၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ၊ ရေစကြို မြို့နယ်၊ မအူရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် ပခုက္ကူ-မုံရွာကားလမ်း အောက်အိုကျေးရွာ အနီးတွင် ကားနှင့် ဆိုင်ကယ်တိုက်မိကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ တောကျောင်းကြီးကျေးရွာမှ ပခုက္ကူမြို့ဘက်သို့ ပေါက်မြို့နယ်၊ ညောင်ချေးပေါက်ရွာနေ အောင်ဖြိုး (၂၅) နှစ် မောင်းနှင်လာသော ယာဉ်အမှတ် 9F/xxxx ဟွန်ဒိုင်းကန်ဒါအမျိုးအစား မော်တော်ယာဉ် မှာ အောက်အိုကျေးရွာအနီးအရောက်တွင် နောက်ဘက်သို့ ရုတ်တရက်ချိုးကွေ့ လိုက်သဖြင့် ၄င်းလမ်းအတိုင်းနောက်မှပါလာသည့် ပခုက္ကူမြို့ဘက်မှ မုံရွာမြို့ဘက်သို့ ရေစကြို မြို့နယ်၊ ဆင်တန့်နားကျေးရွာနေ မျိုးချစ်(၄၂)နှစ် ရှေ့မှမောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ ဝင်းထွန်း(၃ဝ) နှစ် လိုက်ပါသည့် ၃၂ယ/xxx ကန်ဘို-၁၁ဝ ဆိုင်ကယ်အား တိုက်မိသဖြင့် မျိုးချစ်နှင့် ဝင်းထွန်းတွင် ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း သိရှိရသည်။

ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း အောင်ဖြိုး (၂၅)နှစ်အား ရေစကြိုမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၂၈/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment