Thursday, January 1, 2015

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် ည (၈)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ် မြို့နယ်၊ မြို့လုလင်ကျေးရွာအနီး မြို့သစ်-တောင်တွင်းကားလမ်း မိုင်တိုင်အမှတ် ၈/၅ နှင့် ၈/၆ အကြားတွင် မြို့သစ်မြို့နယ်၊ ဆည်ရွာကျေးရွာနေသူ ဦးမြင့်လွင်၊ ၄၇ နှစ်သည် အရက်သေစာသောက်စား၍ အမ်ဘို-၁၂၅ ဆိုင်ကယ်ဖြင့် တောင်တွင်းကြီးမြို့ဘက်မှ မြို့သစ်မြို့ဘက်သို့မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးအုတ်ခုံအား ၀င်တိုက်မိ၍ နဖူး ပေါက်ပြဲ၊ ချိုင်ဝင့်ဒဏ်ရာ၊ နားခေါင်းသွေးထွက်ဒဏ်ရာ၊ ယာ လက်ကောက်ဝတ် ဖူးရောင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးမြင့်လွင်အား မြို့သစ်မြို့နယ်၊ မြို့မရဲစခန်း ယာဉ် (ပ)၃၀/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video