နတ်မောက် ဒီဇင်ဘာ ၃၁
နတ်မောက်မြို့တွင် ဆိုင်ကယ်လိုင်စင်များပြုလုပ်ပေးခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက နတ်မောက်မြို့ ဗိုလ်တေဇ အားကစားကွင်းခန်းမတွင် ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါဆိုင်ကယ်မောင်းလိုင်စင်များပြုလုပ် ပေးခြင်းကို မြို့နယ် ယကကဥက္ကဌ ဦးချင်ဟိုနှင့်ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် မကွေးတိုင်းဒေသကြီး မကွေးကညန ဒုဦးစီးမှူး ဒေါ်ဝါဝါချိုနှင့် ဝန်ထမ်းများက နတ်မောက်မြို့နယ်ရှိ ဆိုင်ကယ်မောင်းသူ ၃၅၀ ဦးအား ယာဉ်မောင်းနှင်ခွင့်ပြုလိုင်စင် ပြုလုပ်ပေးပြီး လျှောက်လွှာတစ်စောင်လျှင် ၁၀၀၀ိ/-နှုန်းနှင့် တစ်ဦးလျှင် လိုင်စင်ပြုလုပ်ခ ၇၀၀၀ိ/-နှုန်းပေးသွင်းခဲ့ရာ ဆိုင်ကယ်မောင်းလိုင်စင်များကို ဇန်နဝါရီလ ၇ ရက်နေ့တွင် ထုတ်ပေးမည်ဖြစ်ကြောင်းသတင်းရရှိသည်။
Wednesday, December 31, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment