Monday, December 29, 2014
6:02 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအတွက် CNJ မီးသတ်ရေ သယ်ယာဉ်(၃၁)စီးနှင့်ပစ္စည်းကိရိယာများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီးအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀င် လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်၊တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊မိခင်ကလေး၊အမျိုးသမီးရေးရာ၊ကြက်ခြေနီနှင့်စက်မှုလုပ်ငန်းရှင်များ၊ကုန်သည် ကြီးများအသင်းအဖွဲ့များ၊မြို့မိမြို့ဖများ၊သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ အင်အား ၅၀၀ ကျော်တက် ရောက်ခဲ့ကြသည်။
ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှာစကားပြောကြားပြီး မကွေးခရိုင်၊ပခုက္ကူခရိုင်၊ဂန့်ဂေါ ခရိုင်များသို့လည်းကောင်း၊တိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ သရက်ခရိုင်၊ မင်းဘူးခရိုင်များသို့လည်းကောင်း မီးသတ်ရေသယ်ယာဉ်နှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
CNJ မီးသတ်ရေသယ်ယာဉ်(၃၁)စီး လွှဲပြောင်းပေးအပ်ရာတွင် အဆိုပါမီးသတ်ရေယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ၊မီးငြိမ်းသတ်ရေးကိရိယာများ၊ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာများ အသုံးပြု၍ သရုပ်ပြသခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment