Monday, December 29, 2014

ရေစကြို   -   ဒီဇင်ဘာ   -   ၂၉
    မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင်၊ရေစကြိုမြို့၊ရပ်ကွက်ပေါင်းစုံဘောလုံးဗိုလ်လုပွဲကိုဒီဇင်ဘာ
(၂၇)ရက်၊ညနေပိုင်းတွင်မြို့နယ်ပြည်သူ့အားကစားကွင်း၌ယှဉ်ပြိုင်ကြရာအမှတ်(၁)ရပ်ကွက်အသင်းနှင့်
အမှတ်(၈)ရပ်ကွက်အသင်းတို့ဗိုလ်လုယှဉ်ပြိုင်ကြသည်။
    ဗိုလ်လုပွဲတွင်အမှတ်(၁)ရပ်ကွက်အသင်းကအမှတ်(၈)ရပ်ကွက်အသင်းအား(၅-ဂိုး၊၄-ဂိုးဖြင့်)
အနိုင်ရဗိုလ်စွဲသွားခဲ့သည်။
    ဆုများပေးအပ်ချီးမြှင့်ရာပထမဆွတ်ခူးရရှိသောအမှတ်(၁)ရပ်ကွက်ဘောလုံးအသင်းအားအမျိုးသား
လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သန်းကလည်းကောင်း၊ဒုတိယဆုရရှိသောအမှတ်(၈)ရပ်ကွက်ဘောလုံး
အသင်းအားမြို့မိမြို့ဖအောင်သိဒ္ဓိ ဦးအောင်ဆန်းကလည်းကောင်း၊တတိယဆုရရှိသည့်အမှတ်(၂)ရပ်ကွက်
အသင်းအားဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဌေးဝင်းနှင့်ဘောလုံးဆပ်ကော်မတီဝင်များကပေးအပ်အပ်ချီးမြှင့်
ကြောင်းသိရသည်။ ဇော်ဝင်းမောင်(ရေစကြို)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video