၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ ည (၈း ၁၅) အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ်၊ မကွေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ မကွေးမြို့၊ ရွာသစ်ပွဲကြိုရပ်ကွက် (၁၉)လမ်းရှိ ဂုဏ် တည်းခိုခန်း တွင် ပြည့်တန်ဆာများ ပျော်ပါးနေကြောင်း သတင်းအရ သွားရောက်ရှာဖွေခဲ့ကြောင်း သတင်းရရှိပါသည်။
ထိုသို့ ရှာဖွေခဲ့ရာ တည်းခိုခန်းအခန်းအမှတ်(၄)တွင် အမျိုးသားတစ်ဦးနှင့် ပြည့်တန်ဆာအမျိုးသမီး တစ်ဦးတို့ ပျော်ပါးနေသည်ကိုတွေ့ရှိရသဖြင့်စစ်ဆေးရာ ရွာသစ်ပွဲကြိုရပ်ကွက်နေ သီဟတင်စိုး (၂၄)နှစ်နှင့် ရေနံချောင်းမြို့၊ ရွှေတောင်ကြားရပ်ကွက်နေ မဖြိုးဖြိုး (ခ)မြင့်မြင့်ဇော်(၂၆)နှစ် တို့ ဖြစ်ကြောင်း သိရှိရပြီး သီဟတင်စိုးမှ မဖြိုးဖြိုး(ခ)မြင့်မြင့်ဇော်အား အခကြေးငွေ ၁ဝဝဝဝိ/-ဖြင့် ခေါ်ဆောင်ခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူ မဖြိုးဖြိုး(ခ) မြင့်မြင့်ဇော်အား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၂ဝ/၂ဝ၁၄၊ ပြည့်တန်ဆာဥပဒေပုဒ်မ ၃(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment