Tuesday, December 30, 2014

အောင်လံ ဒီဇင်ဘာ  ၂၉
    ကြက်ခြေနီအသင်း/သူနာပြုတပ်ရင်းနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ကျောင်းကြက်ခြေနီ အခြေခံအဆင့် ရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို အောင်လံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း  အောင်ဆန်း
ခန်းမ၌ ဒီဇင်ဘာ(၂၉)ရက် နေ့လည် (၁း၀၀)နာရီက ကျင်းပခဲ့သည်။
    အခမ်းအနားသို့ အောင်လံမြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်း၊ဒု-ရဲမှူး ဦးဌေးမောင်၊ဒုမြို့နယ် ပညာရေးမှူး ဦးစိုးနိုင်နှင့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ ဌာနဆိုင်ရာအကြီးအကဲများ ကြက်ခြေနီအသင်းသူနာပြု တပ်ရင်းတပ်ဖွဲ့ဝင်များ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ ကျောင်းသား/ ကျောင်းသူများတက်ရောက်ကြသည်။
    ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ မြို့နယ်ဆရာဝန် ကြီး ဒေါက်တာဦးကိုကိုလေးက  ကြက်ခြေနီအခြေခံ အဆင့် ရှေးဦးပြုစုခြင်း ဆောင်ရွက်မှု၏ အကျိုးသက်ရောက်မှုများ(K A P ) ၏အနက်အဓိမ္ပာယ်အားရှင်းလင်းပြီး ဒုရဲမှူး ဦးဌေးမောင်က ကြက်ခြေနီအသင်း၏အရေး
ပေါ်လိုအပ်ချိန်တွင်အသုံးဝင်ပုံများ၊လက်ထောက်ပညာရေးမှူး ဦးစိုးနိုင်က ကြက်ခြေနီအသင်း၏ အဓိဌာန်(၃)ချက် ကြက်ခြေနီအသင်း၏ (Logo)  သင်္ကေတဖြစ်ပေါ်လာပုံနှင့် အစိုးရအသိအမှတ်ပြုသည့် အသင်းအဖြစ် ရပ်တည်လျှက်ရှိကြောင်းပြောကြား၍ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့တပ်ခွဲမှူး ဦးဇော်မင်းက သင်တန်းအတွေ့ အကြုံများအား ရှင်းလင်းတင်ပြခဲ့သည်။            ထို့နောက်အောင်လံမြို့အမှတ်(၁)(၂)(၃)အခြေခံပညာအထက်တန်းကျောင်းများမှကျောင်းကြက်ခြေနီ
အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် (၁-၂- ၃ /၂၀၁၄)တက်ရောက်ခဲ့ကြသည့် သင်တန်းသား/သူများထဲမှ ပထမ   ဒုတိယ   တတိယဆုရ  သူတို့အားဆုများ အသီးသီးချီးမြှင့် ခဲ့ကြောင်းသတင်းရရှိသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video