ငဖဲ ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး ငဖဲမြို့မရဲစခန်းရှိ အချုပ်ခန်းများကို မကွေးတိုင်းဒေသကြီး တရားလွတ်တော် တရားသူကြီး ဒေါ်နုယဉ်က ယနေ့နံနက် ၁၀နာရီတွင် စစ်ဆေးမှုပြုလုပ်ဆောင်ရွက်ခဲ့သည်။
စစ်ဆေးမှုပြုလုပ်ရာသို့ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်နုယဉ်နှင့်အတူ တိုင်းဒေသကြီး တရားလွှတ်တော်ရုံးအဖွဲ့မှူး ဒေါ်ခင်စိမ်းဝင်း၊မင်းဘူးခရိုင် တရားသူကြီး ဒေါ်သီမာနွယ် ငဖဲမြို့နယ်တရားသူကြီး ဒေါ်လေးလေးနွယ်တို့ လိုက်ပါလျက် ငဖဲမြို့မရဲစခန်းအတွင်းရှိ အချုပ်ခန်းမှ အချုပ် တရားခံများ အချုပ်ခန်းတွင် ဥပဒေနှင့်အညီ ရသင့်ရထိုက်သောအခွင့်အရေးများ ခံစားရခြင်း ရှိ/မရှိ သင့်တင့်မျှတသော အစားအစာ အာဟာရ စားသုံးရခြင်း ရှိ/မရှိ ၊မကျန်းမာပါက ဆေးကုသရန် အခွင့်အရေး ရှိ/မရှိ များနှင့် အချုပ်သားနှင့်ပတ်သက်၍ဆောင်ရွက်ထားရှိမှုအခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Wednesday, December 31, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment