ဂန့်ဂေါ ဒီဇင်ဘာ ၂၈
နိုင်ငံတော်မတည်ငွေ ကျပ် ၁၀ သိန်းဖြင့် ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် ပျားကျေးရွာတွင် ကျေးရွာ စာကြည့်တိုက်အဆောက်အအုံ ဆောက်လုပ်နေမှုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့် ၊ ဒုတိယဦးစီးမှူး ဒေါ်အေးအေး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အင်ဂျင်နီယာ ဦးဖြိုးမင်းဝင်းတို့သည် ဒီဇင်ဘာ ၂၈ ရက်က သွားရောက်ကွင်းဆင်း ကြည့်ရှု ကြကာ လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးကြသည်။
အဆိုပါစာကြည့်တိုက် အဆောက်အအုံကို နိုင်ငံတော်ခွင့်ပြုငွေ ကျပ် ၁၀ သိန်းအားမတည်လျှက် ကျေးရွာမှစုပေါင်းထည့်ဝင်ငွေ ကျပ် ၁၈ သိန်းတို့ဖြင့် အလျှား ၂၄ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၂ ပေ ရှိ တစ်ထပ်၊ အုတ်ညှပ်၊ သွတ်မိုး၊ သမံတလင်းခင်းဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Monday, December 29, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment