Wednesday, December 31, 2014

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ ည (၁၀း ၅၀) အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ ရေနံချောင်းမြို့နယ်၊ ရေနံချောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မိုင်တိုင်အမှတ် ၃၆၃ နှင့် ၃၆၃/၁ အကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်အား စစ်ဆေးရာ ရေနံချောင်းမြို့၊ ရုံးရပ်ရှိ ကျော်သီဟတည်းခိုခန်းအနီး ၊ ရန်ကုန်-မန္တလေး ကား လမ်းမကြီး မိုင်တိုင်အမှတ် ၃၆၃ နှင့် ၃၆၃/၁ အကြားတွင် ရေနံချောင်းမြို့တွင်းမှ မကွေးဘက် သို့ ရေနံချောင်းမြို့၊ အိုးဘိုရွာမရပ်နေ အောင်ကိုမင်း(၃၂)နှစ်သည် အရက်သောက်စားမူးယစ်ပြီး ၁၃ယ/xxxx ကန်ဘို ၁၂၅ နီနက်ကြားရောင်ဆိုင်ကယ်အား မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ခြမ်း ပလက်ဖောင်းဘေးတွင်ရပ်နေသော ရေနံချောင်းမြို့၊ အိုးဘို စည်ပင်သာယာ မြောက်ရပ်နေသူများဖြစ်သည့် ဒေါ်သက်သက်(၅၂)နှစ် ၊ (၆) တန်းကျောင်းသူ မရွှေဇင်ထွန်း (၁၁)နှစ် နှင့် (၈)တန်းကျောင်းသူ မပြည့်စုံမှူး၊ ၁၃နှစ် တို့(၃)ဦးအား ဝင်ရောက်တိုက်မိပြီး ဒဏ်ရာ များအသီးသီးရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဆိုင်ကယ်အားမဆင်မခြင်မောင်းနှင်သူ အောင်ကိုမင်း (၃၂)နှစ်အား ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၁၇/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video