၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် နေ့လည် ၃ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ မင်းလှမြို့နယ်၊ မင်းလှမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ထန်းကိုင်းရေနံမှော်တောင်ဘက် တောထဲတွင် ကြက်တိုက်လောင်းကစားနှင့် ခြောက်ကောင်လောင်းကစားပြုလုပ်နေကြောင်း သတင်း အရ သက်သေ များနှင့်အတူ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၊ မကျည်းရင်းကျေးရွာနေ ချစ်စမ်းမောင်(၁၉)နှစ်ပါ (၁ဝ)ဦးအား ခြောက်ကောင် လောင်း ကစားပြုလုပ်သည့်ခုံ(၁)ခု၊ အံစာတုံး(၃)တုံး၊ ဇယားကားချပ်(၁)ချပ်နှင့် ကြက်တိုက် လောင်း ကစားရာတွင် အသုံးပြုသည့် တိုက်ကြက်(၄)ကောင်၊ ကြက်တောင်မွေး(၁)ချောင်း၊ လွယ်အိတ် (၁)လုံး၊ လက်ဆွဲပုံး(၁)လုံး ပစ္စည်းများနှင့် လောင်းကြေးငွေစက္ကူရောရာ ၃၆၉၄ဝဝိ/-နှင့်အတူ ဆိုင်ကယ်(၃၈)စီးအား ဖမ်းဆီးရမိသဖြင့် ချစ်စမ်းမောင်ပါ(၁ဝ)ဦးအား မင်းလှမြို့နယ်၊ မြို့မရဲစခန်း (ပ)၂ဝ၃/၂ဝ၁၄၊ လောင်းကစားဥပဒေပုဒ်မ ၁၂(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment