Wednesday, December 31, 2014

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် ညနေ (၅း ၂၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ မကွေးမြို့နယ်၊ မကွေးမြို့မရဲစခန်းမှ ဒေါင်းနေတံတားလုံခြုံရေးတာဝန်ကျ တပ်ဖွဲ့ဝင်များသည် အမှတ်(၂၅) လုံခြုံရေးတပ်ဖွဲ့ခွဲရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 
ဖြစ်စဉ်အား စစ်ဆေးရာ မကွေး-ရေနံချောင်း ကားလမ်းအတိုင်း မကွေးမြို့ဘက်မှ ရေနံချောင်းမြို့ ဘက်သို့ မကွေးမြို့နယ်၊ ဝါဂွမ်းရွာနေ ဦးအောင်ဆန်းဝင်း (၃၈) နှစ် မောင်းနှင်လာသည့် ၂ဟ/xxxx၊ အပြာရောင် သုံးဘီး ဆိုင်ကယ်ပေါ်တွင် ခရီးသည် ကျား(၂)ဦး၊ မ(၆)ဦး၊ ပေါင်း(၈)ဦးအား တင်ဆောင် မောင်းနှင်လာစဉ် အမှတ်(၂၅)လုံခြုံရေးတပ်ဖွဲ့ခွဲရှေ့အရောက်တွင် ၎င်းလမ်းအတိုင်း နောက်မှ ကျောက်ပန်းတောင်းမြို့နယ်၊ ရှာတောစုကျေးရွာနေ စိုးမြိုင်(၄၂) နှစ် မောင်းနှင်လာသည့် ၉ဌ/xxxx ဖောကားအပြာရောင်ယာဉ်မှ သုံးဘီးဆိုင်ကယ်အားကျော်တက်စဉ် သုံးဘီးဆိုင်ကယ်၏ ဝဲဘက်ခြမ်း အား ဖောကား၏ ယာနောက်မြီးဖြင့် တိုက်မိ၍ သုံးဘီးဆိုင်ကယ်မှာ လမ်းအရှေ့ဘက်သို့ထိုးကျကာ လမ်းဘေးရှိသစ်ပင်အား ဝင်ရောက် တိုက်မိပြီး သုံးဘီးဆိုင်ကယ်ပေါ်တွင်လိုက်ပါလာသည့် သုံးဘီး မောင်းသူ ဦးအောင်ဆန်းဝင်းနှင့် မကွေးမြို့နယ်၊ တဲကြီးကုန်းရွာနေသူများဖြစ်သော ဒေါ်ဝေဝေလွင် (၄၁)နှစ် ပါ ခရီးသည် ကျား(၂)ဦး၊ မ(၆)ဦး၊ ပေါင်း(၈)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရှိရသည်။
ဖောကားအား မဆင်မခြင်မောင်းနှင်သူ စိုးမြိုင် (၄၂)နှစ်အား မကွေးမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၃၇/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။











0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video