ဂန့်ဂေါ ဒီဇင်ဘာ ၂၈
ဂန့်ဂေါမြို့ မြစ်သာမြစ်အတွင်း ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး ဒီဇင်ဘာ ၂၆ ရက်က ရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွါးခဲ့သည်။
သေဆုံးသူမှာ ဂန့်ဂေါမြို့ ကျောတိုက်ရပ်ကွက်နေ ဦးချာသုံ၏သား မောင်ထန်ဘွေ (၉)နှစ် ဖြစ်၍ တတိ ယတန်းကျောင်းသားဖြစ်ပြီး ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က တစ်ရပ်ကွက်တည်းနေ ၁၁ နှစ် အ ရွယ်အမျိုးသားငယ်တစ်ဦးနှင့်အတူ ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက် မြစ်သာမြစ် ရေချိုးဆိပ်တွင် ရေဆင်းချိုးရာ မှ ရေထဲမျောပါ သေဆုံးခဲ့သည်ဟု ဆိုသည်။
ယင်း၏အလောင်းကို ဂန့်ဂေါမြို့မရဲစခန်းမှ ရဲအုပ်စိုးနိုင်နှင့် မြောက်ကုန်းရပ်ကွက်၊ ကျောတိုက်ရပ်ကွက် တို့မှ တာဝန်ရှိသူများ၊ ယင်း၏ဆွေမျိုးများတို့က ဝိုင်းဝန်းရှာဖွေကြရာ ဒီဇင်ဘာ ၂၇ ရက်နံနက်တွင် ရေချိုးဆိပ်၏ အောက်ဖက် ဂိုက် ၂၀၀ ခန့်အကွာ ခြုံပုတ်ကြား၌ ယင်း၏အလောင်းကို တွေ့ရှိခဲ့ကြသည်။
အလောင်းတွင် ပြင်ပဒဏ်ရာမတွေ့ရပဲ သေဆုံးနေကြောင်းတွေ့ရသဖြင့် ဂန့်ဂေါ မြို့မရဲစခန်းမှ သေမှု သေခင်းအမှတ်စဉ် ၆/၂၀၁၄ ဖြင့်ဖွင့်လှစ်ပြီး အမှုမှန်ပေါ်ပေါက်ရေး ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရ သည်။
Monday, December 29, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment