၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ ည (၀၀း ၅၀) အချိန် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲအကူ တပ်ဖွဲ့ခွဲ ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သတင်းအရ မကွေးမြို့ ၊ အောင်စေတနာ (ဘီ)ရပ်ကွက်၊ (၃)လမ်းရှိ G-8 Lounge စားသောက်ဆိုင်သို့ ဝင်ရောက်စစ်ဆေးခဲ့ရာ စားသောက်ဆိုင်ခန်း အမှတ် (၁/၂/၃/၆)များတွင် ဗွီဒီယိုကာရာအိုကေများ သီဆိုနေကြသည်ကို တွေ့ရှိရ၍ အောင်စေတနာ (ဘီ) ရပ်ကွက်၊ (၃) လမ်းနေ ဆိုင်တာဝန်ခံဖြစ်သူ ကိုတိုး(၃၄) နှစ်အား စစ်ဆေးခဲ့ရာ မြို့နယ်ဗွီဒီယိုလုပ်ငန်းစိစစ် ကြီးကြပ်ရေး ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ဗွီဒီယိုကာရာ အိုကေ လုပ်ငန်းလုပ်ကိုင်နေသဖြင့် လုပ်ငန်း လုပ်ကိုင်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းကာ ဆိုင်တာဝန်ခံ ကိုတိုးအား မကွေး မြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၃၃၆/၂ဝ၁၄၊ ရုပ်မြင်သံကြားနှင့်ဗွီဒီယိုဥပဒေပုဒ်မ ၃၂(က) အရ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ G-8 Lounge စားသောက်ဆိုင်အတွင်း သက်သေများနှင့်အတူ ထပ်မံစစ်ဆေးခဲ့ရာ လိုင်စင်မဲ့ ဘီယာပုလင်း(၈၄)လုံး၊ ဘီယာသံဗူး(၁၂ဝ)ဗူး၊ အရက်အပြား(၁၈)ပြား၊ အရက်ပုလင်း (၂၃)လုံး စုစုပေါင်း တန်ဘိုး (၇၉၃ဝဝဝိ/-)အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် လိုင်စင်မဲ့ ယစ်မျိုးဝင် ပစ္စည်းများ ရောင်းချသူ ဆိုင် တာဝန်ခံ ကိုတိုး(၃၄) နှစ် အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၃၃၅/၂ဝ၁၄၊ ယစ်မျိုး ၃ဝ(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment