၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ (၄)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ပခန်းငယ်အုပ်စု၊ သစ်ချိုကုန်းရွာ၊ မြောက်ဘက် (၁)မိုင်ခန့်အကွာ ဧရာဝတီမြစ်အတွင်း၌ ရေယာဉ်မှူး ဦးဝင်းဇော် မောင်းနှင်သည့် ``ဂရင်းလပ်ဝမ်း´´တွန်းသင်္ဘော သည် ဧရာဝတီမြစ်အတွင်း သောင်တင်၍ ၄င်းတွန်းသင်္ဘောနှင့် တွဲထားသော အရှည် ၂၀၀ ပေ၊ အနံ ၄၅ ပေခန့်ရှိ ဆီမပါ ဆီတွဲအခွံမှာ ကြိုးပြတ်ပြီး ရေထဲမျောပါသွားခဲ့ရာ ၄င်းတွဲပေါ်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်နေ သင်္ဘောတွဲမှူး ဦးအောင်နိုင်၊ ၄၄ နှစ် နှင့် အောင်ကျော်မြင့်တို့ (၂)ဦးပါသွားခဲ့ကြောင်း၊ ရေမိုင်(၁)မိုင်ခန့်အကွာ သစ်ချိုကုန်းရွာ အနောက် ဘက် ဧရာဝတီမြစ်ကမ်းဘေးအရောက်တွင် သောင်ခုံအားတိုက်မိ၍ ဆီတွဲအခွံ ရပ်သွားခဲ့စဉ် ဆီတွဲပေါ်ပါသွားသော ဦးအောင်နိုင်မှာ ရုတ်တရက် ယိမ်းယိုင်ပြီး ဆီတွဲကုန်းပတ်ပေါ်ရှိ ရေပိုက်နှင့် ခလုတ်တိုက် လဲကျကာ ဆီတွဲကြမ်းပြင်နှင့် မျက်နှာရိုက်မိ၍ နဖူး ဖူးရောင်ဒဏ်ရာ၊ သွားကျိုး သွေးထွက် ဒဏ်ရာများရရှိပြီး နေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်နှင့်ပါတ်သက်၍ သေဆုံးသူ ဦးအောင်နိုင် မှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ချောက်မြို့နယ်၊ စလေနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၇/၂၀၁၄ အရ ရေးဖွင့်ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment