ပွင့်ဖြူ ဒီဇင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာနှင့်ထနောင်းကုန်းကျေးရွာတွင် လျှပ်စစ်မီးရရှိပြီးဖြစ်၍ လျှပ်စစ်မီးအောင်ပွဲအား ဒီဇင်ဘာ ၈ ရက် နံနက်က ရွှေလှေကျေးရွာ၌ ကျင်းပခဲ့သည်။ ရွှေလှေကျေးရွာ လျှပ်စစ်မီးသုံးစွဲနိုင်ရေးအတွက် (၁၁) ကေဗွီဓာတ်အားလိုင်း(၅)မိုင်၊ (၄၀၀)ဗို့လိုင်း(၂.၆)မိုင်၊ (၃၁၅)ကေဗွီအေ ထရန်စဖော်မာ(၁)လုံး တည်ဆောက်ခဲ့ပြီး စုစုပေါင်းကျပ်သိန်း(၁၇၀၀)ကျော်ခန့် ကုန်ကျခဲ့ ပြီး လက်ရှိတွင် အိမ်ထောင်စု(၁၇၀)မှာ လျှပ်စစ်မီးရရှိ သုံစွဲနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာများသို့ ပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့်လျှပ်စစ်ဝန်ထမ်းများ သွားရောက်၍ ကျေးလက်နေပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် သိပညာပေးပိုစတာများစိုက်ထူပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ပညာပေးဟောပြောခြင်း များဆောင်ရွက်ခဲ့ကြကြောင်း သိရှိရ သည်။
Monday, December 29, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment