့တော်ခန်းမ၌ ကျင်းပသည်။
    ဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းက ပြည်သူလူထု၏ကျန်းမာရေးလိုအပ်ချက်ကို အဓိကဖြည့်ဆည်းပေးရမည့်သူများသည် သူနာပြု၊သားဖွားမျာဖြစ်ကြောင်း ပြည်သူများကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရာမှာ သားဖွားဆရာမများရဲ့ကဏ္ဍဟာ အရေးကြီးပါကြောင်း ကုသရေးကအရေး ကြီးသလို ပြုစုစောင့်ရှောက်ရေးကလည်း အေ၇းကြီးကြောင်း ကိုယ်ကျင့်တရားကောင်းမွန်သော သားဖွားများဖြစ်အောင် ကြိုးစားကြရန်လိုပါကြောင်း၊ ဒီပလိုမာအောင်လက်မှတ်ကို ASEAN Level အသိအမှတ် ပြုခံရအောင် ဆောင်ရွက်လျက်ရှိကြောင်း ရှေ့ဆက်ကြိုးစားလိုစိတ်ရှိသူတွေအတွက် သားဖွား သိပ္ပံဘွဲ့၊သားဖွားမဟာသိပ္ပံဘွဲ့တွေကို ပြည်တွင်းမှတင် တက်ရောက်နိုင်အောင် ဖွင့်လှစ်ပးပို့စီစဉ်နေပြီ ဖြစ်ကြောင်း အစကောင်းမှအနှောင်းသေချာ ဆိုတဲ့စကားအတိုင်းယခုမှစပြီး ထူချွန်ထက်မြက်တဲ့ သားဖွား ဆရာမလေးများဖြစ်စေဘို့ စဉ်ဆက်မပြတ်ကြိုးစားကြရန်  အမှာစကားပြောကြားခဲ့သည်။
    ထိုနောက် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းအုပ်ကြီး ဒေါ်နွယ်နွယ်ချိုကသားဖွားသင်တန်းသူ များအား ဒီပလိုမာလက်မှတ်များကို တစ်ဦးချင်းပေးအပ်ခဲ့သည်။မကွေးသူနာပြုနှင့်သားဖွားသင်တန်းကျောင်း ၏ (ပထမအကြိမ်)သားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲဖြစ်ပြီး သင်တန်းသူ(၅၃)ဦးအား သားဖွား အောင်လက်မှတ် အပ်နှင်းခဲ့ကြောင်း သိရသည်။
    အောင်လက်မှတ်ပေးအပ်ပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ဌာနဆိုင်ရာတာဝန်ရှိသူ များတိုင်းဒေသကြီးဆေးရုံအုပ်ကြီး၊       သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှကျောင်းအုပ်ဆရာမကြီးနှင့် နည်းပြ ဆရာမများ အောင်လက်မှတ်ရယူကြမည့် သင်တန်းသူများနှင့်မိဘများတက်ရောက်ခဲ့သည်။

ငဖဲ     ဒီဇင်ဘာ     ၃၀
    မကွေးတိုင်းဒေသကြီး ငဖဲမြို့မရဲစခန်းရှိ အချုပ်ခန်းများကို မကွေးတိုင်းဒေသကြီး တရားလွတ်တော် တရားသူကြီး ဒေါ်နုယဉ်က ယနေ့နံနက် ၁၀နာရီတွင် စစ်ဆေးမှုပြုလုပ်ဆောင်ရွက်ခဲ့သည်။
    စစ်ဆေးမှုပြုလုပ်ရာသို့ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်နုယဉ်နှင့်အတူ တိုင်းဒေသကြီး တရားလွှတ်တော်ရုံးအဖွဲ့မှူး ဒေါ်ခင်စိမ်းဝင်း၊မင်းဘူးခရိုင် တရားသူကြီး ဒေါ်သီမာနွယ် ငဖဲမြို့နယ်တရားသူကြီး ဒေါ်လေးလေးနွယ်တို့ လိုက်ပါလျက် ငဖဲမြို့မရဲစခန်းအတွင်းရှိ အချုပ်ခန်းမှ အချုပ် တရားခံများ အချုပ်ခန်းတွင် ဥပဒေနှင့်အညီ ရသင့်ရထိုက်သောအခွင့်အရေးများ ခံစားရခြင်း ရှိ/မရှိ သင့်တင့်မျှတသော အစားအစာ အာဟာရ စားသုံးရခြင်း ရှိ/မရှိ ၊မကျန်းမာပါက ဆေးကုသရန် အခွင့်အရေး ရှိ/မရှိ များနှင့်  အချုပ်သားနှင့်ပတ်သက်၍ဆောင်ရွက်ထားရှိမှုအခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျောက်ထု ဒီဇင်ဘာ ၃၀
    ဂန့်ဂေါခရိုင် ကျောက်ထုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် သက်ကြီးအငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား သတ္တမအကြိမ်မြောက် ပူဇော်ကန်တော့်ပွဲကို ဒီဇင်ဘာ ၂၉ ရက်က အဆိုပါကျောင်း မြတ်ရတနာခန်းမ၌ကျင်းပရာ သက်ကြီးဆရာကြီး၊ ဆရာမကြီးများ ၅၉ ဦးတို့ ပူဇော်ကန်တော့်ခံ ကြွရောက်ကြရောက်ခဲ့ကြပြီး အငြိမ်းစားဆရာကြီး ဦးတင်မြင့်က ဆုပေးသြဝါဒစကား ပြောကြားကြောင်း သိရသည်။
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ ည (၁၀း ၅၀) အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ ရေနံချောင်းမြို့နယ်၊ ရေနံချောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မိုင်တိုင်အမှတ် ၃၆၃ နှင့် ၃၆၃/၁ အကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်အား စစ်ဆေးရာ ရေနံချောင်းမြို့၊ ရုံးရပ်ရှိ ကျော်သီဟတည်းခိုခန်းအနီး ၊ ရန်ကုန်-မန္တလေး ကား လမ်းမကြီး မိုင်တိုင်အမှတ် ၃၆၃ နှင့် ၃၆၃/၁ အကြားတွင် ရေနံချောင်းမြို့တွင်းမှ မကွေးဘက် သို့ ရေနံချောင်းမြို့၊ အိုးဘိုရွာမရပ်နေ အောင်ကိုမင်း(၃၂)နှစ်သည် အရက်သောက်စားမူးယစ်ပြီး ၁၃ယ/xxxx ကန်ဘို ၁၂၅ နီနက်ကြားရောင်ဆိုင်ကယ်အား မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ခြမ်း ပလက်ဖောင်းဘေးတွင်ရပ်နေသော ရေနံချောင်းမြို့၊ အိုးဘို စည်ပင်သာယာ မြောက်ရပ်နေသူများဖြစ်သည့် ဒေါ်သက်သက်(၅၂)နှစ် ၊ (၆) တန်းကျောင်းသူ မရွှေဇင်ထွန်း (၁၁)နှစ် နှင့် (၈)တန်းကျောင်းသူ မပြည့်စုံမှူး၊ ၁၃နှစ် တို့(၃)ဦးအား ဝင်ရောက်တိုက်မိပြီး ဒဏ်ရာ များအသီးသီးရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဆိုင်ကယ်အားမဆင်မခြင်မောင်းနှင်သူ အောင်ကိုမင်း (၃၂)နှစ်အား ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၁၇/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။



၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် ညနေ (၅း ၂၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ မကွေးမြို့နယ်၊ မကွေးမြို့မရဲစခန်းမှ ဒေါင်းနေတံတားလုံခြုံရေးတာဝန်ကျ တပ်ဖွဲ့ဝင်များသည် အမှတ်(၂၅) လုံခြုံရေးတပ်ဖွဲ့ခွဲရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 
ဖြစ်စဉ်အား စစ်ဆေးရာ မကွေး-ရေနံချောင်း ကားလမ်းအတိုင်း မကွေးမြို့ဘက်မှ ရေနံချောင်းမြို့ ဘက်သို့ မကွေးမြို့နယ်၊ ဝါဂွမ်းရွာနေ ဦးအောင်ဆန်းဝင်း (၃၈) နှစ် မောင်းနှင်လာသည့် ၂ဟ/xxxx၊ အပြာရောင် သုံးဘီး ဆိုင်ကယ်ပေါ်တွင် ခရီးသည် ကျား(၂)ဦး၊ မ(၆)ဦး၊ ပေါင်း(၈)ဦးအား တင်ဆောင် မောင်းနှင်လာစဉ် အမှတ်(၂၅)လုံခြုံရေးတပ်ဖွဲ့ခွဲရှေ့အရောက်တွင် ၎င်းလမ်းအတိုင်း နောက်မှ ကျောက်ပန်းတောင်းမြို့နယ်၊ ရှာတောစုကျေးရွာနေ စိုးမြိုင်(၄၂) နှစ် မောင်းနှင်လာသည့် ၉ဌ/xxxx ဖောကားအပြာရောင်ယာဉ်မှ သုံးဘီးဆိုင်ကယ်အားကျော်တက်စဉ် သုံးဘီးဆိုင်ကယ်၏ ဝဲဘက်ခြမ်း အား ဖောကား၏ ယာနောက်မြီးဖြင့် တိုက်မိ၍ သုံးဘီးဆိုင်ကယ်မှာ လမ်းအရှေ့ဘက်သို့ထိုးကျကာ လမ်းဘေးရှိသစ်ပင်အား ဝင်ရောက် တိုက်မိပြီး သုံးဘီးဆိုင်ကယ်ပေါ်တွင်လိုက်ပါလာသည့် သုံးဘီး မောင်းသူ ဦးအောင်ဆန်းဝင်းနှင့် မကွေးမြို့နယ်၊ တဲကြီးကုန်းရွာနေသူများဖြစ်သော ဒေါ်ဝေဝေလွင် (၄၁)နှစ် ပါ ခရီးသည် ကျား(၂)ဦး၊ မ(၆)ဦး၊ ပေါင်း(၈)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရှိရသည်။
ဖောကားအား မဆင်မခြင်မောင်းနှင်သူ စိုးမြိုင် (၄၂)နှစ်အား မကွေးမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၃၇/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။











Tuesday, December 30, 2014

 
 
 
 
မကွေး၊ ၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ (၃၀) ရက်
ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၃၀.၁၂.၂၀၁၄) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၄)ဦးတက်ရောက်၍ (၉၄.၁၂) ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ ပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို လွှတ်တော်ကိုယ်စားလှယ်(၅)ဦးက မေးမြန်းပြီးမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီး(၃)ဦးမှ
 ပြန်လည်ဖြေကြားပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့်ဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း အတည်ပြု ပေးနိုင်ပါရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စည်ပင် သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီးက အဆိုတင်သွင်းပြီး ချင်းတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ် ဦးဆလိုင်းလှထွန်းက ထောက်ခံ၍ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး လွှတ်တော်၏ သဘောထားရယူကာ လွှတ်တော်ဥက္ကဋ္ဌမှ အတည်ပြု ကြောင်း ကြေညာပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးပုဂ္ဂလိကပိုင် ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ဥပဒေကြမ်း တစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း လွှတ်တော်မှ အတည်ပြု ပေးနိုင်ပါရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးက အဆိုတင်သွင်းပြီး ဂန့်ဂေါမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်မောင်က ထောက်ခံ၍ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး လွှတ်တော်၏ သဘောထားရယူကာ လွှတ်တော်ဥက္ကဋ္ဌမှ အတည်ပြုကြောင်း ကြေညာပါသည်။
ထို့နောက် ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေးကို (၁၀၅၀)အချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
မကွေး ဒီဇင်ဘာ ၂၉
        ဓါတ်မြေသြဇာနှင့်ပိုးသတ်ဆေးများအရည်အသွေးများမပြည့်မှီသဖြင့် ဒေသခံတောင်သူလယ်သမား များ၏ သီးနှံများပျက်စီးဆုံးရှုံးမှုများအတွက် အကာအကွယ်ပေးနိုင်ရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအတွင်း ဓါတ်မြေသြဇာရောင်းချသည့်ဆိုင်များနှင့် ဒေသခံတောင်သူများအား မြေသြဇာဥပဒေနှင့်ရှောင်ရန်၊ဆောင်ရန်အချက် များ၊ အရေးယူအပြစ်ပေးနိုင်သည့် ပြစ်မှုပြစ်ဒဏ်များကို သိရှိလိုက်နာနိုင်ရန် ပညာပေးဆွေးနွေးခြင်း ၊ဥပဒေနှင့်အညီ မြေသြဇာဖြန့်ဖြူး ရောင်းချခွင့်လိုင်စင်များထုတ်ပေးခြင်းနှင့်သက်တမ်းတိုးခြင်း ၊ မြို့နယ်အလိုက် ကွင်းဆင်းစစ်ဆေး ခြင်းများအား စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိအဖွဲ့များမှ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
        “ မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်၂၅မြို့နယ်မှာ မြေသြဇာဖြန့်ဖြူးရောင်းချခွင့်လိုင်စင်(၃၇၈)ဦး၊ တရားဝင်ပိုးသတ်ဆေးရောင်းချခွင့်လိုင်စင်(၅၂၉)ဆိုင်ခွင့်ပြုထားပြီး ပိုးသတ်ဆေးတင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများကို ပိုးသတ်ဆေးဥပဒေ၊နည်းဥပဒေများနဲ့အညီ စစ်ဆေးဆောင်ရွက်လျှက်ရှိပါတယ် ” ဟု စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။        အရည်အသွေးမမီ၊သတ်မှတ်စည်းကမ်းချက်များနှင့်မညီသော မြေသြဇာများထုတ်လုပ်ရောင်းချမှုအား
 မြေသြဇာဆိုင်ရာ ဥပဒေ၊နည်းဥပဒေများဖြင့် တောင်သူများဘက်မှ အကာအကွယ်ပေးထားပြီး ပိုးသတ်ဆေးဥပဒေ ပုဒ်မ(၁၆)အရ ရောင်းချခွင့်လိုင်စင်ထုတ်ပေးခြင်း၊ငြင်းပယ်ခြင်း ၊ ပိုးသတ်ဆေးနမူနာများကိုစစ်ဆေးခြင်း ၊ မမှန်မကန် ရောင်းချခြင်းကိုစစ်ဆေးတွေ့ရှိပါက ပုဒ်မ(၄၃)အရ ငွေဒဏ် ၅၀၀၀ကျပ်အထိဖြစ်စေ၊ထောင်ဒဏ်(၃)လအထိဖြစ်စေ ၊ ပြစ်ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ကျခံစေခြင်း ၊ ပြစ်မှုတွင်အကျုံးဝင်သော သက်သေခံပစ္စည်းများကို ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း စသည့်ဥပဒေများဖြင့် ကာကွယ်ဆောင်ရွက်လျှက်ရှိသည်။
        အဆိုပါဥပဒေများအရ အရေးယူဆောင်ရွက်ရခြင်းများ၊တောင်သူလယ်သမားများ ရွေးချယ်ပေါင်း သတ်ဆေး သုံးစွဲရာတွင် နောက်ရာသီသီးနှံ၌အပင်ပေါက်မှုထိခိုက်၍ သက်ဆိုင်ရာကုမ္ပဏီများမှ တန်ဖိုးပေးလျော် ရခြင်းများ ဖြစ်ပေါ်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူများအနေဖြင့်လည်း ဓါတ်မြေသြဇာနှင့်ပိုးသတ်ဆေး အရည် အသွေးမမီသဖြင့် သီးနှံပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် အကာအကွယ်ပေးမှုအစီအစဉ်များအတိုင်း စဉ်ဆက်မပြတ်စစ်ဆေးကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။                                               
                                                  ဇေယျတု(မကွေး)
 
မကွေး     ဒီဇင်ဘာ     ၃၀
    မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် စကု-အိုင်းမ ကျောက်ချောလမ်း(၁၄)မိုင် ခွင့်ပြုငွေ(၆၅၅.၉)သန်းဖြင့် နန်းမြင့်သူကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျှက်ရှိ  သည်။အဆိုပါ ကျောက်ချောလမ်းအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်၊မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး၊ မင်းဘူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အထောက်အကူပြုကော်မတီများ ကွင်းဆင်းစစ်ဆေးမှုကို မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ဘုန်းလင်း လက်ထောက် ညွှန်ကြားရေးမှူး (နည်းပညာ) မှ ကျောက်ချောလမ်းခင်းခြင်းနှင့်ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးပါက ကျေးရွာပေါင်း (၁၂)ရွာရှိ အိမ်ထောင်စု (၂၀၂၄)အိမ် လူဦးရေ (၈၄၄၁)ဦး၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ကုန်စည် စီးဆင်းမှုများ အဆင်ပြေချောမွေ့သွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး (ငဖဲ)
ပေါက်   -   ဒီဇင်ဘာ   -   ၃၀
    မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ပေါက်မြို့နယ်၊ပေါက်မြို့နှင့် ၁၃   မိုင်အကွာရှိသမားတော်ကျေးရွာ
အုပ်စု၊ရေပြာကျေးရွာတွင်မကွေးတိုင်းဒေသကြီးပေါက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ညို၊ သမားတော်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးနေ၀င်း၊ကျေးရွာအုပ်စုစာရေးဦးဇော်လတ် တို့၏တင်ပြတောင်းဆိုမှုကြောင့် ရေပြာကျေးရွာမြောက်ဘက် ပုသိမ်-မုံရွာကားလမ်းမကြီးဘေးတွင် ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံကိုနိုင်ငံတော်အစိုးရ၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ခွင့်ပြုချက်ရန်ပုံငွေကျပ် ၅၈၉.၃သန်းဖြင့် ရွှေသုန္ဒရီဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူဆောက်လုပ်နေပြီဖြစ်ပါသည်။
    ရေပြာကျေးရွာတွင်တည်ဆောက်မည့် (၁၆) ကုတင်ဆံ့ဆေးရုံ၌ လူနာဆောင် ၊ ခွဲစိတ်ဆောင်၊ ဓါတ်မှန်
ဆောင်၊အရေးပေါ်ခွဲစိတ်ခန်း၊ သားဖွားခန်း နှင့်တာဝန်ကျဆရာဝန်များနေထိုင်နိုင်ရန်အတွက်နှစ်ခန်းတွဲ
တိုက်တစ်လုံး၊သူနာပြုဝန်ထမ်းများနေထိုင်ရန်အတွက်လေးခန်းတွဲတိုက်တစ်လုံး၊ဆေးရုံလုပ်သားဝန်ထမ်းများ
နေထိုင်ရန်အတွက်ခြောက်ခန်းတွဲတိုက်တစ်လုံးတို့ပါဝင်ကာတိုက်နယ်ဆေးရုံ၏အကျယ်အ၀န်းမှာအလျှား
၁၂၆- ပေ၊ အနံ ၈၉-ပေ၊အမြင့်၁၄-ပေဖြစ်ပြီးဆေးရုံတည်ဆောက်ပြီးစီးမှုမှာ (၉၀)%ပြီးစီးနေကြောင်းဆောက်လုပ်ရေးတာဝန်ခံအင်ဂျင်နီယာ ဦးအောင်ကျော်သူကဆိုသည်။
    ကျနော်တို့သမားတော်ကျေးရွာအုပ်စုမှာကျေးရွာပေါင်း(၂၀)၊လူဦးရေ(၁၁၅၅၃)ဦးရှိပြီး၊မြို့ပြနှင့်
ကျေးလက်အလှမ်းဝေးနေသည့်ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊နှင့်အရေးပေါ်ကုသမှု
လုပ်ငန်းများကိုအချိန်ျနှင့်တပြေးညီအပြည့်အ၀ဆောင်ရွက်ပေးနိုင်တော့မှာဖြစ်လို့ယခုကဲ့သို့နိုင်ငံတော်အစိုးရ
မှဆောင်ရွက်ပေးနေခြင်းအတွက်ကျေးရွာဒေသခံပြည်သူများအဖို့အတိုင်းမသိဝမ်းသာကြည်နူး
နေကြပါတယ်ဟုကျေးရွာသားဦးမြင့်ထွန်းဦးကပြောပါသည်။ အောင်(မန်းတက္ကသိုလ်)
စေတုတ္တရာ ဒီဇင်ဘာ ၃၀
        ၂၀၁၂ခုနှစ်မကွေးတိုင်းဒေသကြီးလွှတ်တော်ဥပဒေအမှတ်(၅)ဖြင့်  မကွေးတိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့များဥပဒေအရ မြို့နယ်စည်ပင်သာယာရေးနယ်နမိတ်အတွင်း ပုဂ္ဂလိကပိုင်၊အဖွဲ့အစည်းပိုင် အဆောက် အအုံများ ဆောက်လုပ်ခွင့်ပြုခြင်း၊ကြီးကြပ်ခြင်း ပြုလုပ်ရန်ပြဌာန်းထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အတည်ပြုချက် ရယူထားသော (Bye-Laws)များအရ အဆောက်အဦးသစ်ဆောက်လုပ်ခြင်း ၊ ပြင်ဆင်၊တိုးချဲ့၊ပြောင်းလဲဆောက်လုပ် ခြင်းလုပ်ငန်းများ ဆောင်ရွက်လိုပါက သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ အဆောက်အဦးကြီးကြပ် စစ် ဆေးခ တစ်ရာခိုင်နှုန်းပေးသွင်းရန်လိုအပ်ကြောင်း စေတုတ္တရာမြို့နယ်အမှုဆောင်အရာရှိဦးသိန်းဝင်းထံမှသိရသည်။
        “ အဆောက်အဦးစစ်ဆေးကြီးကြပ်ခ အဆောက်အဦးတန်ဖိုး၏တစ်ရာခိုင်နှုန်း ပေးသွင်းရေးနဲ့ ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးဌာနဆိုင်ရာအစည်းအဝေးမှာ မြို့နယ်အတွင်းဌာန(၂၆)ခုကို ချပြရှင်းလင်းပြီး ဖြန့်ဝေ စာများ ပေးပို့ထားပြီးဖြစ်ပါတယ် ၊ ဒီလိုဆောင်ရွက်ရတာက ပုဂ္ဂလိကပိုင်အဆောက်အဦးတွေကို ဥပဒေနဲ့အညီ အခွန်စည်းကြပ်ရာမှာ အခက်အခဲမရှိပေမယ့် ဌာနဆိုင်ရာတွေအနေနဲ့ ဘဏ္ဍာရေးနှစ်ရန်ပုံငွေချထားမှုအပေါ် တင်ဒါ စနစ်နဲ့ ကုမ္ပဏီတွေကိုအဆောက်အဦးကိစ္စ စာချုပ်ချုပ်တဲ့အခါ အဆောက်အဦးစစ်ဆေးကြီးကြပ်ခပေးသွင်းရေး သဘောတူညီချက်တွေ ထည့်သွင်းချုပ်ဆိုခြင်းမရှိခဲ့ရင် အခက်အခဲတွေဖြစ်ပေါ်နိုင်တာကြောင့်ပါ ”ဟု အမှုဆောင် အရာရှိမှ မြို့နယ်အတွင်းကြုံတွေ့ နိုင်သော အခြေအနေအား ရှင်းပြသည်။
        ယခင်က ၀န်ကြီးဌာနအချို့လက်အောက်ရှိ ဌာနဆိုင်ရာရုံးများအား ဌားရမ်းဖွင့်လှစ်ခဲ့ရပြီး ယခုအခါ ဌာနပိုင်ရုံးအဆောက်အဦးဆောက်လုပ်ခွင့်များ ချထားပေးလျှက်ရှိရာ စေတုတ္တရာမြို့နယ်အတွင်း မီးသတ်ဦးစီးဌာန ၊ စိုက်ပျိုးရေးဘဏ် ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများ ဆောက်လုပ်ခွင့်ရရှိလျှက်ရှိကြောင်း ၊ မကွေးတိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့အနေဖြင့်လည်း ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်မှစ၍ ခွင့်ပြုရန်ပုံငွေများတင်ပြ တောင်းခံသည့်အခါ အဆောက်အဦးကြီးကြပ်ခ အဆောက်အဦးတန်ဖိုး၏တစ်ရာခိုင်နှုန်းအား ထည့်သွင်းလျာထား တောင်းခံ၍ အဆိုပါကြီးကြပ်ခငွေများကို သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့များသို့ ပေးသွင်းနိုင်ရေး စီမံ ဆောင်ရွက်ပေးနိုင်ပါရန် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအမှူးများထံ မေတ္တာရပ်ခံညှိနှိုင်းထားပြီးဖြစ်ကြောင်း ၊ စေတုတ္တရာမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးအောင်ရွှေ နှင့် ဌာနဆိုင်ရာအကြီးအကဲများမှ သတ်မှတ်အခွန်အခများရရှိရေး ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
                                                  ဇေယျတု(မကွေး)
မကွေး ဒီဇင်ဘာ ၃၀
        ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း ၇၀ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများ၏ အခြေခံလူမှု ဘ၀များ မြင့်မားလာရေးအတွက် ထောက်ပံ့မှုများ၊စီမံကိန်းရေးဆွဲအကောင်အထည်ဖေါ်မှုများ ဆောင်ရွက်နေသကဲ့သို့ မကွေးတိုင်းဒေသကြီး၌တောင်သူလယ်သမားများအား လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးလာရေးအတွက် အသက် မွေးဝမ်းကြောင်းပညာသင်တန်းများ စဉ်ဆက်မပြတ်ပို့ချဆောင်ရွက်လျှက်ရှိကြောင်း  သိရသည်။
        ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဦးစီးဌာနမှဖွင့်လှစ်သော လက်သမားသင်တန်း၌ သင်တန်းသား(၆၀)ဦး ၊ ပန်းရံ သံချည်သံကွေးသင်တန်း၌ သင်တန်းသား(၆၀)ဦး၊စုစုပေါင်းသင်တန်းသား(၁၂၀)ဦးကို မကွေးမြို့နယ် အောင်မြေကုန်းကျေးရွာနှင့်ယာကွက်စမ်းကျေးရွာတို့တွင် ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပြီး လက်သမားသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။တိုင်းဒေသကြီးအတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း(၈၃)ရွာတွင် အိမ်တွင်းမှု လုပ်ငန်းအတွက် ချေးငွေရယူဆောင်ရွက်လျှက်ရှိသည့် ကျေးရွာသူများအနက်မှ အပ်ချုပ်သင်တန်းတက်ရောက်လို သည့် ကျေးရွာသူ(၁၉)ဦးအား ဆိပ်ဖြူမြို့ရှိ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး အိမ်တွင်းမှု သင်တန်းကျောင်းတွင် ၁၃ပတ်ကြာ သင်တန်းပို့ချလျှက်ရှိသည်။
        စက်မောင်း၊ စက်ပြင်၊ သံချည်သံကွေး၊ သံဂဟေဆော်နည်းသင်တန်းများအား သင်ကြားပေးသည့် အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)မှ တစ်နှစ်သင်တန်းတွင် တစ်ကြိမ်၌သင်တန်းသား(၁၅၀)ဦးဖြင့် ဖွင့်လှစ်ဆဲ သင်တန်း ၄ကြိမ်အတွက် သင်တန်းသား(၆၀၀)ဦး၊ အမှတ်(၄)စက်မှုသင်တန်းကျောင်း(ပခုက္ကူ)မှ တစ်နှစ်သင်တန်း တစ်ကြိမ်၌ သင်တန်းသား(၂၂၀)ဦးဖြင့် ဖွင့်လှစ်ဆဲသင်တန်း(၅)ကြိမ်အတွက် သင်တန်းသား(၁၁၀၀)ဦးနှင့် ရွေ့လျား သင်တန်းတစ်ကြိမ်လျှင် သင်တန်းသား(၅၅)ဦးဖြင့် သင်တန်း(၃)ကြိမ်အတွက် ၁၆၅ဦး ၊ စုစုပေါင်း(၁၈၆၅)ဦးအား သက်မွေးဝမ်းကြောင်းပညာများ သင်ကြားပို့ချနိုင်ခဲ့သည်။လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှု လယ်ယာဦးစီးဌာနအနေဖြင့်လည်း တောင်သူအကျိုးပြုအထောက်အကူဖြစ်စေရန် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုသင်တန်းများမှ သင်တန်းသား၂၉၉ဦးအား သင်ကြားပို့ချပေးနိုင်ခဲ့သည်။
        မကွေးတိုင်းဒေသကြီးအတွင်း မွေးမြူရေးလုပ်ငန်းများတွင် နွား မျိုးကောင်းမျိုးသန့်များ ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် အရပ်သားမေထုန်မဲ့သားစပ်သင်တန်းများကို မြို့နယ် ၂၂မြို့နယ်တွင် သင်တန်းသား ၄၆၀ဦးဖြင့် ဖွင့်လှစ်ပို့ချခဲ့ပြီး ၂၀၁၅မတ်လတွင် မြို့နယ်(၂၅)မြို့နယ်၌ အခြေခံမွေးမြူရေးနှင့်ကုသရေးသင်တန်း ကို စာတွေ့ လက်တွေ့ ဖွင့်လှစ်ပို့ချသွားရန်စီစဉ်ဆောင်ရွက်လျှက်ရှိသည်။ကျေးလက်စိုက်ပျိုးရေးအထောက်အကူပြု သဘာဝ မြေသြဇာထုတ်လုပ်မှုသင်တန်းများကို ခရိုင်တစ်ခုလျှင်သင်တန်းသား(၃၀)ဦးဖြင့် တိုင်းဒေသကြီးအတွင်းခရိုင်(၅)ခု၌ ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်အတွင်း ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ရာ သက်ဆိုင်ရာဦးစီးဌာနများသို့ ဆက်သွယ်စာရင်းပေး နိုင်ကြောင်း သတင်းရရှိသည်။
အောင်လံ ဒီဇင်ဘာ  ၂၉
    ကြက်ခြေနီအသင်း/သူနာပြုတပ်ရင်းနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ကျောင်းကြက်ခြေနီ အခြေခံအဆင့် ရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို အောင်လံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း  အောင်ဆန်း
ခန်းမ၌ ဒီဇင်ဘာ(၂၉)ရက် နေ့လည် (၁း၀၀)နာရီက ကျင်းပခဲ့သည်။
    အခမ်းအနားသို့ အောင်လံမြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်း၊ဒု-ရဲမှူး ဦးဌေးမောင်၊ဒုမြို့နယ် ပညာရေးမှူး ဦးစိုးနိုင်နှင့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ ဌာနဆိုင်ရာအကြီးအကဲများ ကြက်ခြေနီအသင်းသူနာပြု တပ်ရင်းတပ်ဖွဲ့ဝင်များ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ ကျောင်းသား/ ကျောင်းသူများတက်ရောက်ကြသည်။
    ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ မြို့နယ်ဆရာဝန် ကြီး ဒေါက်တာဦးကိုကိုလေးက  ကြက်ခြေနီအခြေခံ အဆင့် ရှေးဦးပြုစုခြင်း ဆောင်ရွက်မှု၏ အကျိုးသက်ရောက်မှုများ(K A P ) ၏အနက်အဓိမ္ပာယ်အားရှင်းလင်းပြီး ဒုရဲမှူး ဦးဌေးမောင်က ကြက်ခြေနီအသင်း၏အရေး
ပေါ်လိုအပ်ချိန်တွင်အသုံးဝင်ပုံများ၊လက်ထောက်ပညာရေးမှူး ဦးစိုးနိုင်က ကြက်ခြေနီအသင်း၏ အဓိဌာန်(၃)ချက် ကြက်ခြေနီအသင်း၏ (Logo)  သင်္ကေတဖြစ်ပေါ်လာပုံနှင့် အစိုးရအသိအမှတ်ပြုသည့် အသင်းအဖြစ် ရပ်တည်လျှက်ရှိကြောင်းပြောကြား၍ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့တပ်ခွဲမှူး ဦးဇော်မင်းက သင်တန်းအတွေ့ အကြုံများအား ရှင်းလင်းတင်ပြခဲ့သည်။            ထို့နောက်အောင်လံမြို့အမှတ်(၁)(၂)(၃)အခြေခံပညာအထက်တန်းကျောင်းများမှကျောင်းကြက်ခြေနီ
အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် (၁-၂- ၃ /၂၀၁၄)တက်ရောက်ခဲ့ကြသည့် သင်တန်းသား/သူများထဲမှ ပထမ   ဒုတိယ   တတိယဆုရ  သူတို့အားဆုများ အသီးသီးချီးမြှင့် ခဲ့ကြောင်းသတင်းရရှိသည်။
မကွေး ဒီဇင်ဘာ ၂၉
        ဓါတ်မြေသြဇာနှင့်ပိုးသတ်ဆေးများအရည်အသွေးများမပြည့်မှီသဖြင့် ဒေသခံတောင်သူလယ်သမား များ၏ သီးနှံများပျက်စီးဆုံးရှုံးမှုများအတွက် အကာအကွယ်ပေးနိုင်ရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအတွင်း ဓါတ်မြေသြဇာရောင်းချသည့်ဆိုင်များနှင့် ဒေသခံတောင်သူများအား မြေသြဇာဥပဒေနှင့်ရှောင်ရန်၊ဆောင်ရန်အချက် များ၊ အရေးယူအပြစ်ပေးနိုင်သည့် ပြစ်မှုပြစ်ဒဏ်များကို သိရှိလိုက်နာနိုင်ရန် ပညာပေးဆွေးနွေးခြင်း ၊ဥပဒေနှင့်အညီ မြေသြဇာဖြန့်ဖြူး ရောင်းချခွင့်လိုင်စင်များထုတ်ပေးခြင်းနှင့်သက်တမ်းတိုးခြင်း ၊ မြို့နယ်အလိုက် ကွင်းဆင်းစစ်ဆေး ခြင်းများအား စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိအဖွဲ့များမှ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
        “ မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်၂၅မြို့နယ်မှာ မြေသြဇာဖြန့်ဖြူးရောင်းချခွင့်လိုင်စင်(၃၇၈)ဦး၊ တရားဝင်ပိုးသတ်ဆေးရောင်းချခွင့်လိုင်စင်(၅၂၉)ဆိုင်ခွင့်ပြုထားပြီး ပိုးသတ်ဆေးတင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများကို ပိုးသတ်ဆေးဥပဒေ၊နည်းဥပဒေများနဲ့အညီ စစ်ဆေးဆောင်ရွက်လျှက်ရှိပါတယ် ” ဟု စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။        အရည်အသွေးမမီ၊သတ်မှတ်စည်းကမ်းချက်များနှင့်မညီသော မြေသြဇာများထုတ်လုပ်ရောင်းချမှုအား မြေသြဇာဆိုင်ရာ ဥပဒေ၊နည်းဥပဒေများဖြင့် တောင်သူများဘက်မှ အကာအကွယ်ပေးထားပြီး ပိုးသတ်ဆေးဥပဒေ ပုဒ်မ(၁၆)အရ ရောင်းချခွင့်လိုင်စင်ထုတ်ပေးခြင်း၊ငြင်းပယ်ခြင်း ၊ ပိုးသတ်ဆေးနမူနာများကိုစစ်ဆေးခြင်း ၊ မမှန်မကန် ရောင်းချခြင်းကိုစစ်ဆေးတွေ့ရှိပါက ပုဒ်မ(၄၃)အရ ငွေဒဏ် ၅၀၀၀ကျပ်အထိဖြစ်စေ၊ထောင်ဒဏ်(၃)လအထိဖြစ်စေ ၊ ပြစ်ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ကျခံစေခြင်း ၊ ပြစ်မှုတွင်အကျုံးဝင်သော သက်သေခံပစ္စည်းများကို ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း စသည့်ဥပဒေများဖြင့် ကာကွယ်ဆောင်ရွက်လျှက်ရှိသည်။
        အဆိုပါဥပဒေများအရ အရေးယူဆောင်ရွက်ရခြင်းများ၊တောင်သူလယ်သမားများ ရွေးချယ်ပေါင်း သတ်ဆေး သုံးစွဲရာတွင် နောက်ရာသီသီးနှံ၌အပင်ပေါက်မှုထိခိုက်၍ သက်ဆိုင်ရာကုမ္ပဏီများမှ တန်ဖိုးပေးလျော် ရခြင်းများ ဖြစ်ပေါ်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူများအနေဖြင့်လည်း ဓါတ်မြေသြဇာနှင့်ပိုးသတ်ဆေး အရည် အသွေးမမီသဖြင့် သီးနှံပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် အကာအကွယ်ပေးမှုအစီအစဉ်များအတိုင်း စဉ်ဆက်မပြတ်စစ်ဆေးကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။                                               
                                                  ဇေယျတု(မကွေး)
မကွေး ဒီဇင်ဘာ ၂၉
        ဒေသတွင်းအကျိုးစီးပွားမြှင့်တင်နိုင်ရန် နှင့် ပြည်သူများ၏လူမှုစီးပွားဘ၀များ အာမခံချက်ခိုင်မာ စေရန်အတွက် မကွေးတိုင်းဒေသကြီးအတွင်း မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကဏ္ဍပေါင်းစုံ မှ အရှိန်အဟုန်မြှင့်ဖြည့်ဆည်းကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။
        ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်အတွင်း မကွေးတိုင်းဒေသကြီး၌ ပြည်ထောင်စုအရင်းမပျောက် မတည် ရန်ပုံငွေ ကျပ်သိန်း(၉၅၀)ဖြင့် နွား(၁၇၇)ကောင်၊ဆိတ်(၅၀၀)ကောင် ၊ ကျေးလက်ဖွံ့ဖြိုးရေးဘဏ် မွေးမြူရေးချေးငွေ ကျပ်သိန်း(၅၅၉၂ ဒဿမ၄)ဖြင့် နွား(၁၉၆)ကောင်၊ဆိတ်(၉၆၁၉)ကောင်၊၀က်(၃၀၁)ကောင်တို့အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နှင့် CPကုမ္ပဏီလီမိတက်တို့ပူးပေါင်း၍ CPကျေးရွာရန်ပုံငွေတည်ထောင်ရေးစီမံကိန်း အား အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည်ဖြစ်သည်။ မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ကျေးလက် ဒေသများတွင် တစ်နိုင်တစ်ပိုင်ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်လိုသူများအတွက် ငါးသားပေါက်များအလွယ်တကူ ရရှိစေရန် အသေးစားငါးဖောက်ကန်(၇)ခုကို စေတုတ္တရာ၊ပွင့်ဖြူ၊ချောက်၊အောင်လံ၊မြိုင်နှင့်ရေစကြိုမြို့နယ်များတွင် ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ပေးလျှက်ရှိပြီး နည်းပညာနှင့်ငါးသားပေါက်များ ပံ့ပိုးကူညီသွားမည် ဖြစ်သည်။
        “မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနေနဲ့ လုပ်ငန်းတူသူချင်းစုစည်းပြီး ပထမအဆင့်အနေဖြင့် အစုအဖွဲ့များဖွဲ့စည်းခြင်း ၊ ဒုတိယအဆင့်အနေဖြင့် အစုအဖွဲ့အချင်းချင်း စုပေါင်းအသင်းအဖွဲ့များဖွဲ့စည်းခြင်းတို့ ဆောင် ရွက်သွားရန်လိုအပ်ပြီး အသင်းအဖွဲ့များဖွဲ့စည်းပြီးပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နှင့်ဆက်သွယ်ပြီး ကျေးလက် ဖွံ့ဖြိုးရေးဘဏ်မှ မွေးမြူရေးချေးငွေများကို ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ မွေးမြူရေး ချေးငွေများထုတ်ယူရရှိပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဦးဆောင်၍ မွေးမြူရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် များပါဝင်သော တိရိစ္ဆာန်ဝယ်ယူဖြန့်ဖြူးရေးအဖွဲ့ ဖွဲ့စည်းကာ ၀ယ်ယူဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ် ” ဟု မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဌာန ၀န်ကြီး ဦးအောင်နိုင်မှ ပြောကြားသည်။
        မွေးမြူရေးလုပ်ငန်းအခြေအနေတွင် တစ်နိုင်တစ်ပိုင်မွေးမြူသူနှင့်စီးပွားဖြစ်တစ်အုပ်တစ်မမွေးမြူသူ ဟူ၍ရှိကာ မကွေးတိုင်းဒေသကြီးအတွင်းမွေးမြူထားသော နွား(၂၈၁၃၄၃၂)ကောင်၊ ဆိတ်(၇၄၄၈၈၆)ကောင် ၊ ၀က် (၃၁၅၇၄၅၉)ကောင် ၊ကြက်(၄၀၅၉၈၂၄၇)ကောင် နှင့် ဧက ၈၁၄ ဒဿမ ၇၁၅ ၌ မှတ်ပုံတင်ပြီးငါးကန် ၄၈၁ကန်တွင် ငါးအကောင်ရေ(၁၃၃၂၈၅၀)ခန့်ရှိကြောင်း ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၉၉၆၁၈၈)ဦးခန့်ရှိကြောင်း မွေးမြူရေး မှတ်တမ်းများအရသိရပြီး မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ် (၂၅)မြို့ နယ်၌ ၂၀၁၅မတ်လတွင် အခြေခံမွေးမြူရေးနှင့်ကုသရေးသင်တန်းများအား စာတွေ့၊လက်တွေ့ပို့ချသွားရန် စီစဉ် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
                                                  ဇေယျတု(မကွေး)
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် (၁၀း၅၀) နာရီအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မင်းတုန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မင်းတုန်းမြို့နယ် မင်းရွာကိုင်းကျေးရွာအနီး မင်းတုန်းမြို့နှင့် ပုသိမ်-မုံရွာသွား ကားလမ်းတို့အား ဆက်သွယ် ထားသော ဆက်သွယ်ရေးလမ်း မိုင်တိုင်အမှတ် ၁/၅ နှင့် ၁/၆ ကြားတွင် ဆိုင်ကယ် တိမ်းမှောက်၍ လူတစ်ဦးသေဆုံးကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။

ဖြစ်စဉ်မှာ ပုသိမ်-မုံရွာ ကားလမ်းဘက်မှ မင်းတုန်းမြို့ဘက်သို့ ကံမနိုင်ကျေးရွာနေ ခင်မောင်ဝင်း၊ ၄၇ နှစ်၊ (ဖ)ဦးအုန်းမောင် မောင်းနှင်ပြီး နောက်မှ အလယ်ချောင်း ကျေးရွာနေသူ မလှဌေး၊ ၄၀ နှစ်၊ (ဖ)ဦးထွန်းရွှေ အကြုံစီးနင်းလိုက်ပါ လာသော ၂၇ယ/xxxx KOBEBO 110 အနက်ရောင် ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင် ဘဲ လမ်းဝဲဘက်သို့ တိမ်းမှောက်သွားခဲ့သဖြင့် မလှဌေးတွင် ရင်ညွှန့်ညိုမဲဒဏ်ရာ၊ နောက်ကျော ပွန်းပဲ့ ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ ခင်မောင်ဝင်းအား မင်းတုန်းမြို့နယ်၊ မြို့မ ရဲစခန်း ယာဉ်(ပ) ၁၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။


၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ အောင်လံမြို့နယ်၊ ကန်သာကျေးရွာနေ ဦးယုဝေ၏ နေအိမ်ရှေ့ တောင်သာရွာနှင့် ကန်သာရွာသွား ရွာချင်းဆက်လမ်းဘေး၌ အမျိုးသားတစ်ဦး ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးနေ ကြောင်း ကျောက်အိုးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်မှ ဖုန်းဖြင့် အကြောင်းကြားချက်အရ ရွှေပန်းတောနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲက၀င်များသည် သက်သေများနှင့်အတူ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အောင်လံ မြို့နယ်၊ အင်းလယ်ကျေးရွာနေသူ ၀င်းမြင့်၊ ၄၄ နှစ်၊ (ဖ)ဦးကျင်မောင် ဖြစ်ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ ၂၈.၁၂.၂၀၁၄ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်တွင် တောင်သာရွာမှ ရွှေပန်းတောရွာသို့ ရွာချင်းဆက်လမ်းအတိုင်း အရှေ့မှအနောက်သို့ ရွှေပန်းတောကျေးရွာနေ ယာဉ်မောင်း တင်ဝင်း၊ ၄၄ နှစ်၊ (ဖ)ဦးမောင်ကို မောင်းနှင်လာသော ဟီးနိုး(၆)ဘီးယာဉ်ပေါ်၌ ၀ါးအလုံး(၂၀၀)နှင့်အတူ ကိုဇော်မင်း၊ ကိုကျော်ဌေး၊ ကိုဝင်းမြင့်၊ ကိုတင်ထွေးတို့ လမ်းကြုံစီးနင်းလိုက်ပါလာခဲ့ရာ ဦးယုဝေ အိမ်ရှေ့အရောက် (၁၀)မိနစ်ခန့် ရပ်၍ ရေဖြည့်ရန်ရပ်နားခဲ့ကြောင်း၊ ရေဖြည့်ပြီး ပြန်အထွက်တွင် ၀င်းမြင့် မှာ ယာဉ်ပေါ် မှ ပြုတ်ကျကာ ယာဉ်၏နောက်ယာဘက်ဘီးဖြင့် ဦးခေါင်းအားနင်းမိ၍ အခင်းဖြစ် နေရာတွင် သေဆုံး သွားခဲ့ကြောင်းသိရှိရပါသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ တင်ဝင်း အား အောင် လံမြို့နယ်၊ ရွှေပန်းတော နယ်မြေ ရဲစခန်း ယာဉ်(ပ)၅/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။


Monday, December 29, 2014



မကွေး     ဒီဇင်ဘာ     ၂၉
    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအတွက် CNJ မီးသတ်ရေ သယ်ယာဉ်(၃၁)စီးနှင့်ပစ္စည်းကိရိယာများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီးအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
    အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀င် လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်၊တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊မိခင်ကလေး၊အမျိုးသမီးရေးရာ၊ကြက်ခြေနီနှင့်စက်မှုလုပ်ငန်းရှင်များ၊ကုန်သည် ကြီးများအသင်းအဖွဲ့များ၊မြို့မိမြို့ဖများ၊သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ အင်အား ၅၀၀ ကျော်တက် ရောက်ခဲ့ကြသည်။
    ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှာစကားပြောကြားပြီး မကွေးခရိုင်၊ပခုက္ကူခရိုင်၊ဂန့်ဂေါ ခရိုင်များသို့လည်းကောင်း၊တိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ သရက်ခရိုင်၊ မင်းဘူးခရိုင်များသို့လည်းကောင်း မီးသတ်ရေသယ်ယာဉ်နှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
    CNJ မီးသတ်ရေသယ်ယာဉ်(၃၁)စီး လွှဲပြောင်းပေးအပ်ရာတွင်  အဆိုပါမီးသတ်ရေယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ၊မီးငြိမ်းသတ်ရေးကိရိယာများ၊ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာများ အသုံးပြု၍  သရုပ်ပြသခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။



မကွေး၊ ၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ (၂၉) ရက်
ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို (၂၉.၁၂.၂၀၁၄) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၆)ဦးတက်ရောက်၍ (၉၇.၀၆) ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ ပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက မေးမြန်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီး(၂)ဦးမှ ပြန်လည်ဖြေကြားပါသည်။
ဆက်လက်ပြီး ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း အတည်ပြု ပေးရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးက အဆိုတင်သွင်း ပြီး ပခုက္ကူမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ထောက်ခံ၍ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး လွှတ်တော်၏ သဘောထားရယူကာ လွှတ်တော်ဥက္ကဋ္ဌမှ အတည်ပြု ကြောင်း ကြေညာပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး မီးဘေးနှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင် ကာကွယ်ရေး ဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း အတည်ပြု ပေးနိုင်ပါရန် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်မောင်ကျော်မှ အဆိုတင်သွင်းပြီး ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်ဦးက ထောက်ခံ၍ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး လွှတ်တော်၏ သဘောထားရယူကာ လွှတ်တော်ဥက္ကဋ္ဌမှ အတည်ပြု ကြောင်း ကြေညာပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်းနှင့် မကွေးတိုင်း ဒေသကြီး ပုဂ္ဂလိကပိုင်ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ဥပဒေကြမ်း၏ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူပါသည်။
ထို့နောက် ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကို (၁၁၅၀)အချိန်တွင် ရပ်နားကြောင်းနှင့် ပဉ္စမနေ့အစည်းအဝေးကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် (အင်္ဂါနေ့) (၁၀၀၀) နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ရေစကြို   -   ဒီဇင်ဘာ   -   ၂၉
    မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင်၊ရေစကြိုမြို့၊ရပ်ကွက်ပေါင်းစုံဘောလုံးဗိုလ်လုပွဲကိုဒီဇင်ဘာ
(၂၇)ရက်၊ညနေပိုင်းတွင်မြို့နယ်ပြည်သူ့အားကစားကွင်း၌ယှဉ်ပြိုင်ကြရာအမှတ်(၁)ရပ်ကွက်အသင်းနှင့်
အမှတ်(၈)ရပ်ကွက်အသင်းတို့ဗိုလ်လုယှဉ်ပြိုင်ကြသည်။
    ဗိုလ်လုပွဲတွင်အမှတ်(၁)ရပ်ကွက်အသင်းကအမှတ်(၈)ရပ်ကွက်အသင်းအား(၅-ဂိုး၊၄-ဂိုးဖြင့်)
အနိုင်ရဗိုလ်စွဲသွားခဲ့သည်။
    ဆုများပေးအပ်ချီးမြှင့်ရာပထမဆွတ်ခူးရရှိသောအမှတ်(၁)ရပ်ကွက်ဘောလုံးအသင်းအားအမျိုးသား
လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သန်းကလည်းကောင်း၊ဒုတိယဆုရရှိသောအမှတ်(၈)ရပ်ကွက်ဘောလုံး
အသင်းအားမြို့မိမြို့ဖအောင်သိဒ္ဓိ ဦးအောင်ဆန်းကလည်းကောင်း၊တတိယဆုရရှိသည့်အမှတ်(၂)ရပ်ကွက်
အသင်းအားဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဌေးဝင်းနှင့်ဘောလုံးဆပ်ကော်မတီဝင်များကပေးအပ်အပ်ချီးမြှင့်
ကြောင်းသိရသည်။ ဇော်ဝင်းမောင်(ရေစကြို)
ရေစကြို   -   ဒီဇင်ဘာ   -   ၂၉
    မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်လူဝင်မူကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး
ဦးစီးဌာနမှဦးစီးမှူးဦးလှမိုးနှင့်ဝန်ထမ်းများသည်သာစည်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာသို့ သွားရောက်၍
နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဒီဇင်ဘာ(၂၇)ရက်နံနက်ပိုင်း ကပြုလုပ်ပေးခဲ့ရာနေ့ချင်းပြီးဆောင်ရွက်
နိုင်ခဲ့ပြီး  ကတ်ပြားပေးအပ်ပွဲကျင်းပခဲ့သည်။
    နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲတွင်မကွေးတိုင်းဒေသကြီးလူဝင်မူကြီးကြပ်ရေးနှင့်အမျိုးသား
မှတ်ပုံတင်ရေးဦးစီးဌာန၊တိုင်းဦးစီးမှူး၊ညွှန်ကြားရေးမှူးဦးထွန်းဝေမှအသက်(၁၀)နှစ်ပြည့်သူ(၆၆)ဦး၊
အသက်(၁၈)နှစ်ပြည့်သူ(၂၈၆)ဦးစုစုပေါင်း(၃၅၂)ဦးတို့အားလွှဲပြောင်းပေးအပ်ခဲ့သည်။
    နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲသို့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးအောင်သန်း၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်ဌေးအောင်နှင့်လူမူရေးအသင်းအဖွဲ့များ၊ကျေးရွာသူ၊ကျေးရွာ
သားများ၊ကျောင်းသား/သူများတက်ရောက်ခဲ့ကြောင်းသိရသည်။အောင်(မန်းတက္ကသိုလ်)
ဂန့်ဂေါ ဒီဇင်ဘာ ၂၈
    နိုင်ငံတော်မတည်ငွေ ကျပ် ၁၀ သိန်းဖြင့်  ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် ပျားကျေးရွာတွင် ကျေးရွာ စာကြည့်တိုက်အဆောက်အအုံ ဆောက်လုပ်နေမှုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့် ၊ ဒုတိယဦးစီးမှူး ဒေါ်အေးအေး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အင်ဂျင်နီယာ ဦးဖြိုးမင်းဝင်းတို့သည် ဒီဇင်ဘာ ၂၈ ရက်က သွားရောက်ကွင်းဆင်း ကြည့်ရှု ကြကာ လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးကြသည်။
    အဆိုပါစာကြည့်တိုက် အဆောက်အအုံကို နိုင်ငံတော်ခွင့်ပြုငွေ ကျပ် ၁၀ သိန်းအားမတည်လျှက် ကျေးရွာမှစုပေါင်းထည့်ဝင်ငွေ ကျပ်  ၁၈ သိန်းတို့ဖြင့် အလျှား ၂၄ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၂ ပေ ရှိ တစ်ထပ်၊ အုတ်ညှပ်၊ သွတ်မိုး၊ သမံတလင်းခင်းဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဂန့်ဂေါ ဒီဇင်ဘာ ၂၉
    ဂန့်ဂေါမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနသည် မိုးပွင့်အဆင့် (၇) စီမံ ချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်ကျေးရွာများ၌ ကွင်းဆင်းလျှက် နေ့ချင်းပြီးဆောင်ရွက် ပေးလျှက်ရှိရာ ဒီဇင်ဘာ ၂၉ ရက်က တောင်ခင်ရန်းကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ပြုလုပ်သည့် နိုင်ငံ သားစိစစ်ရေးကတ်ပြားပေးအပ်ပွဲတွင် ဂန့်ဂေါခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဝင်းက ပြည်သူ ၁၃၀ ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူ     ဒီဇင်ဘာ     ၂၈
    မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာနှင့်ထနောင်းကုန်းကျေးရွာတွင် လျှပ်စစ်မီးရရှိပြီးဖြစ်၍ လျှပ်စစ်မီးအောင်ပွဲအား ဒီဇင်ဘာ ၈ ရက် နံနက်က ရွှေလှေကျေးရွာ၌ ကျင်းပခဲ့သည်။ ရွှေလှေကျေးရွာ လျှပ်စစ်မီးသုံးစွဲနိုင်ရေးအတွက် (၁၁) ကေဗွီဓာတ်အားလိုင်း(၅)မိုင်၊ (၄၀၀)ဗို့လိုင်း(၂.၆)မိုင်၊ (၃၁၅)ကေဗွီအေ ထရန်စဖော်မာ(၁)လုံး တည်ဆောက်ခဲ့ပြီး စုစုပေါင်းကျပ်သိန်း(၁၇၀၀)ကျော်ခန့် ကုန်ကျခဲ့ ပြီး လက်ရှိတွင် အိမ်ထောင်စု(၁၇၀)မှာ လျှပ်စစ်မီးရရှိ သုံစွဲနေပြီဖြစ်ကြောင်း သိရသည်။
           အဆိုပါကျေးရွာများသို့ ပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့်လျှပ်စစ်ဝန်ထမ်းများ သွားရောက်၍ ကျေးလက်နေပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် သိပညာပေးပိုစတာများစိုက်ထူပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ပညာပေးဟောပြောခြင်း များဆောင်ရွက်ခဲ့ကြကြောင်း သိရှိရ သည်။

မကွေး   ဒီဇင်ဘာ  ၂၉
    ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျော့ချရေးအတွက် လူငယ်များအလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေရေးအတွက် ကျွမ်းကျင်အလုပ်သမားများမွေးထုတ်ပေးရေး ရည်ရွယ်ချက်ဖြင့် စက်မှုသင်တန်း ကျောင်းများ ဖွင့်လှစ်ပေးပြီး လူ့စွမ်းအား အရင်းအမြစ်ကဏ္ဍမြှင့်တင်ပေးရန်အတွက် စက်မှု ၀န်ကြီးဌာန၊ စက်မှုညွှန်ကြားရေးဦးစီးဌာန၊ အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)မှဖွင့်လှစ်သည့် စက်မှုနှင့် အသက်မွေးပညာ ရွှေ့လျားသင်တန်းအမှတ်စဉ်(၇)ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီကမကွေးမြို့ စက်မှုနှင့် အသက်မွေးပညာ ရွှေ့လျားသင်တန်းကျောင်းတွင်ပြုလုပ်သည်။
    ယင်းသင်တန်းဆင်းပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုလက်မှု ၀န်ကြီး ဦးဝင်းမြင့်မောင်က သင်တန်းဆင်းအမှာစကားပြောကြားပါသည်။ ဆက်လက်ပြီး စက်မှု ၀န်ကြီးဌာန၊ စက်မှုညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသွင်မြင့်မောင်က ထူးချွန်သင်တန်းသားများအား ဆုများအသီးသီးချီးမြှင့်ပေးပါသည်။ ယင်းနောက် အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)ကျောင်းအုပ်ကြီး ဦးသန့်ဇင်က သင်တန်းသားများအား သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ပါသည်။
    အဆိုပါသင်တန်းကို ၁၅.၁၂.၂၀၁၄ရက်နေ့မှ ၂၀.၁၂.၂၀၁၄ရက်နေ့ထိ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသို့ မကြီးကန်ကျေးရွာမှ  စိုက်ပျိုးရေးလုပ်ငန်းသုံး အင်ဂျင်နှင့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်း ခြင်းသင်တန်း အတွက် သင်တန်းသား(၃၀)ဦး၊ သံဂဟေဆက်သင်တန်းအတွက် သင်တန်းသား(၂၀)ဦး စုစုပေါင်း သင်တန်းသား(၅၀)ဦးတက်ရောက်ကြကြောင်းသိရသည်။
    သင်တန်းတက်ရောက်သည့် သင်တန်းသားတစ်ဦးက မိမိဝါသနာရှိခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် လက်တွေ့သင်ယူခွင့်မရခဲ့တဲ့အတွက် အခုလို ရက်တိုသင်တန်းမှာ ကြိုးစားသင်ယူပြီး တစ်နိုင်တစ်ပိုင် လုပ်ကိုင်နိုင်တော့မှာဖြစ်လို့ ၀မ်းသာလျက်ရှိကြောင်းပြောကြားပါသည်။
ညီညီ
ဂန့်ဂေါ ဒီဇင်ဘာ ၂၈
    ဂန့်ဂေါမြို့ မြစ်သာမြစ်အတွင်း ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး ဒီဇင်ဘာ ၂၆ ရက်က ရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွါးခဲ့သည်။
    သေဆုံးသူမှာ ဂန့်ဂေါမြို့ ကျောတိုက်ရပ်ကွက်နေ ဦးချာသုံ၏သား မောင်ထန်ဘွေ (၉)နှစ် ဖြစ်၍ တတိ ယတန်းကျောင်းသားဖြစ်ပြီး ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က တစ်ရပ်ကွက်တည်းနေ ၁၁ နှစ် အ ရွယ်အမျိုးသားငယ်တစ်ဦးနှင့်အတူ ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက် မြစ်သာမြစ် ရေချိုးဆိပ်တွင် ရေဆင်းချိုးရာ မှ ရေထဲမျောပါ သေဆုံးခဲ့သည်ဟု ဆိုသည်။
    ယင်း၏အလောင်းကို ဂန့်ဂေါမြို့မရဲစခန်းမှ ရဲအုပ်စိုးနိုင်နှင့် မြောက်ကုန်းရပ်ကွက်၊ ကျောတိုက်ရပ်ကွက် တို့မှ တာဝန်ရှိသူများ၊ ယင်း၏ဆွေမျိုးများတို့က ဝိုင်းဝန်းရှာဖွေကြရာ ဒီဇင်ဘာ ၂၇ ရက်နံနက်တွင် ရေချိုးဆိပ်၏ အောက်ဖက် ဂိုက် ၂၀၀ ခန့်အကွာ ခြုံပုတ်ကြား၌ ယင်း၏အလောင်းကို တွေ့ရှိခဲ့ကြသည်။
    အလောင်းတွင် ပြင်ပဒဏ်ရာမတွေ့ရပဲ သေဆုံးနေကြောင်းတွေ့ရသဖြင့် ဂန့်ဂေါ မြို့မရဲစခန်းမှ သေမှု သေခင်းအမှတ်စဉ် ၆/၂၀၁၄ ဖြင့်ဖွင့်လှစ်ပြီး အမှုမှန်ပေါ်ပေါက်ရေး ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရ သည်။
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ ည (၈း ၁၅) အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ်၊ မကွေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ မကွေးမြို့၊ ရွာသစ်ပွဲကြိုရပ်ကွက် (၁၉)လမ်းရှိ ဂုဏ် တည်းခိုခန်း တွင် ပြည့်တန်ဆာများ ပျော်ပါးနေကြောင်း သတင်းအရ သွားရောက်ရှာဖွေခဲ့ကြောင်း သတင်းရရှိပါသည်။ 

ထိုသို့ ရှာဖွေခဲ့ရာ တည်းခိုခန်းအခန်းအမှတ်(၄)တွင် အမျိုးသားတစ်ဦးနှင့် ပြည့်တန်ဆာအမျိုးသမီး တစ်ဦးတို့ ပျော်ပါးနေသည်ကိုတွေ့ရှိရသဖြင့်စစ်ဆေးရာ ရွာသစ်ပွဲကြိုရပ်ကွက်နေ သီဟတင်စိုး (၂၄)နှစ်နှင့် ရေနံချောင်းမြို့၊ ရွှေတောင်ကြားရပ်ကွက်နေ မဖြိုးဖြိုး (ခ)မြင့်မြင့်ဇော်(၂၆)နှစ် တို့ ဖြစ်ကြောင်း သိရှိရပြီး သီဟတင်စိုးမှ မဖြိုးဖြိုး(ခ)မြင့်မြင့်ဇော်အား အခကြေးငွေ ၁ဝဝဝဝိ/-ဖြင့် ခေါ်ဆောင်ခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူ မဖြိုးဖြိုး(ခ) မြင့်မြင့်ဇော်အား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၂ဝ/၂ဝ၁၄၊ ပြည့်တန်ဆာဥပဒေပုဒ်မ ၃(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။



၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ ည (၀၀း ၅၀) အချိန် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲအကူ တပ်ဖွဲ့ခွဲ ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သတင်းအရ မကွေးမြို့ ၊ အောင်စေတနာ (ဘီ)ရပ်ကွက်၊ (၃)လမ်းရှိ G-8 Lounge စားသောက်ဆိုင်သို့ ဝင်ရောက်စစ်ဆေးခဲ့ရာ စားသောက်ဆိုင်ခန်း အမှတ် (၁/၂/၃/၆)များတွင် ဗွီဒီယိုကာရာအိုကေများ သီဆိုနေကြသည်ကို တွေ့ရှိရ၍ အောင်စေတနာ (ဘီ) ရပ်ကွက်၊ (၃) လမ်းနေ ဆိုင်တာဝန်ခံဖြစ်သူ ကိုတိုး(၃၄) နှစ်အား စစ်ဆေးခဲ့ရာ မြို့နယ်ဗွီဒီယိုလုပ်ငန်းစိစစ် ကြီးကြပ်ရေး ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ဗွီဒီယိုကာရာ အိုကေ လုပ်ငန်းလုပ်ကိုင်နေသဖြင့် လုပ်ငန်း လုပ်ကိုင်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းကာ ဆိုင်တာဝန်ခံ ကိုတိုးအား မကွေး မြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၃၃၆/၂ဝ၁၄၊ ရုပ်မြင်သံကြားနှင့်ဗွီဒီယိုဥပဒေပုဒ်မ ၃၂(က) အရ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 

ဆက်လက်၍ G-8 Lounge စားသောက်ဆိုင်အတွင်း သက်သေများနှင့်အတူ ထပ်မံစစ်ဆေးခဲ့ရာ လိုင်စင်မဲ့ ဘီယာပုလင်း(၈၄)လုံး၊ ဘီယာသံဗူး(၁၂ဝ)ဗူး၊ အရက်အပြား(၁၈)ပြား၊ အရက်ပုလင်း (၂၃)လုံး စုစုပေါင်း တန်ဘိုး (၇၉၃ဝဝဝိ/-)အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် လိုင်စင်မဲ့ ယစ်မျိုးဝင် ပစ္စည်းများ ရောင်းချသူ ဆိုင် တာဝန်ခံ ကိုတိုး(၃၄) နှစ် အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၃၃၅/၂ဝ၁၄၊ ယစ်မျိုး ၃ဝ(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။



၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် နေ့လည် ၃ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ မင်းလှမြို့နယ်၊ မင်းလှမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ထန်းကိုင်းရေနံမှော်တောင်ဘက် တောထဲတွင် ကြက်တိုက်လောင်းကစားနှင့် ခြောက်ကောင်လောင်းကစားပြုလုပ်နေကြောင်း သတင်း အရ သက်သေ များနှင့်အတူ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ဆင်ပေါင်ဝဲမြို့နယ်၊ မကျည်းရင်းကျေးရွာနေ ချစ်စမ်းမောင်(၁၉)နှစ်ပါ (၁ဝ)ဦးအား ခြောက်ကောင် လောင်း ကစားပြုလုပ်သည့်ခုံ(၁)ခု၊ အံစာတုံး(၃)တုံး၊ ဇယားကားချပ်(၁)ချပ်နှင့် ကြက်တိုက် လောင်း ကစားရာတွင် အသုံးပြုသည့် တိုက်ကြက်(၄)ကောင်၊ ကြက်တောင်မွေး(၁)ချောင်း၊ လွယ်အိတ် (၁)လုံး၊ လက်ဆွဲပုံး(၁)လုံး ပစ္စည်းများနှင့် လောင်းကြေးငွေစက္ကူရောရာ ၃၆၉၄ဝဝိ/-နှင့်အတူ ဆိုင်ကယ်(၃၈)စီးအား ဖမ်းဆီးရမိသဖြင့် ချစ်စမ်းမောင်ပါ(၁ဝ)ဦးအား မင်းလှမြို့နယ်၊ မြို့မရဲစခန်း (ပ)၂ဝ၃/၂ဝ၁၄၊ လောင်းကစားဥပဒေပုဒ်မ ၁၂(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။



၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ၊ ရေစကြို မြို့နယ်၊ မအူရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် ပခုက္ကူ-မုံရွာကားလမ်း အောက်အိုကျေးရွာ အနီးတွင် ကားနှင့် ဆိုင်ကယ်တိုက်မိကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ တောကျောင်းကြီးကျေးရွာမှ ပခုက္ကူမြို့ဘက်သို့ ပေါက်မြို့နယ်၊ ညောင်ချေးပေါက်ရွာနေ အောင်ဖြိုး (၂၅) နှစ် မောင်းနှင်လာသော ယာဉ်အမှတ် 9F/xxxx ဟွန်ဒိုင်းကန်ဒါအမျိုးအစား မော်တော်ယာဉ် မှာ အောက်အိုကျေးရွာအနီးအရောက်တွင် နောက်ဘက်သို့ ရုတ်တရက်ချိုးကွေ့ လိုက်သဖြင့် ၄င်းလမ်းအတိုင်းနောက်မှပါလာသည့် ပခုက္ကူမြို့ဘက်မှ မုံရွာမြို့ဘက်သို့ ရေစကြို မြို့နယ်၊ ဆင်တန့်နားကျေးရွာနေ မျိုးချစ်(၄၂)နှစ် ရှေ့မှမောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ ဝင်းထွန်း(၃ဝ) နှစ် လိုက်ပါသည့် ၃၂ယ/xxx ကန်ဘို-၁၁ဝ ဆိုင်ကယ်အား တိုက်မိသဖြင့် မျိုးချစ်နှင့် ဝင်းထွန်းတွင် ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း သိရှိရသည်။ 

ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း အောင်ဖြိုး (၂၅)နှစ်အား ရေစကြိုမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၂၈/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။



၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် ည ၈ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူ မြို့နယ်၊ ကမ္မနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ငဖောင်ကန်ကျေးရွာအနီး မိုင်တိုင်အမှတ် ၇/၇ နှင့် ၈/ဝ အကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ ပခုက္ကူ-ပေါက် ကားလမ်း မိုင်တိုင်အမှတ် ၇/၇ နှင့် ၈/ဝ အကြား၌ မင်းတပ်မြို့မှ ပခုက္ကူမြို့ဘက်သို့ မင်းတပ်မြို့နယ်၊ ရပ်ဒုတ်ကျေးရွာနေ ပခုက္ကူတက္ကသိုလ် (ရူပဗေဒ) နောက်ဆုံးနှစ် ၊ ကျောင်းသား မနားနိုင်း(၂၄)နှစ်(ဖ)ဦးတက်မနား စီးနင်းမောင်းနှင်လာသော နံပါတ်မပါ ကန်ဘို-၁၂၅ စိမ်းပုတ်ရောင်ဆိုင်ကယ်သည် မျက်နှာချင်းဆိုင်မှ လမ်းလျှောက်လာသော ပခုက္ကူမြို့နယ်၊ အိုင်ကြီး ကျေးရွာနေ ကျော်နိုင်(၄ဝ)နှစ်အား ဝင်ရောက်တိုက်မိပြီး မနားနိုင်းမှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲ ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကာ ကျော်နိုင်တွင် ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ 

ဆိုင်ကယ်အားမဆင်မခြင် မောင်းနှင်သူ မနားနိုင်းအားအရေးယူပေးရန် ၂၈.၁၂.၂ဝ၁၄ ရက်နေ့ ၂၂.၃ဝ အချိန် ရဲအုပ် အောင်ဇော်ဝင်းမှ တရားလိုပြုလုပ်တိုင်တန်း၍ ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေရဲစခန်း ယာဉ်(ပ)၂၂/၂ဝ၁၄ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၇ အရ အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။



Sunday, December 28, 2014

 
မကွေး    ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့၌ ဒီဇင်ဘာ အားကစားလ နောက်ဆုံးပတ် လူထုလမ်းလျောက်ပွဲကြိးကို ယနေ့ နံနက်(၅)နာရီက မကွေးမြို့ တိုင်းအားကစားကွင်းရှေ့မှ စတင်ခဲ့ပါသည်။
စုပေါင်းလမ်းလျေက်ပွဲတွင်  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ အခြေခံကျောင်းများမှ ကျောင်းသား/သူများ ၊ အားကစားဝါသနာရှင်ပြည်သူများ တပျော်တပါး စုပေါင်း၍ အဝေရာလမ်းမှ မဲထီးလမ်း၊ မဲထီးလမ်း- မြို့ပတ်လမ်း- ပြည်တော်သာလမ်းမှတစ်ဆင့် တိုင်းအားကစားကွင်း အတွင်း ၀င်ရောက်ပြီး ကိုယ်ကာယ ကြံ့ခိုင်မှု့ လေ့ကျင့်ခန်း အတွဲ(၁)နှင့်(၂)ကို တပျော်တပါး   စုပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ စုစုပေါင်းအင်အား (၁၅၁၈၇)ဦး ပါဝင်ဆင်နွဲခဲ့ပါသည်။
ဒီဇင်ဘာ ၂၇ရက်နေ့ကအားကစားဝန်ကြီးဌာနက ကြီးမှူးသည့် ညနေပိုင်းတွင် သဲသောင်ပြင်ဘောလုံးပွဲအား ဧရာဝတီမြစ်အတွင်း သဲသောင်များတွင် ကျင်းပခဲ့ကြောင်းသိရသည်။





မကွေး ဒီဇင်ဘာ(၂၈)
မ‌ကွေးတိုင်းဒေသကြီး မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်တို့အတွင်းရှိ မြို့နယ်များမှ တောင်သူလယ်သမားကြီးများ စုစုပေါင်း (၆၀၀၀) ကျော် တက်ရောက်ကြသည့်‌ တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီခွဲတွင် မကွေးတိုင်းဒေသကြီး ပွင့်‌ဖြူမြို့ ဆန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီတော်ွမတ်ကြီးအနီးရှိ ကွင်း၌ကျင်းပရွာပည်ထောင်စုလွှတ်တော်နာယကွပည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက် အမှာစကာွးပောကြားသည်။
အခမ်းအနားတွင် သဘာပတိ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစောဝင်းမောင် က အဖွင့်‌အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကိုယ်စား ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်‌အရေး၊ ဒီမိုကရေစီအရေးနှင့်‌ လူ့အခွင့်‌အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးဦးက နှုတ်ခွန်းဆက် အမှာစကား ပြောကြား ရာတွင် မိမိတို့အားလုံးသည် တည်ငြိမ်အေးချမ်းမှုနှင့် မိမိတို့၏ လူနေမှုဘဝွမင့်‌မား တိုးတက်ရေးအတွက် ရယူခံစားလိုသူများဖြစ်ကြပါကြောင်း၊ မိမိတို့၏ဆန္ဒများ ပြည့်စုံ လာစေရေးအတွက် အခြေခံလိုအပ်ချက်များကိုဖြည့်‌ဆည်းရင်း မိုပိုတိုးတက် ကောင်းမွန်သည့် လူနေမှုဘဝများကို ပိုင်ဆိုင်ရယူနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းနေကြသူများ ဖြစ်ပါကြောင်း၊ မိမိတို့၏ အခြေခံလိုအပ်ချက်များထဲက အဓိကကြသော အခြေခံလိုအပ်ချက်တစ်ခုမှာ စားဝတ်နေရေးပင်ဖြစ်ပါကြောင်း၊ မိမိတို့အားလုံး၏ စားရေး၊ နေရေး၊ ဝတ်ရေးကို ပြည့်စုံအောင် ဆောင်ကျဉ်းပေးနိုင်သည်မှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းမှ စားစရာနှင့်‌ ဝတ်စရာများကိုလည်း ထုတ်လုပ်ပေးနိုင်ပါကြောင်း၊ နေအိမ်၊ အဆောက်အအုံများလည်း ထုတ်လုပ်ပေးနိုင်ပါကြောင်း။
 ယင်းသို့ ထုတ်လုပ်ပေးနိုင်အောင် စွမ်းဆောင်ပေးနိုင်သူများမှာ ယနေ့ အခမ်းအနား သို့တက်ရောက်လာကြသည့် တောင်သူလယ်သမား ကိုယ်စားလှယ်ကြီးများ အပါအဝင် နိုင်ငံ၏ ဒေသအသီးသီးက တောင်သူလယ်သမားကြီးများ ဖြစ်ကြပါကြောင်း၊ မြန်မာနိုင်ငံ သည် စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် မြေ၊ ရေ၊ ရာသီဥတုနှင့်ွပည့်‌စုံသော နိုင်ငံဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးသည်လည်း စိုက်ပျိုးရေးကို အ‌ခြေပြုနေရဆဲ ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများသည် အရေအတွက်အရလည်းကောင်း၊ နိုင်ငံအတွင်းပျံ့နံ့ နေထိုင်မှုများ အရလည်းကောင်း၊ နိုင်ငံအတွက်အ‌ရေးပါသည့် စိုက်ပျိုးထုတ်လုပ်မှုများ အရလည်းကောင်း၊ ကြီးမားကျယ်ြပန့်သည့် အခြေခံလူတန်းစားတစ်ရပ်အဖြစ် တည်ရှိ နေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများသည် ခေတ်အဆက်ဆက်၌ ကျေးဇူးရှင်တောင်သူလယ်သမားကြီးများဟု ဂုဏ်ပြုသတ်မှတ်ပြီး စိုက်ပျိုးထုတ်လုပ်မှု စွမ်းအား မြင့်မားစေပြီး လူနေမှုအဆင့်အတန်းများ တိုးတက်ြမင့်‌မားလာစေရန် အားပေး ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ထိုက်သင့်သည့် တိုးတက်မှုများ ရှိသကဲ့သို့ ပြဿနာများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများနှင့်‌လည်း ကြုံတွေ့နေရဆဲဖြစ်ပါကြောင်း။
တောင်သူလယ်သမားကြီးများ၏ လူမှုစီပွားရေးဘဝမြင့်မားတိုးတက်ရေးကို ရှေးရှုပြီး တွေ့ကြုံနိုင်သည့် အခက်အခဲပြဿနာများကို ဥပဒေနှင့်‌အညီ ဖြေရှင်းပေးနိုင်စေရန် အတွက် လယ်ယာမြေဥပဒေ၊ တောင်သူလယ်သမားအခွင့်‌အရေး ကာကွယ်ရေးနှင့်‌ အကျိုးစီးပွာွးမင့်‌တင်ရေးဥပဒေများ ရေးဆွဲအတည်ပြုပြဌာန်းနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကြုံတွေ့နေရဆဲဖြစ်သည့် မြေယာအငြင်းပွားမှု ပြဿနာများကိုလည်း ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်က ဦး‌ဆောင်ပြီး ရှင်းလင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
မိမိတို့သည် တောင်သူလယ်သမားများ ရရှိပြီးဖြစ်သည့် အခြေအနေကောင်းများကို လျော့နည်းဆုံးရှုံးခြင်းမရှိစေဘဲ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက် မြင့်မားလာစေရန် လုပ်ငန်းစဉ်များ ချမှတ်ထားပြီး တောင်သူလယ်သမားများနှင့်‌အတူ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များမှာ -
(၁) တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေ‌ရေးအတွက် ကူညီဆောင်ရွက်ပေးမည်။
(၂) လယ်ယာလုပ်သူ လယ်ယာမြေလုပ်ပိုင်ခွင့်‌နှင့်‌ စီမံခန့်ခွဲနိုင်ခွင့်‌ ရရှိရေးကို ကူညီဆောင်ရွက်မည်။
(၃) လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်ရောင်းချခွင့်‌ရရှိစေရန် ကူညီဆောင်ရွက်မည်။
(၄) တောင်သူလယ်သမားများ မွေးမြူရေးနှင့်‌ ရေလုပ်ငန်းလုပ်ဆောင်သူများ၏ အခွင့်‌အရေးကို ကာကွယ်သည့် ဥပဒေများကို ခေတ်နှင့်‌အညီပြဌာန်းနိုင်ရေး ဆောင်ရွက်မည်။
(၅) တောင်သူလယ်သမားများ ဆုံးရှုံးနစ်နာမှုမရှိစေရေးအတွက် လယ်ယာထွက်ကုန် ပစ္စည်းများ သင့်‌လျော်သည့်‌ဈေးနှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်မည်။
(၆) လယ်ယာထွက်ကုန်ပစ္စည်းများရောင်းချရန် ဈေးကွက်ရရှိရေးနှင့် ပြည်ပပို့ကုန် ဈေးကွက်များ ချဲ့ထွင်ရေး ကြိုးပမ်းဆောင်ရွက်မည်။
(၇) လယ်ယာထွက်ကုန်ပစ္စည်းများ၏ အရည်အသွေွးမင့်မားရေးနှင့်‌ လေလွင့်‌ ဆုံးရှုံးမှုလျော့ပါးနိုင်သမျှ လျော့ပါးရေးအတွက် ရိတ်သိမ်းချိန်လွန် နည်းပညာများ ခေတ်မီတိုးတက်စေရန် ကူညီ ဆောင်ရွက်မည်။
(၈) ခေတ်မီစိုက်ပျိုးရေးနည်းပညာများ လယ်ယာသုံး စက်မှုနည်းပညာများကို တောင်သူလယ်သမားများ အကုန်အကျသက်သာစွာဖင့်‌ အသုံးပြုနိုင်ရေး ကူညီဆောင်ရွက်မည်။
(၉) စိုက်ပျိုးရေးစရိတ်နှင့်‌ အရင်းအနှီးများကို လုံလောက်စွာ ရရှိနိုင်ရန် ကြိုးပမ်း ဆောင်ရွက်မည်။
တို့ပင်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များအတိုင်း ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။
တောင်သူလယ်သမားများ၏ လူမှုစီးပွားရေွးမင့်မားတိုးတက်လာစေရေးအတွက် တောင်သူလယ်သမားရေးရာကော်မတီ အဆင့်‌ဆင့်ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း၊ တောင်သူလယ်သမားများ အကျိုးးအတွက် သယ်ပိုးဆောင်ရွက်ရာတွင် အခြေခံအားဖြင့် တူညီနိုင်သော်လည်း တွေ့ကြုံခံစားနေကြရသည့် အခက်အခဲ စိန်ခေါ်မှု များကို ဒေသတစ်ခုနှင့်‌တစ်ခု မတူညီနိုင်ကြသည့်အတွက် တိုင်းဒေသကြီးနှင့်‌ ပြည်နယ် များ၌ ယခုကဲ့သို့ တောင်သူလယ်သမားကိုယ်စားလှယ်ကြီးများကို ဖိတ်ခေါ်ပြီး တောင်သူ လယ်သမားရေးရာ လူထုဆွေးနွေးပွဲကြီးများကို ဦးဆောင်ကျင်းပပေးခြင်း ဖြစ်ပါကြောင်း။
မိမိတို့၏ ဆောင်ပုဒ်ဖြစ်သည့် “ ပြည်သူ့သဘောထား ဒို့အလေးထား၊ ပြည်သူ့ အခွင့်အရေး ဒို့ဦးစားပေး၊ ပြည်သူ့လိုအပ်ချက် ဒို့ဆောင်ရွက်” ဆိုသည့် အတိုင်း တောင်သူလယ်သမားများအပါအဝင် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် အလေးထားပြီး လက်တွေ့ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍လည်း ပြည်သူများ၏ ထောက်ခံမှု ၊ အားပေးမှုများနှင့်‌ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
နိဂုံးချုပ်အနေဖြင့်တင်ပြလိုသည်မှာ တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲကြီး၏ အဓိကရည်မှန်းချက်များဖြစ်သည့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ရေးတွင် တောင်သူလယ်သမားများ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်၊ တောင်သူလယ်သမားများ၏ အခွင့်‌အရေးများ အပြည့်အဝရရှိရေးနှင့်‌ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ဘက်ပေါင်းစုံမှ ဖြည့်‌ဆည်းဆောင်ရွက် ပေးရန်၊ တောင်သူလယ်သမားများ၏ အကျိုးစီးပွားဖော်ဆောင်ရေးအတွက် ရည်ရွယ် ချက်ချင်းတူညီသည့် အသင်းအဖွဲ့များနှင့်‌အတူ လက်တွဲပူးပေါင်း ဆောင်ရွက်ရန်ဆိုသည့် ရည်ရွယ်ချက်များနှင့်‌အညီ မကွေးတိုင်းဒေသကြီး တောင်သူလယ်သမားကိုယ်စားလှယ်များ အနေဖြင့် မိမိတို့၏ ဘဝ၊ ဆန္ဒ၊ ပကတိ အခြေအနေများနှင့်‌ ထင်ဟပ်သည့် ဆွေးနွေး အဆိုပြုချက်များ၊ ဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များ ဖော်ထုတ်ရရှိနိုင်အောင် ဆွေးနွေး သွားကြပါ၊ မိမိတို့အနေဖြင့်လည်း ဖော်ထုတ်ရရှိလာမှုများအပေါ် အလေးထားပြီး တောင်သူလယ်သမားများ၏ လူနေမှုဘဝ မြင့်မားတိုးတက်ရေးအတွက် ကိုယ်တိုင်ပါဝင် ဆောာင်ရွက်ရုံသာမက လွှတ်တော်၊ အစိုးရအဖွဲ့၊ ရည်မှန်းချက်တူသည့် နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်‌ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ကတိပြုပါကြောင်း ဖြင့် ပြောကြားသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ က အမှာစကား ပြောကြားသည်။
ဆက်လက်၍ အဆို(၁)ဖြစ်သည့် “ တောင်သူလယ်သမားဘဝနှင့်‌ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ”အဆိုကို နတ်မောက်မြို့နယ် ဆည်လည်ကျေးရွာမှ တောင်သူလယ်သမား ကိုယ်စားလှယ် ဦွးမင့်‌ရွှေက ဖတ်ကြားတင်သွင်းပြီး မြိုင်မြို့နယ် တွင်းမရပ်ကွက်မှ တောင်သူလယ်သမားကိုယ်စားလှယ် ဦးစန်းယုနိုင်က ထောက်ခံဆွေးနွေးသည်။
ထို့နောက် အဆို(၂)ဖြစ်သည့် “တောင်သူလယ်သမားများ၏ လယ်သမား ရေးရာနှင့်‌ လယ်ယာမြေပြဿနာများ အွဖေရှာ ဆောင်ရွက် ပေးရေး”အဆိုကို ပွင့်‌ဖြူမြို့နယ် ရှောက်တောကျေးရွာမှ တောင်သူလယ်သမားကိုယ်စားလှယ် ဦးအောင်မြင့်က ဖတ်ကြား တင်သွင်းပြီး မြို့သစ်မြို့နယ် တပ်ကုန်းကျေးရွာမှ တောင်သူလယ်သမားကိုယ်စားလှယ် ဦးတင်ဆိုင်က ထောက်ခံဆွေးနွေးသည်။
ယင်းနောက် အဆို(၃)ဖြစ်သည့် “ တောင်သူလယ်သမားထု အင်အားဖြင့် တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေး၊ တရားဥပ‌ဒေစိုးမိုးရေးနှင့်‌ ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ရေး ” အဆိုကို ဆင်ပေါင်ဝဲမြို့နယ် ချောင်းကောက်ကျေးရွာမှ တောင်သူ လယ်သမားကိုယ်စားလှယ် ဦးမြင့်ငွေက ဖတ်ကြားတင်သွင်းပြီး မင်းဘူး(စကု)မြို့နယ် ကျီးပင်ကန်ကျေးရွာမှ တောင်သူလယ်သမားကိုယ်စားလှယ် ဒေါ်မာမာအေးက ထောက်ခံ ဆွေးနွေးသည်။
ထို့နောက် မကွေးခရိုင် ကိုယ်စားလှယ် မကွေးမြို့နယ် ကမ်းရင်ကျေးရွာမှ ဦးသိန်းထွန်း၊ မင်းဘူးခရိုင်ကိုယ်စားလှယ် ငဖဲမြို့နယ် ကံသာကျေးရွာမှ ဦးစိုးနိုင်၊ သရက်ခရိုင် ကိုယ်စားလှယ် အောင်လံမြို့နယ် တန်ဘိုးကျေးရွာမှ ဦးသက်ချို၊ ပခုက္ကူခရိုင်ကိုယ်စားလှယ် ပခုက္ကူမြို့နယ် မြစ်ဖျားကျေးရွာမှ ဦးဇော်မင်းထိုက်နှင့်‌ ဂန့်ဂေါခရိုင် ကိုယ်စားလှယ် ထီးလင်းမြို့နယ် အိုင်းမကျေးရွာမှ ဦးဝင်းအောင်တို့က မေးခွန်းများ မေးမြန်းတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးအောင်နိုင်က ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က သုံးသပ်ဖြည့်စွက် ပြောကြားရာတွှင် ယနေ့အခမ်းအနား၌ သဘာပတိ၊ ကော်မတီဥက္ကဋ္ဌနှင့်‌ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က မကွေးတိုင်းအတွင်း ဆောင်ရွက် နေသည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များနှင့်‌ တောင်သူလယ်သမား ဘဝ မြင့်‌မားတိုးတက်ရေး ဆောင်ရွက်ချက်များနှင့်‌ပတ်သက်၍ ရှင်းလင်းတင်ပြ ကတိပေး သွားကြသည်ကို ကြားသိရပြီးဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူ လယ်သမားကိုယ်စားလှယ်များကလည်း အဆို(၃)ရပ် တင်ပြဆွေးနွေး ထောက်ခံခြင်းနှင့်‌ မေးမြန်းများ မေးမြန်းခြင်း ပြုလုပ်ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်‌ မွေးမြူရေးဝန်ကြီးကလည်း ပြန်လည် ရှင်လင်းဖြေကြားခဲ့ပြီး ဖြစ်ပါကြောင်း။
ယနေ့ တင်ပြ အဓိက တင်ပြဆွေးနွေးသွားမှုများသည် တောင်သူလယ်သမားများ ဆင်းရဲမှု ခက်ခဲကြုံတွေ့နေရဆဲ ဖြစ်ကြောင်းနှင့်‌ စိန်ခေါ်မှုများ ကြုံတွေ့နေဆဲဖြစ်သည်ကို သုံးသပ်တွေ့ရှိရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ တောင်သူလယ်သမားဘဝ မြင့်‌မား တိုးတက်ရေးနှင့်‌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရန် တောင်သူ လယ်သမားများ ကြုံတွေ့နေရသည့် လယ်ယာမြေပြဿနာများ ဖြေရှင်းပေးရန် တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးမှုရှိမှသာ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက် မည်ဖြစ်၍ တောင်သူလယ်သမားများ အပါအဝင် ပြည်သူများအားလုံး ပါဝင် ဆောင်ရွက်ရန်ဆိုသည့် အဓိပ္ပာယ်သက်ရောက်သော အဆိုနှင့်‌ မေးခွန်းများဖြစ်ကြောင်း၊ အဆိုပါ အချက်များသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေး တိုက်တွန်းခြင်း ဖြစ်သည်ဟု ခံယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံကို ဆင်းရဲ သည့် နိုင်ငံဟု သတ်မှတ်ထားရှိပါကြောင်း၊ နိုင်ငံအတွင်း၌ မှီတင်းနေထိုင်ကြသူ အားလုံး၏ (၇၀)ရာခိုင်နှုန်းသည် တောင်သူများ ဖြစ်ကြပါကြောင်း၊ တောင်သူလယ်သမားများ ဆင်းရဲနေ၍ ဆင်းရဲသည့် နိုင်ငံ ဖြစ်နေသည်ဟု ပြောရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာကြွယ်ဝဖို့ဆိုရင် တောင်သူလယ်သမား များ လူမှုစီးပွားဘဝ မြင့်‌မားရေးနှင့်‌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ခြင်းမှ တစ်ပါး အခြားမရှိပါကြောင်း၊ တောင်သူလယ်သမားများ၏ ဘဝကို မြင့်‌မားအောင် ဦးစွာဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ယင်းသို့ မဆောင်ရွက်ပေးနိုင်လျင် အေးချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ်သို့ တက်လှမ်းနိုင်မည် မဟုတ်ကြောင်း။
ယနေ့ တင်ပြဆွေးနွေးခဲ့ကြသည့် တောင်သူလယ်သမားများ လူမှုစီးပွားဘဝ မြင့်‌မားရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ မြေယာပြဿနာဖြေရှင်းပေးရေး အဆိုများသည် မှန်ကန်ကောင်းမွန်သည့် အဆိုများဖြစ်ကြောင်း၊ လက်ရှိ လွှတ်တော်များနှင့်‌ အစိုးရအဖွဲ့များကသာလျင် မြေယာပြဿနာများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု တင်ပြ တိုက်တွန်းမှုများသည် မှန်ကန်မှုရှိသည့်အတွက် အစိုးရအဖွဲ့နှင့်‌ လွှတ်တော်က ကြိုဆိုပါကြောင်း၊ ထိုနည်းတူ အောင်မြင်အောင် ဆောင်ရွက်ပေးရမည်ဟု ခံယူပြီး  အောင်မြင်အောင် ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားလိုပါကြောင်း။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် အစိုးရအဖွဲ့နှင့်‌ လွှတ်တော် များသည် (၄)နှစ်ကာလ ပြည့်မြောက်တော့မည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် (၄)နှစ် အတွင်း နိုင်ငံသားများ၏ ဒီမိုကရေစီ အခွင့်‌အရေး၊ လူ့အခွင့်‌အရေးများကို လွှတ်တော် အသီးသီးနှင့်‌ အတူ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများက ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးနှင့်‌ မွေးမြူရေးဝန်ကြီး ရှင်းလင်း တင်ပြသွား သကဲ့သို့ အစိုးရသစ်လက်ထက်တွင် စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်‌ပေးခဲ့ကြောင်း၊ သို့ရာတွင် ချေးငွေတိုးမြှင့်‌ပေးရုံနှင့်‌ တောင်သူလယ်သမားများ၏ ဘဝ ဖွံ့ဖြိုးတိုးတက်ရေး မလုံလောက်သေးဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် များက သုံးသပ်ပြီး ယနေ့ တင်ပြချက်များကို ထင်ဟပ်သည့် တောင်သူလယ်သမား အခွင့်‌အရေး ကာကွယ်ရေးနှင့်‌ အကျိုးစီးပွားမြှင့်‌တင်ရေးဥပဒေကို ၂၀၁၃ ခုနှစ် အောက်တို ဘာလ၌ အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ ယင်းဥပဒေ အကျိုးသက်ရောက်မှုရှိပါက ယနေ့ တင်ပြမှုများကို ရာခိုင်နှုန်းပြည့်မဟုတ်သည့်တိုင် (၉၀)ရာခိုင်နှုန်းခန့် ဖြေရှင်း ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ အဆိုပါဥပဒေ၏ ရည်ရွယ်ချက်များအရ စိုက်ပျိုးစရိတ် ချေးငွေ ပိုမိုရရှိရေး နှင့်‌ ချေးငွေ ပြန်ဆပ်ကာလ တိုးမြှင့်ပေးရေး သဘာဝ ဘေးအန္တရာယ်ကြောင့်‌ သီးနှံများ ဆုံးရှုံးမှု ဖြစ်ပေါ်ပါက ထောက်ပံ့ငွေပေးရေး၊ စိုက်ပျိုးရေး ၊ မွေးမြူရေး နည်းပညာများ ဖြန့်ဖြူးပေးရေး ထွက်ရှိသည့်‌ သီးနှံများ ဈေးနှုန်း တည်ငြိမ်ရေးနှင့်‌ ထိုက်သင့်‌သည့် ဈေးနှုန်းသတ်မှတ်ပြီး အကျိုးစီးပွား ဖြစ်ထွန်းစေရေး၊ ဝိုင်းကြီးချုပ် ငွေချေးသည့်စနစ်မှ ကိုယ်တာဝန်ကိုယ်ယူသည့် ငွေချေးစနစ် ဖြစ်ရေး ထည့်သွင်း ပြဋ္ဌာန်းထားပါကြောင်း။
ယင်းဥပဒေပါ ခံစားခွင့်‌များ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ကုန်ဆုံးသည်နှင့်‌ အကျိုး သက်ရောက်မှုရှိအောင် ဆောင်ရွက်ပေးပါဆိုသည့် တင်ပြဆွေးနွေး သွားမှုများသည် မှန်ကန်သင့်‌လျော်သည့်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့နှင့်‌ လွှတ်တော်များက ပါဝင် ဆောင်ရွက်ပေးမည်ဟု ကတိပြု ပြောကြားလိုပါကြောင်း၊ ယခင်အစိုးရ လက်ထက်က လယ်ယာမြေများ သိမ်းဆည်းပြီး နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်ခဲ့ခြင်းများ ရှိပါကွောင်း၊ ဆောင်ရွက်ချက် မှန်ကန်သည်ဟု ဆိုနိုင်သော်လည်း လက်တွေ့တွင် ပါဝင်သည့် ပုဂ္ဂိုလ်များ၏ လွဲမှားမှု၊ အားနည်းမှုများ ရှိနိုင်ပါကြောင်း၊ မြေကြီး၊ မြေပုံ ကွဲလွဲ၍ ပြဿနာများ ရှိခဲ့သည်မှာ အမှန်ပင်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပါတီစုံဒီမိုကရေစီနှင့်‌ ဈေးကွက်စီးပွားရေးစနစ် ကျင့်‌သုံးသည့်ကာလတွင် တောင်သူလယ်သမားများနှင့်‌ မြေအသုံးချသူများက လွတ်လပ်ပွင့်လင်းစွာ တင်ပြလာကြ၍ ပြဿနာရှိသည်မှာ ပေါ်လွင် ထင်ရှားခဲ့ခြင်းဖြစ်ကြောင်း။
ပြည်ထောင်စုလွှတ်တော်၏ တိုက်တွန်းဆောင်ရွက်ချက်အရ ပြည်ထောင်စုအစိုးရ အဖွဲ့ ကလည်း ဗဟိုမြေယာစီမံခန့်ခွဲရေးအဖွဲ့ကို ဒုတိယသမ္မတဦးစီး၍ ဖွဲ့စည်း ဆောင်ရွက်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အဖွဲ့ များဖြင့်‌ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ တင်ပြချက်အရ မကွေးတိုင်းဒေသကြီး အတွင်း၌လည်း မြေယာအမှုများ ကျန်ရှိနေသေးသည်ဟု သိရှိရ ပါကြောင်း၊ ကျန်ရှိသည့် အမှုများကို အမြန်ဆုံး အချိန်ကာလ သတ်မှတ်ပြီး ဖြေရှင်းပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တိုက်တွန်းလိုပါကြောင်း၊ မြေယာကိစ္စများ စီမံဆောင်ရွက် ရာ၌ တိုင်းဒေသကြီးလွှတ်တော်အပိုင်းကလည်း ဥပဒေများ ပြဋ္ဌာန်ျးပေးရန် တိုက်တွန်းလိုပါကြောင်း၊ မြေယာပြဿနာဖြေရှင်းရာတွင် ဥပဒေကြောင်းအရ အခက်အခဲရှိပါက မြေယာစီမံခန့်ခွဲရေးကော်မတီ အဆင့်ဆင့်ကလည်း  ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် လိုပါကြောင်း။
ယနေ့ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည့် တောင်သူလယ်သမား များနှင့်‌ ပြည်သူလူထုအပေါင်းကို ကျေးဇူးတင် ဂုဏ်ပြုပါသည်ဟု ပြောကြားလိုကြောင်း၊ အခမ်းအနား ပြီးလျင် ပြီးရော မဟုတ်ဘဲ ရှေ့လုပ်ငန်းစဉ်များ ချမှန်ရန် လိုကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အပါအဝင် ပြည်သူအားလုံး ပါဝင် ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတို့ လွှတ်တော်အနေဖြင့်‌ ဥပဒေပြုရေး တာဝန်များကို အဓိက ထမ်းဆောင်လျက်ရှိပြီး မဏ္ဍိုင်(၃)ရပ် အပြန်အလှန် ထိန်းကျောင်းဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်ထောင်စုလွှတ်တော်၏ အဓိကတာဝန်မှာ နိုင်ငံ၏ ရငွေ၊ သုံးငွေဆိုင်ရာ များကို ကြီးကြပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လွှတ်တော်များအတွင်း၌ မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများ တင်သွင်းဆွေးနွေးခြင်း၊ ဥပဒေကြမ်းများ ရေးဆွဲ ပြဋ္ဌာန်းခြင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ တင်ပြဆွေးနွေးချက်များသည် အလွန်ပင် အနှစ်သာရ ရှိပြီး တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက်သာမက နိုင်ငံတော်အတွက် အရေးကြီး သည့် ဆောင်ရွက်ချက်များ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်း ရေးနှင့်‌ တရားဥပ‌ဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အဆိုသည်လည်း ပြည်ထောင်စု လွှတ်တော်အတွင်း ဆောင်ရွက်နေသည့် ကိစ္စဖြစ်၍ ကြိုဆိုပါကြောင်း။
နိဂုံးချုပ်အနေဖြင့်‌ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့၌ ကျင်းပသည့် တွေ့ဆုံပွဲသည် ရည်ရွယ်ချက်ရှိရှိ စေတနာပါပါ ကျင်းပသည့် အခမ်းအနားဖြစ်ပြီး အဆိုများ၊ မေးခွန်းများ သည် နိုင်ငံတော်နှင့်‌ နိုင်ငံသားများအကျိုး ဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း၊  တောင်သူလယ်သမားများဘဝ မြင့်‌မားရေးနှင့်‌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ယနေ့ ဆွေးနွေးပွဲကြီးက ဖော်ဆောင်ပေးနိုင်မည်ဟု မျှော်လင့်ယုံကြည်ပါကြောင်း ဖြင့်‌ ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲ ဆုံွးဖတ်ချက်များနှင့်‌ တောင်သူလယ်သမားရေးရာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ကြေညာပြီး ကြွေးကြော်သံမျာွးဖင့် အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုလွှတ်တော်နာယကသည် တက်ရောက် လာကြသော တောင်သူလယ်သမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ပြည်သူ့လွှတ်တော်နှင့်‌ အမျိုးသားလွှတ်တော် ကော်မတီဥက္ကဋ္ဌများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံတောင်သူ လယ်သမား များနှင့်‌ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။


ငဖဲ     ဒီဇင်ဘာ     ၂၆
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ မြို့နယ်ကျန်းမာရေးဦးစီးဌာ နမှ နိုင်ငံတစ်ဝန်းဝက်သက်နှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်လုပ်ငန်း(၂၀၁၅)အောင်မြင် စွာကျင်းပနိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂နာရီက ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်အောင်က ၀က်သက်နှင့်ဂျိုက်သိုး ရောဂါအကြောင်းနှင့်လုပ်ငန်းဆောင်ရွက်ရခြင်းအကြောင်းတို့ကိုရှင်းလင်းပြောကြားပြီး မြို့နယ်သူနာပြု(၁) ဒေါ်ခင်သန်းအေးမှ ၀က်သက်နှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ လုပ်ငန်းများ ဆောင်ရွက်ထားရှိများကိုအသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊မြို့မိမြို့ဖများ၊အခြေခံပညာကျောင်းများမှကျောင်းအုပ်ဆရာ/ဆရာမများနှင့်ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ၀က်သက်နှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်းကို အသက်(၉)လ မှ(၁၅)နှစ်အထိကလေးသူငယ်များအား ကျောင်းအခြေပြုလုပ်ငန်းကို(၁၉-၁-၂၀၁၅)မှ(၂၈-၁-၂၀၁၅)ထိ နှင့် ပြည်သူလူထုအခြေပြုလုပ်ငန်းကို(၁၉-၂-၂၀၁၅)မှ(၂၈-၂-၂၀၁၅)ထိ ကာကွယ်ဆေးထိုးနှံမှုဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

ရေစကြို   -   ဒီဇင်ဘာ   -   ၂၇
ရေစကြိုမြို့၊ဖြူစင်လူမူကူညီရေးအသင်း၏(၅)နှစ်ပြည့်အထိမ်းအမှတ်ဆွမ်းဆက်ကပ်ခြင်း၊ဂုဏ်ပြုခြင်း၊
စာပေဟောပြောပွဲကျင်းပခြင်းကို ဒီဇင်ဘာ(၂၅)ရက်၊နံနက်ပိုင်းကဖြူစင်လူမူကူညီရေးအသင်း ရုံးတွင်ရေစကြိုမြို့ပေါ်ကျောင်းတိုက်များမှဆရာတော်သံဃာတော်(၂၁)ပါးတို့အားပင့်ဖိတ်ကာဆွမ်းဆက်
ကပ်လှူဒါန်းပူဇော်ခြင်း၊၀တ္တုငွေများဆက်ကပ်ပူဇော်လှူဒါန်းခြင်း၊ယင်းနောက်ဆရာတော်သံဃာတော်များကပရိတ်တရားတော်များ
ရွတ်ဖတ်ပူဇော်ကြပြီး၂၀၁၄ခုနှစ်အတွင်းသေဆုံးသူများအားရည်စူးလျှက်အမျှပေးဝေခြင်းပြုကြသည်။
ညပိုင်းတွင်ဖြူစင်လူမူကူညီရေးအသင်းစတင်တည်ထောင်ခဲ့ပြီး(၅)နှစ်တာကာလအတွင်းအများဆုံး
ကျန်းမာရေးကားမောင်နှင်ပို့ဆောင်သူနှင့်နာရေးမော်တော်ယာဉ်မောင်းနှင်ပို့ဆောင်သူများအားဂုဏ်ပြုဆု
များကိုတာဝန်ရှိသူများကပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီးစာပေဟောပြောပွဲပြုလုပ်ရာစာရေးဆရာညီမင်းညို နှင့်စာရေးဆရာဇော်ခိုင်ဦး တို့ကသုတ/ရသလူမူရေးဆိုင်ရာများဟောပြောကြပြီးဖြူစင် အသင်းအတွင်းရေးမှူးများဖြစ်ကြသောဦးဘိုသိန်းနှင့်ဦးမင်းလွင်
တို့ကဂုဏ်ပြုလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။ဇော်ဝင်းမောင်(ရေစကြို)

Find Us on Facebook

Popular Posts

Video