မကွေး ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် စကု-အိုင်းမ ကျောက်ချောလမ်း(၁၄)မိုင် ခွင့်ပြုငွေ(၆၅၅.၉)သန်းဖြင့် နန်းမြင့်သူကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျှက်ရှိ သည်။အဆိုပါ ကျောက်ချောလမ်းအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်၊မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး၊ မင်းဘူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အထောက်အကူပြုကော်မတီများ ကွင်းဆင်းစစ်ဆေးမှုကို မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ဘုန်းလင်း လက်ထောက် ညွှန်ကြားရေးမှူး (နည်းပညာ) မှ ကျောက်ချောလမ်းခင်းခြင်းနှင့်ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးပါက ကျေးရွာပေါင်း (၁၂)ရွာရှိ အိမ်ထောင်စု (၂၀၂၄)အိမ် လူဦးရေ (၈၄၄၁)ဦး၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ကုန်စည် စီးဆင်းမှုများ အဆင်ပြေချောမွေ့သွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး (ငဖဲ)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment