Sunday, December 28, 2014

 
မကွေး    ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့၌ ဒီဇင်ဘာ အားကစားလ နောက်ဆုံးပတ် လူထုလမ်းလျောက်ပွဲကြိးကို ယနေ့ နံနက်(၅)နာရီက မကွေးမြို့ တိုင်းအားကစားကွင်းရှေ့မှ စတင်ခဲ့ပါသည်။
စုပေါင်းလမ်းလျေက်ပွဲတွင်  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ အခြေခံကျောင်းများမှ ကျောင်းသား/သူများ ၊ အားကစားဝါသနာရှင်ပြည်သူများ တပျော်တပါး စုပေါင်း၍ အဝေရာလမ်းမှ မဲထီးလမ်း၊ မဲထီးလမ်း- မြို့ပတ်လမ်း- ပြည်တော်သာလမ်းမှတစ်ဆင့် တိုင်းအားကစားကွင်း အတွင်း ၀င်ရောက်ပြီး ကိုယ်ကာယ ကြံ့ခိုင်မှု့ လေ့ကျင့်ခန်း အတွဲ(၁)နှင့်(၂)ကို တပျော်တပါး   စုပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ စုစုပေါင်းအင်အား (၁၅၁၈၇)ဦး ပါဝင်ဆင်နွဲခဲ့ပါသည်။
ဒီဇင်ဘာ ၂၇ရက်နေ့ကအားကစားဝန်ကြီးဌာနက ကြီးမှူးသည့် ညနေပိုင်းတွင် သဲသောင်ပြင်ဘောလုံးပွဲအား ဧရာဝတီမြစ်အတွင်း သဲသောင်များတွင် ကျင်းပခဲ့ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video