၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် ည ၈ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူ မြို့နယ်၊ ကမ္မနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ငဖောင်ကန်ကျေးရွာအနီး မိုင်တိုင်အမှတ် ၇/၇ နှင့် ၈/ဝ အကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။
ထိုသို့စစ်ဆေးခဲ့ရာ ပခုက္ကူ-ပေါက် ကားလမ်း မိုင်တိုင်အမှတ် ၇/၇ နှင့် ၈/ဝ အကြား၌ မင်းတပ်မြို့မှ ပခုက္ကူမြို့ဘက်သို့ မင်းတပ်မြို့နယ်၊ ရပ်ဒုတ်ကျေးရွာနေ ပခုက္ကူတက္ကသိုလ် (ရူပဗေဒ) နောက်ဆုံးနှစ် ၊ ကျောင်းသား မနားနိုင်း(၂၄)နှစ်(ဖ)ဦးတက်မနား စီးနင်းမောင်းနှင်လာသော နံပါတ်မပါ ကန်ဘို-၁၂၅ စိမ်းပုတ်ရောင်ဆိုင်ကယ်သည် မျက်နှာချင်းဆိုင်မှ လမ်းလျှောက်လာသော ပခုက္ကူမြို့နယ်၊ အိုင်ကြီး ကျေးရွာနေ ကျော်နိုင်(၄ဝ)နှစ်အား ဝင်ရောက်တိုက်မိပြီး မနားနိုင်းမှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲ ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကာ ကျော်နိုင်တွင် ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ဆိုင်ကယ်အားမဆင်မခြင် မောင်းနှင်သူ မနားနိုင်းအားအရေးယူပေးရန် ၂၈.၁၂.၂ဝ၁၄ ရက်နေ့ ၂၂.၃ဝ အချိန် ရဲအုပ် အောင်ဇော်ဝင်းမှ တရားလိုပြုလုပ်တိုင်တန်း၍ ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေရဲစခန်း ယာဉ်(ပ)၂၂/၂ဝ၁၄ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၇ အရ အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment