Wednesday, December 31, 2014

ပခုက္ကူ   -   ဒီဇင်ဘာ   -   ၃၁
    မကွေးတိုင်းဒေသကြီး  ၊ငါးလုပ်ငန်းဦးစီးဌာန၏   စီမံချက်နှင့်  အညီ ငါးသယံဇာတထိန်းသိမ်းရေးနှင့်
ငါးမျိုးစိတ်များတိုးပွားရေး၊တရားမ၀င်ငါးဖမ်းဆီးမှု များပပျောက်ရေးတို့အတွက်အကောင်အထည်ဖော်ဆောင်
ရွက်လျှက်ရှိရာ ဒီင်္ဇင်ဘာ(၃၁)ရက်၊မွန်းလွဲ(၁)ခွဲအချိန် ပခုက္ကူမြို့နယ်၊ကွန်းရွာအင်းအတွင်း တရားမ၀င်ဘက်ထရီလျှော့တိုက်ငါးဖမ်းနေသူနှစ်ဦး နှင့်အတူ (၁၈)တောင်အင်ဂျင်ရှပ်တန်းပါစက်လှေတစ်စီး၊ (၁၂)ဗို့ဘက်ထရီအိုး
(၂)လုံး၊ ငါးဖမ်းကော်(၁)ခု၊ လျှော့တိုင်(၂)ချောင်း၊ ဟန်းဆက်တစ်လုံး၊ ဒါး ၊ လေးဂွ ၊ လောက်စာလုံး ၊ မူလီပြတ်၊နှင့်ငါးမျိုးစုံ(သုံး)ပိဿာကျော်ခန့်တို့ အားခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးကျော်စန်းဝင်း  နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ငါးသယံဇာတထိန်းသိမ်းရေး အဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိသဖြင့်ရေချိုငါးလုပ်ငန်း
ဥပဒေပုဒ်မ(၄၅)အရတရားစွဲဆိုဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။အောင်(မန်းတက္ကသိုလ်)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video