မကွေး ဒီဇင်ဘာ ၂၉
ဓါတ်မြေသြဇာနှင့်ပိုးသတ်ဆေးများအရည်အသွေးများမပြည့်မှီသဖြင့် ဒေသခံတောင်သူလယ်သမား များ၏ သီးနှံများပျက်စီးဆုံးရှုံးမှုများအတွက် အကာအကွယ်ပေးနိုင်ရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအတွင်း ဓါတ်မြေသြဇာရောင်းချသည့်ဆိုင်များနှင့် ဒေသခံတောင်သူများအား မြေသြဇာဥပဒေနှင့်ရှောင်ရန်၊ဆောင်ရန်အချက် များ၊ အရေးယူအပြစ်ပေးနိုင်သည့် ပြစ်မှုပြစ်ဒဏ်များကို သိရှိလိုက်နာနိုင်ရန် ပညာပေးဆွေးနွေးခြင်း ၊ဥပဒေနှင့်အညီ မြေသြဇာဖြန့်ဖြူး ရောင်းချခွင့်လိုင်စင်များထုတ်ပေးခြင်းနှင့်သက်တမ်းတိုးခြင်း ၊ မြို့နယ်အလိုက် ကွင်းဆင်းစစ်ဆေး ခြင်းများအား စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိအဖွဲ့များမှ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
“ မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်၂၅မြို့နယ်မှာ မြေသြဇာဖြန့်ဖြူးရောင်းချခွင့်လိုင်စင်(၃၇၈)ဦး၊ တရားဝင်ပိုးသတ်ဆေးရောင်းချခွင့်လိုင်စင်(၅၂၉)ဆိုင်ခွင့်ပြုထားပြီး ပိုးသတ်ဆေးတင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများကို ပိုးသတ်ဆေးဥပဒေ၊နည်းဥပဒေများနဲ့အညီ စစ်ဆေးဆောင်ရွက်လျှက်ရှိပါတယ် ” ဟု စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။ အရည်အသွေးမမီ၊သတ်မှတ်စည်းကမ်းချက်များနှင့်မညီသော မြေသြဇာများထုတ်လုပ်ရောင်းချမှုအား မြေသြဇာဆိုင်ရာ ဥပဒေ၊နည်းဥပဒေများဖြင့် တောင်သူများဘက်မှ အကာအကွယ်ပေးထားပြီး ပိုးသတ်ဆေးဥပဒေ ပုဒ်မ(၁၆)အရ ရောင်းချခွင့်လိုင်စင်ထုတ်ပေးခြင်း၊ငြင်းပယ်ခြင်း ၊ ပိုးသတ်ဆေးနမူနာများကိုစစ်ဆေးခြင်း ၊ မမှန်မကန် ရောင်းချခြင်းကိုစစ်ဆေးတွေ့ရှိပါက ပုဒ်မ(၄၃)အရ ငွေဒဏ် ၅၀၀၀ကျပ်အထိဖြစ်စေ၊ထောင်ဒဏ်(၃)လအထိဖြစ်စေ ၊ ပြစ်ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ကျခံစေခြင်း ၊ ပြစ်မှုတွင်အကျုံးဝင်သော သက်သေခံပစ္စည်းများကို ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း စသည့်ဥပဒေများဖြင့် ကာကွယ်ဆောင်ရွက်လျှက်ရှိသည်။
အဆိုပါဥပဒေများအရ အရေးယူဆောင်ရွက်ရခြင်းများ၊တောင်သူလယ်သမားများ ရွေးချယ်ပေါင်း သတ်ဆေး သုံးစွဲရာတွင် နောက်ရာသီသီးနှံ၌အပင်ပေါက်မှုထိခိုက်၍ သက်ဆိုင်ရာကုမ္ပဏီများမှ တန်ဖိုးပေးလျော် ရခြင်းများ ဖြစ်ပေါ်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူများအနေဖြင့်လည်း ဓါတ်မြေသြဇာနှင့်ပိုးသတ်ဆေး အရည် အသွေးမမီသဖြင့် သီးနှံပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် အကာအကွယ်ပေးမှုအစီအစဉ်များအတိုင်း စဉ်ဆက်မပြတ်စစ်ဆေးကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
ဇေယျတု(မကွေး)
Tuesday, December 30, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment