Wednesday, December 31, 2014

နတ်မောက်     ဒီဇင်ဘာ           ၃၁
    မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ၂၀၁၅ ခုနှစ်အဝေးသင်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်ချက်မြင့် မာရေးအတွက်  ပညာရေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ၂၀၁၅ ခု အဝေးသင်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မကွေးတက္ကသိုလ်ဓါတုဗေဒဌာနပါမောက္ခဒေါက်တာဒေါ်ချောခင် ဦးစီးပြီး ဆရာ ဆရာမ ၁၆ ဦးတို့က နတ်မောက်မြို့အထက(၁)တွင် န/သမှုန်းကုန်းနှင့်အ.ထ.က(ခွဲ)လဲဘူးမှ ကျောင်းသားကျောင်းသူများအား လည်းကောင်း၊ အ.ထ.က(ခွဲ)သမျှားနှင့် အ.ထ.က(ခွဲ)တက်ဝန်မှ ကျောင်းသားကျောင်းသူ များသည် အ.ထ.က(၂) တွင်လည်းကောင်း၊ အ.ထ.က ရွှေပန်းတောသို့ အ.ထ.က ရွာမွန်၊အ.ထ.က စိုင်ကောင်း၊အ.ထ.က(ခွဲ)အင်းကန်နှင့် အ.ထ.က(ခွဲ)ဖန်းခါးစမ်း မှကျောင်းသားကျောင်းသူများအသီးသီးတက်ရောက်ကြပြီး စုစုပေါင်းအင်အား ၂၉၉၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video