၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ (၆)နာရီခွဲ အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မြိုင်မြို့နယ် ပြည်သူ့ဆေးရုံ အနီးတွင် ယာဉ်တိုက် မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင်အတူ သွားရောက် စစ်ဆေးခဲ့ပါသည်။
ဖြစ်စဉ်မှာ မြိုင်-လင်းကတောကားလမ်းအတိုင်း မြိုင်မြို့မှ ဥယျာဉ်မရွာဘက်သို့ ဥယျာဉ်မရွာနေသူ ဦးသံချောင်း(၄၂)နှစ် မောင်းနှင်ပြီး ဆိုင်ကယ်နောက်တွင် ပေါက်ပျဉ်းကျေးရွာနေ ဦးစိန်ညွန့်(၆၁)နှစ်၊ ထိုင်စီးလိုက်ပါလာသော အမ်ဘို - ၁၂၅ အနက်ရောင်ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာ ဘက် ဘေးရှိ ရှားပင်အား ၀င်တိုက်မိသဖြင့် ဆိုင်ကယ်တိမ်းမှောက်ခဲ့၍ ဦးသံချောင်းတွင် ယာဘက်ရင်ဘတ် နာကျင်ဒဏ်ရာ(၁)ချက်၊ ယာဘက်လက်မောင်း နာကျင်ဒဏ်ရာ (၁)ချက် ရရှိခဲ့ပြီး၊ ဆိုင်ကယ် နောက်မှ ထိုင်စီးလိုက်ပါလာသူ ဦးစိန်ညွန့်မှာ ၀ဲဘက်မျက်ခုံးပေါက်ပြဲချိုင့်ဝင်ဒဏ်ရာ၊ ပါးစပ် ဖူးရောင်ပြီး သွားကျိုး ဒဏ်ရာ၊ ၀ဲဘက်ဦးခေါင်းကြေမွဒဏ်ရာ(၁)ချက် အခင်းဖြစ်ရပ်တွင် သေဆုံး သွားခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးသံချောင်း (၄၂) နှစ်အား မြိုင်မြို့နယ်၊ မြို့မ ရဲစခန်း ယာဉ်(ပ) ၃၇/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄-က/၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment