Tuesday, December 30, 2014

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ အောင်လံမြို့နယ်၊ ကန်သာကျေးရွာနေ ဦးယုဝေ၏ နေအိမ်ရှေ့ တောင်သာရွာနှင့် ကန်သာရွာသွား ရွာချင်းဆက်လမ်းဘေး၌ အမျိုးသားတစ်ဦး ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးနေ ကြောင်း ကျောက်အိုးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်မှ ဖုန်းဖြင့် အကြောင်းကြားချက်အရ ရွှေပန်းတောနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲက၀င်များသည် သက်သေများနှင့်အတူ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အောင်လံ မြို့နယ်၊ အင်းလယ်ကျေးရွာနေသူ ၀င်းမြင့်၊ ၄၄ နှစ်၊ (ဖ)ဦးကျင်မောင် ဖြစ်ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ ၂၈.၁၂.၂၀၁၄ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်တွင် တောင်သာရွာမှ ရွှေပန်းတောရွာသို့ ရွာချင်းဆက်လမ်းအတိုင်း အရှေ့မှအနောက်သို့ ရွှေပန်းတောကျေးရွာနေ ယာဉ်မောင်း တင်ဝင်း၊ ၄၄ နှစ်၊ (ဖ)ဦးမောင်ကို မောင်းနှင်လာသော ဟီးနိုး(၆)ဘီးယာဉ်ပေါ်၌ ၀ါးအလုံး(၂၀၀)နှင့်အတူ ကိုဇော်မင်း၊ ကိုကျော်ဌေး၊ ကိုဝင်းမြင့်၊ ကိုတင်ထွေးတို့ လမ်းကြုံစီးနင်းလိုက်ပါလာခဲ့ရာ ဦးယုဝေ အိမ်ရှေ့အရောက် (၁၀)မိနစ်ခန့် ရပ်၍ ရေဖြည့်ရန်ရပ်နားခဲ့ကြောင်း၊ ရေဖြည့်ပြီး ပြန်အထွက်တွင် ၀င်းမြင့် မှာ ယာဉ်ပေါ် မှ ပြုတ်ကျကာ ယာဉ်၏နောက်ယာဘက်ဘီးဖြင့် ဦးခေါင်းအားနင်းမိ၍ အခင်းဖြစ် နေရာတွင် သေဆုံး သွားခဲ့ကြောင်းသိရှိရပါသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ တင်ဝင်း အား အောင် လံမြို့နယ်၊ ရွှေပန်းတော နယ်မြေ ရဲစခန်း ယာဉ်(ပ)၅/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video