နတ်မောက် ဒီဇင်ဘာ ၃၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ၂၀၁၅ ခုနှစ် ၆၇ နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုဂုဏ်ပြုသောအားဖြင့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် ဟောပြောပွဲကို ဒီဇင်ဘာ ၃၀ ရက်ညနေ ၄ နာရီအချိန်တွင် မြို့နယ်ပြန်/ဆက်ရုံး၌ ကျင်းပခဲ့သည်။
အဆိုပါ ၂၀၁၅ ခုနှစ်၆၇ နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုဂုဏ်ပြုပွဲ သို့ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ဥမ္မာခင်မှ လာေ၇ာက်ကြည့်ရှုသည့် ကျောင်းသားကျောင်းသူများအား လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းကို အကျယ်တဝန်းရှင်းလင်းပြောကြားပြီး ခင်းကျင်းပြသထားသည့် စာအုပ်များ၊ နံရံကပ်စာစောင်များနှင့် မြို့နယ်အတွင်းဖွင့်လှစ်သည့် စာကြည့်တိုက်များ၏ ဓါတ်ပုံများကို ကျောင်းသားကျေင်းသူ ၁၅၀ ဦးက ကြည့်ရှုခဲ့ကြပြီး စာကြည့်တိုက်အသင်းဝင် ကျောင်းသားကျောင်းသူများကလည်း စာအုပ်များကို ငှါးရမ်း၍ ဝန်ထမ်းများက စာရင်းများပြုစုပေးခဲ့ကြောင်းသိရသည်။
Wednesday, December 31, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment