မကွေး၊ ၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ (၃၀) ရက်
ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၃၀.၁၂.၂၀၁၄) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၄)ဦးတက်ရောက်၍ (၉၄.၁၂) ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ ပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို လွှတ်တော်ကိုယ်စားလှယ်(၅)ဦးက မေးမြန်းပြီးမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီး(၃)ဦးမှ
ပြန်လည်ဖြေကြားပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့်ဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း အတည်ပြု ပေးနိုင်ပါရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စည်ပင် သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီးက အဆိုတင်သွင်းပြီး ချင်းတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ် ဦးဆလိုင်းလှထွန်းက ထောက်ခံ၍ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး လွှတ်တော်၏ သဘောထားရယူကာ လွှတ်တော်ဥက္ကဋ္ဌမှ အတည်ပြု ကြောင်း ကြေညာပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးပုဂ္ဂလိကပိုင် ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ဥပဒေကြမ်း တစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း လွှတ်တော်မှ အတည်ပြု ပေးနိုင်ပါရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးက အဆိုတင်သွင်းပြီး ဂန့်ဂေါမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်မောင်က ထောက်ခံ၍ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး လွှတ်တော်၏ သဘောထားရယူကာ လွှတ်တော်ဥက္ကဋ္ဌမှ အတည်ပြုကြောင်း ကြေညာပါသည်။
ထို့နောက် ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေးကို (၁၀၅၀)အချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
Tuesday, December 30, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment