၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် (၁၀း၅၀) နာရီအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မင်းတုန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မင်းတုန်းမြို့နယ် မင်းရွာကိုင်းကျေးရွာအနီး မင်းတုန်းမြို့နှင့် ပုသိမ်-မုံရွာသွား ကားလမ်းတို့အား ဆက်သွယ် ထားသော ဆက်သွယ်ရေးလမ်း မိုင်တိုင်အမှတ် ၁/၅ နှင့် ၁/၆ ကြားတွင် ဆိုင်ကယ် တိမ်းမှောက်၍ လူတစ်ဦးသေဆုံးကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။
ဖြစ်စဉ်မှာ ပုသိမ်-မုံရွာ ကားလမ်းဘက်မှ မင်းတုန်းမြို့ဘက်သို့ ကံမနိုင်ကျေးရွာနေ ခင်မောင်ဝင်း၊ ၄၇ နှစ်၊ (ဖ)ဦးအုန်းမောင် မောင်းနှင်ပြီး နောက်မှ အလယ်ချောင်း ကျေးရွာနေသူ မလှဌေး၊ ၄၀ နှစ်၊ (ဖ)ဦးထွန်းရွှေ အကြုံစီးနင်းလိုက်ပါ လာသော ၂၇ယ/xxxx KOBEBO 110 အနက်ရောင် ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင် ဘဲ လမ်းဝဲဘက်သို့ တိမ်းမှောက်သွားခဲ့သဖြင့် မလှဌေးတွင် ရင်ညွှန့်ညိုမဲဒဏ်ရာ၊ နောက်ကျော ပွန်းပဲ့ ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ ခင်မောင်ဝင်းအား မင်းတုန်းမြို့နယ်၊ မြို့မ ရဲစခန်း ယာဉ်(ပ) ၁၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment