Thursday, April 30, 2015

မကွေးမြို့ ၊ ဧပြီလ (၃၀) ရက်

၂၀၁၅ ခုနှစ် ဧပြီ ၂၉ ရက်နေ့ နံနက် ၀၈း၃၀ အချိန်မှ ၀၈း၄၅ နာရီအချိန်ထိ မကွေးတိုင်း ဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မကွေးတက်္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၊ ဘက်စုံ(၂)အခန်းတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး(OHCHR)အစီအစဉ်ဖြင့် လူ့အခွင့်အရေးဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း၊
အခမ်းအနားသို့ မကွေးတိုင်ဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်း၊ မကွေးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ သက်လွင်၊ နည်းပြ UNITED KINGDOM နိုင်ငံသား Mr.Daniel Collinge၊ NEPAL နိုင်ငံသား Mr.Imesh Pokharel နှင့် စကားပြန် (၂)ဦး၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်များမှ ရဲမှူး(၁၁)ဦး၊ ဒုရဲမှူး (၁၇)ဦး၊ ရဲအုပ် (၂၇)ဦး၊ စုစုပေါင်း (၆၁)ဦး တက်ရောက်ခဲ့ကြောင်း၊
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ နည်းပြများမှ မိတ်ဆက်အမှာစကား ပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ပြီး သင်တန်းအား ၂၉.၄.၂၀၁၅ ရက်နေ့ မှ ၃၀.၄.၂၀၁၅ ရက်နေ့အထိ လူ့အခွင့်အရေးဆိုင်ရာများ ဆွေးနွေးပို့ချခဲ့ ပါကြောင်း၊
၃၀.၄.၂၀၁၅ ရက်နေ့ ညနေ ၀၄း၃၀ အချိန် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ပါကြောင်းနှင့် သင်တန်းဆင်းပွဲသို့ မကွေးတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး အောင်စိုးဝင်း၊ ရဲအကူတပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူးကြီး ချန်ထွန်းအောင်၊ နည်းပြ UNITED KINGDOM နိုင်ငံသား Mr.Daniel Collinge၊ NEPAL နိုင်ငံသား Mr.Imesh Pokharel နှင့် စကားပြန် (၂)ဦး၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်များမှ ရဲမှူး(၁၁)ဦး၊ ဒုရဲမှူး (၁၇)ဦး၊ ရဲအုပ် (၂၇)ဦး၊ စုစုပေါင်း (၆၁)ဦးတက်ရောက်ခဲ့ပြီး နည်းပြ (၂)ဦးနှင့် စကားပြန်(၂)ဦးတို့အား မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒေသထွက် လက်ဆောင်များ ပေးအပ်ခဲ့ ပါကြောင်း သတင်း ရရှိ ပါသည်။






ကျောက်ထု ဧပြီ ၃၀
    ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ၌ စပါးခင်းများ၌ စပါးပြီးလျှင် ကြက်သွန်ဖြူကို သီးထပ်အဖြစ် စိုက်ပျိုးလေ့ရှိရာ အဆိုပါကြက်သွန်ဖြူများ သင်္ကြန်ကာလပြီးလျှင်ဖော်၍ ရောင်းချကြပြီး အလှူဒါနပြုခြင်း အပါ အဝင် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ကြလေ့ရှိသည်။
    ယခင်နှစ်များက ဒေသထွက်ကြက်သွန်ဖြူများ ငွေကျပ် ၈၀၀ ဈေးခန့်သာရှိသော်လည်း ယခုနှစ် ကြက်သွန်ဖြူပေါ်ချိန်တွင် ထွက်နှုန်းကောင်းခြင်းအပါအဝင် ကျပ် ၁၃၀၀ ကျပ်ဈေးပေါက်သဖြင့် တောင်သူများ မှာ ဝင်ငွေရွှင်လျှက်ရှိသည်။
    ထိုသို့အထွက်နှုန်းကောင်းခြင်းမှာ တောင်သူများအနေဖြင့် ခေတ်၏တိုးတက်မှုနှင့်အညီ စိုက်ပျိုးရေး ဦးစီးဌာန၏ စိုက်စနစ်ပြောင်းလဲစိုက်ပျိုးစေမှုအပါအဝင် နိုင်ငံတော်မှ တောင်သူလယ်သမားများထံ လယ်ယာသုံး စက်ကရိယာများသုံးစွဲနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်း အရစ်ကျရောင်းချခြင်းအပါအဝင် စေတနာထား ဆောင် ရွက်ပေးခြင်းများကြောင့်ဖြစ်သည်ဟု တောင်သူ ဦးထွန်အေး၏ ပြောပြချက်အရသိရသည်။
ကျော်သန်းဆွေ

မကွေး     ဧပြီ   ၃၀
    မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ၂၅ကြိမ်မြောက်ငွေရတု နှစ်ပတ်လည်
 သွေးလှူဒါန်းပွဲကိုယနေ့နံနက်၈း၀၀နာရီအချိန်တွင်မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်သည်။
    အဆိုပါသွေးလှူဒါန်းပွဲကို မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်သင်းသင်းထွေးနှင့် အဖွဲ့ဝင်များတက်ရောက်အားပေးပြီး သွေးလှူရှင်များအား အာဟာရများ၊ လက်ဆောင်များ ပေးအပ်ပါသည်။
    သွေးလှူရှင်များမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိများနှင့်ရဲဘော်ရဲမေများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သူနာပြုကျောင်းသူများ၊ မြို့ပေါ်(၁၅)ရပ်ကွက်မှ ပြည်သူများ စုစုပေါင်း (၈၇)ဦးပါဝင်လှူဒါန်းခဲ့ကြောင်းသိရ သည်။
ညီညီမောင်
ကျောက်ထု ဧပြီ ၃၀
    ဂန့်ဂေါခရိုင် ကျောက်ပျဉ်းကျေးရွာတွင် ဧပြီ  ၂၃ ရက်က လေပြင်းတိုက်ခတ်သဖြင့် ကျောင်းအနီးရှိ သစ်ပင်ကြီးတစ်ပင် ကျေးရွာမူလတန်းကျောင်းဆောင်ပေါ်ပြိုလဲခဲ့ရာ အလျှား ၈၀ ပေ၊ အနံ ၂၄ ပေရှိ ကျောင်းဆောင် အမိုး၊ အကာနှင့် ပရိဘောဂများပျက်စီးသွားခဲ့သဖြင့် ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်း ၂၅၀ ကျော်  ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
    အဆိုပါကျောင်းဆောင်အား ကျောင်းဖွင့်အမီ ပြန်လည်ဆောက်လုပ်နိုင်ရန်အတွက် ညှိနှိုင်းအစည်း အဝေးကို ကျောက်ပျဉ်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ဧပြီ ၂၈ ရက်ကပြုလုပ်ရာ ကျောက်ထုမြို့ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင် ၊ ဆောမြို့နယ် ပညာရေးမှူး ဒေါ်ဒွန်းလိန်း၊ စည်ပင်သာယာ အင်ဂျင်နီယာ ဦး သန်းနိုင်ဦး၊ ကျောက်ပျဉ်းရွာ ပညာရေးဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များ တို့ တက်ရောက်ကြ သည်။
၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ ည (၁၀း၀၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေ ရဲစန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သဒွတ်ကျေးရွာအုပ်ချုပ်ရေးမှူးမှ လူတစ်ဦး ကြိုဆွဲချ သေဆုံးနေကြောင်း ဖုန်းဖြင့်အကြောင်းကြားချက်အရ သက်သေများနှင့်အတူ အခင်းဖြစ် အရပ်သို့ သွားရောက် စစ်ဆေးရာ သဒွတ်ကျေးရွာနေသူ ဆန်းထွန်း(၃၃)နှစ် သည် အရက်သောက် များပြီး စိတ်ဖောက်ပြန်ကာ နေအိမ်ရှိ ၄ပင် ၃ပင် နွားစာတဲအတွင်း နွားစာစင်းခုံ ပေါ်မှတဆင့် အမြင့် ၉ ပေခန့်ရှိ ထုတ်တန်း၌ အရှည် ၃ ပေခန့် ကြိုးဖြင့် ချည်ကာ လည်ပင်းတွင် ကြိုးကွင်းစွပ်၍ ခုန်ချရာ မြေ ကြီးနှင့်ခြေထောက် ၁ ပေခန့်လွတ်၍ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရ သဖြင့် ဆန်းထွန်း သေဆုံးခြင်း မှာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် မြိုင်မြို့နယ်၊ ဗဟင်း နယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၄/၂၀၁၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လက်ပနွယ်ရွာနေသူ သံခဲ(၅၂) နှစ်၊ စလင်း မြို့နယ်၊ ဆင်ကျုံးရွာနေသူ ကျော်ငွေ (၅၅)နှစ်၊ ပွင့်ဖြူမြို့နယ်၊ လက်ပံချီပေါ်ရွာနေသူ ဆန်းမင်း(၂၅) နှစ်၊ ဇော်မင်းလွင် (၃၀)နှစ်၊ မျိုးကိုကို(၂၃)နှစ်၊ တို့သည် ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း ပွင့်ဖြူရဲစခန်း ပိုင်နယ်မြေ အတွင်း ကြက်တိုက်လောင်းကစားမှုများ မကြာခဏပြုလုပ် လေ့ရှိခြင်း၊ ကြက်တိုက် လောင်းကစားမှုဖြင့် အသက်မွေး ၀မ်းကြောင်း ပြုလုပ်ကြောင်း ကျော်ဇောသတင်းရှိသူများ ဖြစ်၍ ၄င်းတို့အား ပြင်ပတွင်လွတ်လပ်စွာ ထားရှိပါ က ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး ကို ထိခိုက်ပျက်ပြားစေနိုင်သဖြင့် ၄င်းတို့(၃)ဦး အား လောင်းကစားဥပဒေပုဒ်မ ၂၁/ ကျင့် ၁၁၀ ဖြင့် အရေးယူ ဆောင်ရွက်နိုင်ရေး ပွင့်ဖြူမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြခဲ့ကြောင်း၊
၂၅.၃.၂၀၁၅ ရက်ရက်နေ့တွင် ပွင့်ဖြူမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ စာအမှတ် ၃/၁၅-၁၂၅/ ဦး ၁ ဖြင့် ၄င်းတို့(၅)ဦးအား အရေးယူဆောင်ရွက်ရန် အကြောင်း ကြားလာသဖြင့် သံခဲအား ပွင့်ဖြူမြို့မရဲစခန်း (ပ)၇၃/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၂၁/ ကျင့် ၁၁၀ အရ လည်းကောင်း၊ ကျော်ငွေအား ပွင့်ဖြူမြို့မ ရဲစခန်း (ပ)၇၄/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၂၁/ ကျင့် ၁၁၀ အရ လည်းကောင်း၊ ဆန်းမင်းအား ပွင့်ဖြူ မြို့မရဲစခန်း (ပ)၇၅/၂၀၁၅၊ လောင်းကစား ဥပဒေ ပုဒ်မ ၂၁/ ကျင့် ၁၁၀ အရ လည်းကောင်း၊ ဇော်မင်းလွင် အား ပွင့်ဖြူမြို့မရဲစခန်း (ပ)၇၆/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၂၁/ကျင့် ၁၁၀ အရ လည်းကောင်း၊ မျိုးကိုကို အား ပွင့်ဖြူမြို့မရဲစခန်း (ပ)၇၇/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၂၁/ ကျင့် ၁၁၀ အရ လည်းကောင်း အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ ညနေ (၄)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်အရ သက်သေ များနှင့် အတူ လောင်းကစား ဖမ်းဆီးရမိရေး သတင်းစုံစမ်းနေစဉ် ပင်လယ်သက်ကျေးရွာ ရွာလယ်ဇရပ် တွင် မင်းဘူးမြို့နယ်၊ ဇကာကျေးရွာနေသူ အောင်ထွန်း(၂၉)နှစ်မှာ လွယ်အိတ်(၁)လုံးနှင့် ထိုင်နေ သည်ကို တွေ့ ရှိရ၍ မသင်္ကာသဖြင့် ရှာဖွေရန် ၄င်းအနီးသို့ သွားရောက်စဉ် အောင်ထွန်းမှာ ထွက်ပြေး သွားသဖြင့် လိုက်လံဖမ်းဆီးကာ ၄င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက် စာတမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့် ငွေစက္ကူရောရာ ၄၇၅၅၀ိ/-ခန့်အား ရှာဖွေ သိမ်းဆည်းရမိသဖြင့် တရားမ၀င် နှစ်လုံးထီလောင်းကစားပြုလုပ်သူ အောင်ထွန်းအား မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်း၊ (ပ)၆၀/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)အရ အရေးယူဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိသည်။ 
အလားတူ ၃၀.၄.၂၀၁၅ ရက်နေ့ နံနက် (၁း၁၅)နာရီအချိန်ခန့်တွင် သရက်ခရိုင်၊ သရက်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လှည့်ကင်း ဆောင်ရွက်နေစဉ် သရက်မြို့၊ ဈေး ရပ်ကွက်ရှိ သရက်-အောင်လံ ပဲ့ထောင်ဆိပ်ကမ်း လမ်းဘေးဓါတ်တိုင်အောက်တွင် သရက်မြို့၊ တောင်မင်း တည်းရပ်ကွက်နေသူ အောင်လေး(၂၆)နှစ်၊ မစုမြတ်နိုင် (၁၉)နှစ်၊ မကြည်ကြည်လှိုင် (၂၅)နှစ်၊ မျိုးမင်းထက် (၁၈)နှစ်၊ သန်းဇော်ထက်(၂၆)နှစ်၊ ကိုမျိုး(၃၂)နှစ်နှင့် အောင်လံမြို့နယ်၊ ဂုံတော စံပြကျေးရွာနေသူ ဇော်မင်း (၃၇)နှစ် တို့(၇)ဦးအား ဖဲရိုက်လောင်းကစား နေသည်ကို တွေ့ရှိရပြီး ဖဲရိုက်လောင်းကစားရာတွင် အသုံးပြု သည့် AAA တံဆိပ်ပါ ဖဲချပ် (၄၉)ချပ်၊ ကြွေပန်းကန်ပြား အသေး(၁)ချပ်၊ အစိမ်းရောင်ပုဆိုး (၁) ထည်နှင့် ငွေစက္ကူရောရာ ၄၂၅၀၀ိ/-အား ရှာဖွေ သိမ်းဆည်းရမိ သဖြင့် အောင်လေးပါ (၇)ဦးအား သရက် မြို့နယ်၊ မြို့မရဲစခန်း (ပ)၄၈/၂၀၁၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၂(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ နံနက်(၉)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဆင်ပေါင်ဝဲမြို့မရဲစခန်း အနောက်တောင်ဘက် (၄)မိုင်ခန့်အကွာ၊ ဇောင်ချမ်း တောင် ရဲကင်းစခန်း တောင်ဘက်(၂)မိုင်ခန့်အကွာ၊ အင်းမကျေးရွာနေ မသူဇာ(၂၇)နှစ်သည် နေအိမ်၌ ထမင်းဟင်း ချက်ပြုတ်ပြီး မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊
မီးလောင်ရာနေရာသို့ ဆင်ပေါင်ဝဲမြို့နယ် အုပ်ချုပ်ရေးမှူး ၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသော ရဲတပ်ဖွဲ့ဝင်(၁၀)ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးသော မီးသတ်တပ်ဖွဲ့ဝင်(၉)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရွာသူ/သားများ၊ စုစုပေါင်းအင်အား (၃၀၀)ဦးခန့်တို့မှ အင်းမရွာအနီး အလယ်ရွာ၌ ဆည်မြောင်း တမံဆောင်ရွက်နေသည့် ပြည်ကြီးတံခွန်ဆောက်လုပ်ရေးကုမ္မဏီမှ ရေသယ်ယာဉ် (၁)စီး တို့ဖြင့် ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့သဖြင့် (၁၁)နာရီအချိန် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် စုစုပေါင်း နေအိမ်(၄၃)လုံး (တန်ဘိုး ၄၈၇၃၈၅၀ိ/-ခန့်) မီးလောင်ဆုံးရှုံးခဲ့ပြီး လူ/တိရိစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ကြောင်းနှင့် မီးဘေးသင့်အိမ်ထောင်စု(၄၄)စု၊ မီးဘေးသင့် ပြည်သူ ကျား(၈၁)ဦး၊ မ(၉၂)ဦး၊ စုစုပေါင်း (၁၇၃)ဦးတို့အား (၁၁)နာရီခွဲအချိန် အင်းမကျေးရွာ မူလတန်းကျောင်းတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူ မသူဇာအား ဆင်ပေါင်ဝဲမြို့မရဲစခန်း (ပ)၃၂/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။




၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ နေ့လယ်(၁း၄၅)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ ရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့၊ မြို့သစ်ရပ်ကွက်၊ မြို့ဝင် ဘုန်းကြီးကျောင်းအနီး၊ မြို့ရှောင်လမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက် စစ်ဆေးရာ ပခုက္ကူမြို့၊ မြို့ရှောင်လမ်းအတိုင်း ရေစကြိုမြို့ဘက်မှ ပခုက္ကူမြို့ ဘက်သို့ ရေစကြိုမြို့ နယ်၊ ကျောက်လပ်ကျေးရွာနေသူ အောင်ကျော်ဝင်း(၃၂)နှစ်သည် HUNBO 110 နီနက်ကြားဆိုင်ကယ်အား တစ်ဦးတည်း မောင်းနှင်လာစဉ် မြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၄)အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်သို့ တိမ်းမှောက်ခဲ့သဖြင့် အောင်ကျော်ဝင်း တွင် ဦးခေါင်းယာဂျိုစောင်း ဖူးရောင်ဒဏ်ရာ၊ ယာနားသွေးထွက်ဒဏ်ရာ၊ နှာခေါင်းသွေးထွက် ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သဖြင့် ဆိုင်ကယ်မဆင် မခြင် မောင်းနှင်သူ အောင်ကျော်ဝင်းအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၇၄/ ၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

Wednesday, April 29, 2015



ဆင်ပေါင်ဝဲ ဧပြီ ၂၉
    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အင်မကျေးရွာတွင် ယနေ့နံနက် (၀၉း၃၀)အချိန်တွင် ဦးမင်းအောင်(ဘ) ဦးလှစိန် အသက်(၂၈)နှစ် မော်တော်လုပ်သား၏ (၃)ပင်ပတ်လည်သက္ကယ်မိုး ထရံကာ မြေစိုက် နေအိမ် မီးကြွင်း၊ မီးကျန်မှစတင်မီးလောင်ကျွမ်းခဲ့ရာ
သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၄x၄)ပင်နေအိမ်(၆)လုံး (၃x၃)ပင် သက္ကယ်မိုးထရံကာ၊ ၀ါးကြမ်းခင်း၊
 မြေစိုက်နေအိမ်(၃၇)လုံး၊ စုစုပေါင်း(၄၃)လုံး မီးလောင်ကျွမ်းခဲ့ပြီး ခန့်မှန်းတန်ဖိုး (ကျပ်-၄၇၃၈၅၀၀)
ဆုံးရှုးံခဲ့သည်။
    အဆိုပါမီးလောင်ကျွမ်းမှုဖြစ်စဉ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပတ်ဝန်းကျင်ကျေးရွာ(၆)ရွာမှ ကျေးရွာသူ/ကျေးရွာသားများ (၀၉း၄၅)နာရီတွင် ရောက်ရှိပြီး ဒိုင်းရှင်းမီးသတ်စက်(၂၅)လုံး၊ ဆည်မြောင်းဦးစီးဌာနမှ ဂါလံ(၁၆၀၀)ဆံ့မီးသတ်ရေယာဉ်(၁)စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ (၁၀း၀၀)နာရီအချိန်တွင် မီးထန်းနိုင်ကာ (၁၀း၃၀)နာရီအချိန်တွင် လုံးဝမီးငြိမ်း သတ်နိုင်ခဲ့ပြီး လူနှင့် တိရိစ္ဆာန်များ အသေ အပျောက်မရှိကြောင်း သရှိရသည်။
    ယနေ့မီးဘေးသင့်ပြည်သူများအား အင်မကျေးရွာ (အမက)ကျောင်းတွင် ကွပ်ကဲရေးစခန်းချထားပြီး လုံခြုံရေး၊ ကျန်းမာရေးစခန်းများဖွင့်လှစ်၍ စားသောက်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရှိရသည်။
မြို့နယ်ပြန်/ဆက်

ဂန့်ဂေါ ဧပြီ ၂၈
    ဂန့်ဂေါခရိုင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အိပ်ဖွင့်တင်ဒါခေါ်ယူခြင်း အခမ်းအနားကို ဧပြီ ၂၇ ရက်က ခရိုင်ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းတွင်ပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်က အမှာစကားပြောကြားသည်။
    ထို့နောက် ခရိုင်အိပ်ဖွင့်တင်ဒါ စိစစ်ရွေးချးယ်ရေးကော်မတီအတွင်းရေးမှူး ဦးတင်ဆောင် က လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်း လင်းဖြေကြားပြီး တင်ဒါများကို ရွေးချယ်ကြသည်။
    အဆိုပါအိပ်ဖွင့်တင်ဒါတွင် ပြည်ထောင်စုအစိုးရရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရရန်ပုံငွေတို့ဖြင့် တည် ဆောက်မည့် မုံရွာ- ပုလဲ- ဂန့်ဂေါ- ဟားခါးလမ်း၊ မြိုင်- တောမ- ဂန့်ဂေါလမ်း၊ ဂန့်ဂေါမြို့ဝင်ဖြတ်လမ်း၊ ဂန့်ဂေါမြို့တွင်း မြစ်သာမြစ်ရှောင်လမ်း၊ ပခုက္ကူ- ပေါက်- ထီးလင်း- ဂန့်ဂေါလမ်း၊ ငဖဲ- စေတုတ္တရာ- ဆော- ထီးလင်းလမ်း၊ ဂန့်ဂေါ- ထီးလင်းလမ်း၊ ကျင်း- တပြင်းလမ်း၊ ကံကြီး- မင်းတပ်လမ်း၊ ဆိပ်ဖြူ- ဆော- ကန်ပက်လက်လမ်း၊ ကျောက်ထု- ဆော လမ်းတို့ ခွင့်ပြုလမ်းပိုင်းအလိုက် ပြုပြင်သွားနိုင်ရန်အတွက် ကျောက်ကျင်း၊ အုတ်၊ သစ်တို့တင်သွင်းဆောင်ရွက်နိုင်ရန်တို့အတွက်ဖြစ်ကြောင်း သိရသည်။



 မကွေး     ဧပြီ     ၂၈
    ကာကွယ်ရးဦးစီးချုပ်ရုံး(လေ)နှင့်မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှပူးပေါင်းစီစဉ်ဖွင့်လှစ်သော အမှတ်စဉ်(၁/၂၀၁၅)အခြေခံလေကြောင်းလူငယ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အတူအစိုးရအဖွဲ့ဝင်  ၀န်ကြီးများ၊တိုင်းဒေသကြီး ဥပဒေချုပ်၊စာရင်းစစ်ချုပ်၊မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်
 အောင်ဆန်းဝင်းနှင့်မကွေးတပ်နယ်မှတာဝန်ရှိသူများ လေကြောင်းသင်တန်းနည်းပြအရာရှိအရာခံအကြပ် တပ်သားများ၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံလေကြောင်းလူငယ် သင်တန်း သား / သူများနှင့်မိဘအုပ်ထိန်းသူများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေမှ သင်တန်းဖွင့်အမှာစကား ပြောကြား ရာတွင် နောင်အနာဂတ်အတွက် လေကြောင်းသိပ္ပံပညာရပ်များနှင့်ပတ်သက်၍ မျိုးဆက်သစ်လူငယ် များဖြစ်ကြောင်း၊နိုင်ငံတော်တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်ရမည့်လူငယ်များအား နိုင်ငံတော် အနေ ဖြင့်လူစွမ်းအားအရင်းအမြစ်များအပြည့်အ၀ဖော်ထုတ်ရေး အသိပညာရှင်အတတ်ပညာရှင် များဖြစ်ပေါ်လာ ရေးအတွက် ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း၊ လေကြောင်းလူငယ်အခြေခံသင်တန်းတွင် ထူးချွန် အောင်ကြိုးစားကြရနိလိုအပ်ကြောင်း၊ထူးချွန်လူငယ်များအား မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှ ဖွင့်လှစ်သည့်  တန်းမြင့်လေကြောင်းလူငယ်သင်တန်းသို့တက်ရောက်လျက် အဆင့်မြင့်လေကြောင်း ပညာများကို သင်ကြားပေးမှာဖြစ်ကြောင်း နွေရာသီအားလပ်ရက်တွင်အချိန်ကိုအကျိုးရှိစွာ အသုံးချ၍ နောက်တစ်ခေတ်၏ လေကြောင်းသိပ္ပံပညာရှင်များဖြစ်အောင်ကြိုးစားကြရန်လိုအပ်ကြောင်း အကျယ်တ၀ံ့ မှာကြားခဲ့သည်။
ထို့နောက်  မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဆန်းဝင်းက ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ)မှ လူငယ်များအတွက်လေကြောင်းမျိုးဆက်သစ်များပေါ်ထွန်းရန်အတွက်သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့်
 သင်တန်းတွင်လိုက်နာရမည့်စည်းကမ်းများ၊ပို့ချပေးမည့်ဘာသာရပ်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းများကို
အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ၄င်းနောက် သင်တန်းဖွင့်အခမ်းအနားကိုရုပ်သိမ်းကာ
 တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အခြေခံ လေကြောင်းသင်တန်းသို့တက်ရောက်မည့်လူငယ်များအား  ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။
    အဆိုပါသင်တန်းကို သင်တန်းသား/သင်တန်းသူ(၄၀)ဦးဖြင့်(၂၇-၄-၂၀၁၅)ရက်နေ့မှ (၂၂-၅-၂၀၁၅)ရက်နေ့အထိ (စနေနေ့အပါအ၀င်)ရက်သတ္တ(၄)ပတ်ကြာ စစ်ရေးပြဘာသာရပ်၊ လေကြောင်း သမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှုအခြေခံဘာသာရပ်၊ လေယာဉ်တည်ဆောက်မှုဘာသာရပ်၊ စက်အုံ တည်ဆာက်မှုဘာသာရပ်၊လေယာဉ်ပုံစံငယ်တည်ဆောက်မှုဘာသာရပ်၊တို့ကိုမကွေးလေတပ်စခန်းဌာနချုပ်အတွင်း စခန်းသွင်းဖွင့်လှစ်ပို့ချ သင်ကြားသွားမည်ဖြစ်ပြီး အခြား တိုင်းဒေသကြီး /ပြည်နယ် လေတပ်  စခန်းဌာနချုပ် များမှာလည်းတစ်ပြိုင်တည်းဖွင့်လှစ် သင်ကြား ပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်၊။
သန်းနိုင်ဦး(ငဖဲ)
၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ နံနက် (၁၂) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ထီးလင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မြစ်ကိုင်းရွာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း မြစ်ကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးမှ ဖုန်းဖြင့် သတင်း ပေးပို့လာ၍ သက်သေ များနှင့်အတူ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ထီးလင်းမြို့နယ်၊ မြစ်ကိုင်း ကျေးရွာနေသူ တင်စိုး(ခ) တက်တိုး (၂၃)နှစ် ဖြစ်ပြီး ၄င်း၏နေအိမ်ဝိုင်း အတွင်း နေအိမ်အရှေ့ဘက် ပေ(၄၀)ခန့်အကွာ နွားဘဲပင်၏ ထွာဆိုင်ခန့်ရှိ ကိုင်းတက်တွင် ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိရ၍ မေးမြန်းရာ ၂၇.၄.၂၀၁၅ ရက်နေ့ ည(၉)နာရီခွဲ အချိန်ခန့်တွင် ဇနီးဖြစ်သူနှင့်အတူ နေအိမ်၌ ရှိနေစဉ် အပေါ့သွားမည်ဟု ပြောပြီး နေ အိမ်အောက်သို့ ဆင်းသွားရာမှ ပြန်မလာသဖြင့် နာရီဝက်ခန့် အကြာတွင် ဇနီးဖြစ်သူမှ နေအိမ်ဝိုင်းအတွင်း လှည့်လည်ကြည့်ရှု့ရာ တင်စိုး(ခ)တက်တိုးမှာ ကြိုးဆွဲချသေဆုံး နေသည်ကို တွေ့ရှိရကြောင်း သိရှိရသဖြင့် တင်စိုး(ခ)တက်တိုး သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်နိုင် ရန် ထီးလင်း မြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ ညနေ(၆) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရေနံမနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ကန်တုတ်ဒေသ၊ ငှက်ကြီး တောင်ကျောရှိ `ထိုက်နေမင်း´ ကျောက်မီးသွေး တူးဖေါ်ရေး ကုမ္ပဏီလုပ်ငန်းခွင်တွင် လှိုဏ်ခေါင်း ပြိုကျ၍ လူတစ်ဦးသေ ဆုံးကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြောင်း၊ 
စစ်ဆေးချက်အရ ၂၈.၄.၂၀၁၅ ရက်နေ့ ၁၄၃၀ အချိန်ခန့်က `ထိုက်နေမင်း´ ကျောက်မီးသွေး တူးဖေါ်ရေး လုပ်ငန်းမှ အလုပ်သမား ငဖဲမြို့နယ်၊ မာန်အောင်ကျေးရွာနေသူ သန်းနိုင်ဦး (၃၇)နှစ်နှင့် စောထွန်း (၃၅)နှစ် တို့နှစ်ဦးသည် အနက်(၁၀)ပေ၊ အကျယ်(၄)ပေ၊ အရှည်(၁၀)ပေခန့်ရှိ လှိုဏ်ဂူ အတွင်း၌ ကျောက်မီးသွေး တူးနေစဉ် မြေပြိုကျသဖြင့် ကုမ္ပဏီဝန်ထမ်းများမှ ကယ်ထုတ်၍ ပဒါန်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် သန်းနိုင်ဦးမှာ လမ်း၌သေဆုံးသွားပြီး စောထွန်းတွင် ယာဘက် လက်မောင်း နာကျင်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသဖြင့် သန်းနိုင်ဦး သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးဆောင် ရွက်ရန် မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်း သေမှု သေခင်း အမှတ်စဉ် ၃/၂၀၁၅ ဖြင့် အမှုရေးဖွင့် ဆောင် ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ ညနေ(၆း၂၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မင်းလှမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း သတင်း စုံစမ်းစဉ် ကဒကျေးရွာ ရွာလယ်လမ်းမပေါ်၌ ကဒကျေးရွာနေသူ အေးချို (၅၃) သည် အရိုး(၉)လက္မ၊ အသွား(၁)ပေ (၈)လက္မ ခန့်ရှိ ဓါးရှည်(၁)ချောင်းအား ကိုင်ဆောင်၍ မူးယစ်ရမ်းကားနေသည်ကို တွေ့ရှိရသဖြင့် အေးချိုအား မင်းလှ မြို့နယ်၊ မြို့မရဲစခန်း (ပ)၆၃/၂၀၁၅၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ ညနေ (၃)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် ၁၅/၂၀၁၅ ဖြင့် မကွေးမြို့၊ ဆားရွှေကင်းအုပ်စု၊ ကင်းကျောက်ကုန်း ရပ်ကွက်နေသူ ဒေါ်ငြိမ်း (၅၀)နှစ်၏ နေအိမ်အား ၀င်ရောက် ရှာဖွေရာ ဒေါ်ငြိမ်းအား မတွေ့ရှိရဘဲ ၄င်း၏ တူမတော်စပ်သူ မနီလာဆွေ(၂၁)နှစ်အား တွေ့ရှိရပြီး နေအိမ် အတွင်း ရှာဖွေနေ စဉ် ဒေါ်ငြိမ်းမှာ အပြင်မှ ပြန်လာကာ ၎င်း၏နေအိမ်သို့မ၀င်ဘဲ ဘုရားလမ်းဘက်သို့ ထွက်သွားသည် ကို တွေ့မြင်ရသဖြင့် လိုက်လံဖမ်းဆီးပြီး သက်သေများနှင့်အတူ ရှာဖွေရာ အပေါ် အင်္ကျီ ၀ဲဘက်အိတ်ကပ် အတွင်းမှ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဖုန်းအမှတ် ၀၉xxxxxxxxxx ပါ ဟန်းဆက်တစ်လုံးနှင့် လောင်းကြေးငွေစက္ကူရောရာ ၅၂၀၀၀ိ/-တို့အား တွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားမ၀င်နှစ်လုံးထီ လောင်းကစားပြုလုပ်သူ ဒေါ်ငြိမ်းအား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၅၆/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း ၊

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ ညနေ (၄)နာရီခွဲ အချိန်ခန့်တွင် မကွေးခရိုင်၊ ရေနံချောင်း မြို့နယ်၊ ရေနံချောင်း မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် ၆/၂၀၁၅ ဖြင့် ရေနံချောင်းမြို့၊ နဂါးကုန်းရပ်ကွက် နေသူ ဦးအောင်ဝင်း(၄၈)နှစ် ၏နေအိမ်အား ၀င်ရောက်ရှာဖွေရာ ဦးအောင်ဝင်းနှင့်အတူ တစ်ရပ်ကွက် တည်း နေသူများဖြစ်ကြသော ဒေါ်စောဝင်း(၄၉)နှစ်၊ မသင်းသင်းခိုင်(၄၇)နှစ်နှင့် မပန်းရင် (၅၀)နှစ် တို့(၄)ဦး သည် ဖဲရိုက်လောင်းကစား နေသည်ကိုတွေ့ရှိရပြီး ဖဲရိုက်လောင်းကစားရာ တွင် အသုံးပြုသော ဖဲချပ် များနှင့် လောင်းကြေး ငွေစက္ကူရောရာ ၅၇၅၀ိ/-ကျပ်တို့အား သိမ်းဆည်းရမိသဖြင့် ဦးအောင်ဝင်းပါ (၄)ဦးအား ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၆၂/၂၀၁၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၃(က)/၁၄(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း၊ 
 
၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ ညနေ (၅)နာရီ (၄၅)မိနစ် အချိန်ခန့်တွင် သရက်ခရိုင်၊ သရက်မြို့နယ်၊ သရက်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် လောင်းကစားပြုလုပ် နေကြောင်း သတင်းအရ သက်သေများနှင့် အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်း အမှတ် ၁၃/၂၀၁၅ ဖြင့် သရက်မြို့၊ ထုံးတောင်အုပ်စု၊ ဗန္ဓရရပ်ကွက်နေသူ မခိုင်(ခ) ဒေါ်တင်တင်ခိုင် (၄၅)နှစ် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ် အတွင်း ဘီရိုပေါ်၌ ချဲထီ သုံးလုံးထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်း များနှင့် လောင်းကြေးငွေစက္ကူရောရာ ၃၇၀၀ိ/-ကျပ်တို့အား တွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားမ၀င် ချဲထီလောင်းကစားပြုလုပ်သူ မခိုင်(ခ)ဒေါ်တင်တင်ခိုင် အား သရက် မြို့နယ်၊ မြို့မရဲစခန်း (ပ) ၄၆/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ နံနက်(၂)နာရီအချိန်ခန့်တွင် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ နန်းတော်ကျွန်း ကျေးရွာအုပ်စု၊ ကျွန်းကလေးကျေးရွာနေသူ ဦးဝင်းဆောင် (၆၄)သည် နေအိမ်တွင် ရှိနေစဉ် သားမက်တော်စပ်သူ သန်းဇော်လင်း မှ သားဖြစ်သူ ထွန်းထွန်းနိုင်(၂၀)နှစ်အား ဆိုင်ကယ် နောက်တွင် တင်ဆောင်လျှက် နေအိမ်သို့ရောက်ရှိလာစဉ် သားဖြစ်သူ၏ ခန္ဓာကိုယ်မှ သွေးများ ထွက် နေသည် ကို တွေ့ရှိရ၍မေးမြန်းရာ ငခြောက်ကျွန်းကျေးရွာ ဘုရားပွဲအတွင်း ဈေးဆိုင်တန်းတွင် ထွန်းထွန်းနိုင် နှင့် နန်းတော်ကျွန်းကျေးရွာနေ လှမြင့်ခိုင်(ခ) ခိုင်ကြီး (၂၀)နှစ် တို့မှာ လမ်းလျှောက်စဉ် ပုခုံးချင်းတိုက် မိရာမှ စကားများရန်ဖြစ်ပြီး လှမြင့်ခိုင်(ခ)ခိုင်ကြီးမှ အသင့်ပါလာသော ဓါးမြှောင်ဖြင့် ထိုး၍ ထွန်းထွန်းနိုင်တွင် ၀ဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာဘက်ခါး ထိုးသွင်း ဒဏ်ရာ (၁)ချက်၊ ရင်ညွန့်အလယ်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲဘက်တင်ပဆုံအထက် ထိုးသွင်းဒဏ်ရာ (၁)ချက် (စိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် ဓါးဖြင့်ထိုးသူ လှမြင့်ခိုင်(ခ) ခိုင်ကြီးအား အရေးယူပေးရန် ၂၈.၄.၂၀၁၅ ရက်နေ့တွင် ဦးဝင်းဆောင်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ ည(၇)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့သစ်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မြို့လုလင်ကျေးရွာ အနီး တောင်တွင်း ကြီး-မြို့သစ် ကားလမ်းပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ တောင်တွင်းကြီးမြို့ဘက်မှ မြို့သစ်မြို့ဘက်သို့ မြို့သစ်မြို့နယ်၊ ထန်းတပင်ကျေးရွာ နေသူ ယာဉ်မောင်း ကျော်မြတ်သူ(၃၀)နှစ် မောင်းနှင်ပြီး မြို့သစ်မြို့နယ်၊ ထန်းတပင်ကျေးရွာနေသူ ယာဉ်နောက် လိုက် သိန်းသန်းဦး(၄၅)နှစ်နှင့် မြို့သစ်မြို့နယ်၊ အိုင်သာကျေးရွာနေသူ ဦးတင်ထွေး (၄၅)နှစ်တို့ လိုက်ပါ လာသော ၉ဌ/xxxxx အဖြူနှင့်အစိမ်းကြား ထော်လာဂျီယာဉ်သည် မိုင်တိုင်အမှတ် (၉/၆ နှင့် ၉/၇)အကြား စစ်တောကျေးရွာ လမ်းခွဲ အရောက်တွင် အချက်ပြမီးမပြဘဲ ၀ဲဘက်သို့ ရုတ်တရက် ချိုးကွေ့လိုက်စဉ် ၎င်းလမ်းအတိုင်း နောက်မှ မြို့သစ်မြို့နယ်၊ ဆူးတပ်ကြီးကျေးရွာနေသူ ဦးအေးဦး(၄၅)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဦးမြင့်သောင်း (၅၀)နှစ် ထိုင်စီးလိုက်ပါလာသော ၃၈ယ/xxxxx ဒါရမ်း ၁၁၀ နက်နီကြားဆိုင်ကယ်မှ ကား၏ခါးလယ်အား ၀င်ရောက်တိုက်မိရာ ဦးအေးဦးနှင့် ဦးမြင့်သောင်းတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ကျော်မြတ်သူအား မြို့သစ်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၁၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

မကွေး     ဧပြီ      ၂၈
    မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ဘဏ်ခွဲ(၂၅)ဘဏ်သို့ ၂၀၁၄-ခုနှစ် မိုးရာသီ သီးနှံထုတ်လုပ် မှုဘဏ်ချေးငွေ ကျပ်သိန်းပေါင်း (၄၇၂၆၀၉.၈၀)သိန်း ထုတ်ချေးပေးခဲ့ရာ ဧပြီ ၂၂ ရက်နေ့တွင် ချေးငွေတစ် ရပ်လုံးအား ရာနှုန်းပြည့် ပြေကျေစွာ ကောက်ခံပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (တိုင်းဒေသကြီးဘဏ်ခွဲ)မှ သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)


မင်းဘူး     ဧပြီ      ၂၈
    မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ၂၀၁၄-၂၀၁၅ဘဏဏ္ဍာရေးနှစ်အတွက် ဖလံရုံကျေးရွာ အုပ်စု ပုဂံစစ်ကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးအတွက်(၅၆)ခု၊ မွေးမြူရေးအတွက်(၅၆)ခု လုပ်ငန်းများအား ဧပြီ ၂၈ ရက်နေ့တွင် မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ဘုန်းလင်းနှင့် ဒု-ဦးစီးမှူးဦးဌေးနိုင်တို့မှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြစိမ်းရောင်စီမံကိန်းနှင့်ပတ်သက်သည့် အချက်အလက် များနှင့်စာရင်းဇယားများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

Tuesday, April 28, 2015




မကွေး၊ ၂၀၁၅ ခုနှစ် ၊ ဧပြီလ (၂၈) ရက်
    ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၅) ဒုတိယနေ့ကို (၂၈.၄.၂၀၁၅) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
    ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၅)ဦးတက်ရောက်၍ (၉၅.၅၉) ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ ပါသည်။
    ဆက်လက်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို ဥပဒေပြုရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင် စလင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြိုင် နှင့် ၂၀၁၅ ခုနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေပြုရေး ဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို ဥပဒေပြုရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင် မကွေးမြို့နယ် မဲဆန္ဒ နယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဟန်မောင် တို့က ဖတ်ကြား တင်ပြပါသည်။
    ၎င်းနောက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေကြမ်း တစ်ပိုဒ်
ချင်းစီ နှင့် ၂၀၁၅ ခုနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း တစ်ပိုဒ်ချင်းစီ တို့ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ ပထမအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော် အထူး အစည်း အဝေး(၁/၂၀၁၅) ဒုတိယနေ့ကို (၁၀၄၅)အချိန်တွင် ရပ်နားကြောင်းနှင့် တတိယနေ့အစည်း အဝေးကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၉ ရက် (ဗုဒ္ဓဟူးနေ့)  (၁၀၀၀) နာရီအချိန်တွင် ဆက်လက် ကျင်းပ မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ညီညီမောင်
၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ ညနေ (၄) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့နယ်၊ ညောင်ကုန်း ကျေးရွာတွင် မိုးကြိုး လျှပ်စစ် စက်ကွင်းမိ၍ အမျိုးသမီး (၁)ဦး သေဆုံးနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံး သူမှာ ညောင်ကုန်းကျေးရွာနေသူ မလုံး(၄၄)နှစ်ဖြစ်ပြီး ၄င်းသည် ညောင်ကုန်း ကျေးရွာ တောင်ဘက် အစပ်ရှိ ဦးစန်းဌေး၏ နေအိမ်ဝိုင်းအတွင်း၌ ဆိတ်ကြောင်းနေရာမှ မိုးသက် လေပြင်း တိုက်ခတ်လာသဖြင့် အနီးရှိ မန်ကျီးပင်အောက်သို့ ၀င်ရောက်ခိုလှုံစဉ် မန်ကျီးပင်အား မိုးကြိုးပစ်ရာ မလုံးမှာ လျှစ်စစ်စက်ကွင်း မိပြီး လည်ပင်း၊ ရင်ဘတ်၊ တင်ပါးတို့တွင် အမဲကွက်များဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိ ရသဖြင့် ၎င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် အတွက် ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ ည(၁၁း၃၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်းကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ရွှေကြာအင်း(၁) ရပ်ကွက်၊ ကားကြီးကွင်းမြောက်ဘက် ၀င်ပေါက်အနီးတွင် အုန်းတော(၁)ရပ်ကွက်နေသူ မအေးအေးခိုင် (၃၅)နှစ်အား တွေ့ရှိရသဖြင့် သက်သေ များနှင့် အတူစစ်ဆေးရာ မအေးအေးခိုင်သည် ပြည့်တန်ဆာ ပျော်ပါးလိုသူများကို စောင့် ဆိုင်း နေကြောင်းနှင့် ပြည့်တန်ဆာ လုပ်ငန်းဖြင့် အသက်မွေး ၀မ်းကြောင်း ပြုနေသူဖြစ်ကြောင်း စုံစမ်းသိရှိရ သဖြင့် မအေးအေးခိုင်အား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း(ပ) ၁၂၉/၂၀၁၅၊ ပြည့်တန်ဆာ နှိပ် ကွပ်ရေး ဥပဒေပုဒ်မ ၇(၁)(က) အရ အမှုရေးဖွင့်ဆောင်ရွက် လျက်ရှိ ကြောင်း၊
အဆိုပါလှည့်ကင်းအဖွဲ့မှ ည (၁၁း၃၅)နာရီအချိန်ခန့်တွင် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ရွှေကြာအင်း(၁) ရပ်ကွက်၊ ကားကြီးကွင်း မြောက်ဘက် ၀င်ပေါက်အနီး တွင် အုန်းတော(၁)ရပ်ကွက်နေသူ မရှမ်းမ(၂၄)နှစ်အား တွေ့ရှိရသဖြင့် သက်သေများနှင့် အတူ စစ်မေးရာ မရှမ်းမသည် ပြည့်တန်ဆာပျော်ပါး လိုသူများကို စောင့်ဆိုင်းနေကြောင်းနှင့် ပြည့်တန်ဆာ လုပ်ငန်းဖြင့် အသက်မွေး ၀မ်းကြောင်း ပြုနေသူဖြစ်ကြောင်း စုံစမ်းစစ်ဆေးသိရှိရသဖြင့် မရှမ်းမ အား တောင်တွင်းကြီး မြို့နယ်၊ မြို့မရဲစခန်း(ပ)၁၃၀/၂၀၁၅၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေပုဒ်မ ၇(၁)(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 
အလားတူ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ နံနက်(၁)နာရီအချိန်ခန့်တွင် မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်းလှည့်ကင်း ဆောင် ရွက်နေစဉ် မကွေးမြို့၊ ရန်ဝေးရပ်ကွက်နေသူ မသင်းသင်းလှိုင်(၂၇)နှစ်သည် ကားကြီးကွင်း အနီးတ၀ိုက် တွင် ပြည့်တန်ဆာကိစ္စဖြင့် အမြဲအသက်မွေး သူဖြစ်ပြီး ပြည်တန်ဆာလုပ်ငန်းလုပ်ကိုင်ရန် မကွေးမြို့၊ ရန်ဝေးရပ်ကွက်၊ ပြည်တော်သာလမ်းနှင့် အဝေရာလမ်းထောင့်သို့ ရောက်ရှိနေသဖြင့် မသင်းသင်းလှိုင်အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၁၁၈/၂၀၁၅၊ ပြည့်တန်ဆာ နှိပ်ကွပ် ရေး ဥပဒေပုဒ်မ ၇(၁)(က) အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ ညနေ(၃း၂၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မကွေးမြို့၊ ချမ်းမြေ့သာယာ ရပ်ကွက်နေ ပိုင်သူကျော် (၂၀)နှစ်၏ နေအိမ်တွင် နှစ်လုံးထီ၊ သုံးလုံးထီ၊ ဘောလုံးလောင်းကစား ပြုလုပ်နေ ကြောင်း သတင်းအရ သက်သေများနှင့်အတူ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်း အမှတ် ၁၂/၂၀၁၅ ဖြင့် ၀င်ရောက်ရှာဖွေရာ ပိုင်သူကျော်အား ၎င်း၏နေအိမ်နောက်ဖေး အဖီတဲတွင် နှစ်လုံးထီ၊ သုံးလုံးထီ၊ ဘောလုံး လောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဆက်စပ် ပစ္စည်းများ ၊ လောင်းကြေးငွေ ၅၀၀၀ိ/- တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိသဖြင့် ပိုင်သူကျော်အား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၅၄/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ ညနေ (၃)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မင်းဘူးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မင်းဘူးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာ ၌ အောင်လံမြို့နယ်၊ ကျောက်ပန်းတောင်း ကျေးရွာနေသူ မငုဝါစိုး(၃၈)နှစ်မှ ထိုင်းနိုင်ငံသို့ အလုပ်လုပ် ကိုင်ရန် ပို့ဆောင်ပေးမည်ဟု စည်းရုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ မငုဝါစိုးသည် ရေတွင်းကုန်းကျေးရွာနေသူများ ဖြစ်ကြသော အောင်ကျော်မင်း အပါအ၀င် ကျား(၁)ဦး၊ မ(၄)ဦးတို့အား Agilc Manpower Services Co.LTD မှဟု ပြောဆို စည်းရုံးခဲ့သော် လည်း ထိုင်းနိုင်ငံသို့ ပို့ဆောင်ခွင့် အကျိုးဆောင်လိုင်စင် တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသဖြင့် မငုဝါစိုးအား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း(ပ) ၄၉/၂၀၁၅၊ ပြည်ပအလုပ်အကိုင် ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ နေ့လည်(၂း၄၅)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ မြိုင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပုသိမ်-မုံရွာကားလမ်းဆုံ၌ ယာဉ်/လမ်းစည်းကမ်း တာဝန်ဆောင်ရွက်နေစဉ် မြိုင်မြို့နယ်၊ မြို့စိုးကျေးရွာ၊ ရွာလယ်လမ်းမ၌ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူတစ်ဦး ဒဏ်ရာရရှိကြောင်း သတင်းအရသွားရောက် စစ်ဆေးရာ မြိုင်မြို့မှ သရက်ကန်ကျေးရွာသို့ ပေါက်မြို့နယ်၊ သရက်ကန်ကျေးရွာနေသူ နိုင်ဌေး(၁၈)နှစ် မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ နိုင်လင်း(၂၅)နှစ် လိုက်ပါလာသော ဆိုက်ကလုံး ၁၁၀ အနက်ရောင် ဆိုင်ကယ်သည် အရှိန်ဖြင့် မောင်းနှင်လာစဉ် မြို့စိုးကျေး ရွာ အရှေ့အနောက် ရွာလယ်လမ်းပေါ် ဦးမြင့်ဆွေနေအိမ်ရှေ့တွင် နောက်မှထိုင်စီး လိုက်ပါလာသူ နိုင်လင်း မှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး ဦးခေါင်းယာဘက် နောက်စေ့နှင့် ၀ဲချိုစောင်းဖူးရောင်၊ ၀ဲ/ယာ ခြေမကြေမွ၊ ၀ဲခြေသလုံး/ဒူးဆစ် ပွန်းပဲ့ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့သဖြင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ နိုင်ဌေး အား မြိုင်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၁၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။


၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ နေ့လည်(၁း၅၅)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ ရေနံချောင်းမြို့နယ်၊ ညောင်လှနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရေနံချောင်း မြို့နယ်၊ ၀က်မစွတ်ကျေးရွာ အုပ်စု၊ သစ်ချိုဈေးဆိုင်တန်းအနီး ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင် အမှတ် (၃၄၇/၁)အနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ ကြောင်း၊
စစ်ဆေးချက်အရ ရေနံချောင်းမြို့ဘက်မှ မကွေးမြို့ဘက်သို့ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ခုနှစ်ပင် ကျေး ရွာနေသူ ယာဉ်မောင်း အေးဝင်း (၄၈)နှစ် မောင်းနှင်လာသော 9D/xxxx BIGHORN ဖြူနက် ကြားရောင် ယာဉ်သည် ယာဉ်၏ရှေ့ယာဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ကားလမ်းယာဘက် ဘေးသို့ ထိုးကျ တိမ်းမှောက်ကာ ယာဉ်ပေါ်ပါသူ (၄)ဦးအနက် ပခုက္ကူမြို့နယ်၊ ကံပေါက်ကျေးရွာ နေသူများ ဖြစ်သော ဦးကံဦး (၆၂)နှစ် အပါအ၀င် ကျား(၃)ဦးတွင် မစိုးရိမ်ရသော ဒဏ်ရာများရရှိခဲ့ပြီး ယာဉ်မောင်း အေးဝင်းမှာ ၀ဲချိုစောင်းပေါက်ပြဲ၊ ဦးခေါင်းထိပ် ဖူးရောင်ပေါက်ပြဲ၊ တင်ပဆုံပေါက်ပြဲ၊ ကျောဝဲဘက်ခြမ်း စုတ်ပြဲဒဏ်ရာများ ရရှိပြီး သေဆုံးသွားသဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ အေးဝင်းအား ရေနံချောင်း မြို့နယ်၊ ညောင်လှ နယ်မြေ ရဲစခန်း ယာဉ်(ပ)၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က / ၃၃၈/ ၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။


Monday, April 27, 2015




မကွေး     ဧပြီ     ၂၇
    ကာကွယ်ရးဦးစီးချုပ်ရုံး(လေ)နှင့်မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှပူးပေါင်းစီစဉ်ဖွင့်လှစ်သော အမှတ်စဉ်(၁/၂၀၁၅)အခြေခံလေကြောင်းလူငယ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အတူအစိုးရအဖွဲ့ဝင်  ၀န်ကြီးများ၊မကွေးလေတပ်စခန်းဌာနချုပ်မှူးနှင့်လေတပ်စခန်းမှနည်းပြဆရာများ၊တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊သင်တန်းသား/သူများနှင့်သင်တန်းမိဘများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေမှ သင်တန်းဖွင့်အမှာစကားပြောကြားပြီး မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဆန်းဝင်မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သင်တန်းသို့တက်ရောက်လာသည့် သင်တန်းသား/ သင်တန်းသူများနှင့် မိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
    အဆိုပါသင်တန်းကို သင်တန်းသား/သင်တန်းသူ(၄၀)ဦးဖြင့်(၂၇-၄-၂၀၁၅)ရက်နေ့မှ (၂၂-၅-၂၀၁၅)ရက်နေ့အထိ (စနေနေ့အပါအ၀င်)ရက်သတ္တ(၄)ပတ်ကြာ မကွေးလေတပ်စခန်းဌာနချုပ်အတွင်း စခန်းသွင်းဖွင့်လှစ်ပို့ချ သင်ကြားသွားမည်ဖြစ်ပြီး အခြားတိုင်းဒေသကြီး/ပြည်နယ် လေတပ်စခန်းဌာနချုပ် များမှာလည်းတစ်ပြိုင်တည်းဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်၊။
သန်းနိုင်ဦး(ငဖဲ)
ငဖဲ     ဧပြီ     ၂၇
       မင်းဘူးခရိုင်ငဖဲမြို့နယ်အတွင်းရှိ နွေရာသီတွင် သောက်သုံးရေရှားပါးပြတ်လပ်လေ့ရှိသည့် ကျေးရွာ
များဖြစ်သော မရိုးကန်ကျေးရွာ၊ကံပေါက်ကျေးရွာနှင့်စည်သာကျေးရွာနေ ပြည်သူများထံသို့ ဧပြီ ၂၆ ၇က်နေ့တွင် ငဖဲမြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်မှုဖြင့် အမြှောက်စစ်ဆင်ရေးကပ်ကဲမှုဌာနချုပ်(၉၀၅)၊ ကပစ(၁၄)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမြှောက်တပ်ရင်း(၄၀၉)တို့မှ စုစုပေါင်းသောက်သုံးရေဂါလံ(၁၂၆၀၀)သွားရောက်လှူဒါန်း
 ပေးဝေခဲ့ရာ သောက်သုံးရေ အခက်အခဲနှင့်ကြုံတွေ့နေရသည့် အဆိုပါကျေးရွာများတွင် သောက်သုံးရေ လုံလောက် စွာရရှိ၍ ဒေသခံ ကျေးရွာပြည်သူများ ၀မ်းမြောက်လျက်ရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
ငဖဲ     ဧပြီ    ၂၇
    မင်းဘူးခရိုင် ငဖဲမြို့နယ် ဆင်ချည်တိုင်ကျေးရွာတွင် ဧပြီ ၂၆ ရက်ညနေ ၄း၅၀ နာရီက ဆင်ချည်
တိုင်ကျေးရွာအုပ်စု၊ဆင်ချည်တိုင်ကျေးရွာ ပဒါန်း-ငဖဲ-စေတုတ္တရာ ကားလမ်းမိုင်တိုင်အမှတ်(၂/၆) မိုင်အနီးကားလမ်း၏ တောင်ဘက်ဘေးတွင် လူတစ်ဦးသေဆုံးနေကြောင်း ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးမှ သတင်းပေးပို့သဖြင့် ငဖဲမြို့မရဲစခန်းမှနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်မျိုးနှင့်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ
အုပ်ချုပ်ရေးမှူးနှင့်ကျေးရွာပြည်သူများ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဦးလှမြင့်(၄၈)နှစ် (ဘ)ဦးဖိုးငြိမ်း ငဖဲမြို့နယ် ချောင်းဖြူကျေးရွာတွင် နေထိုင်သူဖြစ်ပြီး တစ်ဦးတည်းလမ်းလျှောက်သွားနေရာမှ အကြောတက်၍ လဲကျသေဆုံးနေခြင်းဖြစ်ကြောင်း သုံးသပ်တွေရှိရသည်။
    အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဒုရဲအုပ်ကျော်မျိုးမှ တရားလိုပြုလုပ်၍ သေမှုသေခင်း အမှတ်စဉ် (၄/၂၀၁၅)ဖြင့် ငဖဲမြို့မရဲစခန်း၌  အမှုဖွင့်စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)



မကွေး၊ ၂၀၁၅ ခုနှစ် ၊ ဧပြီလ (၂၇) ရက်
    ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၅) ပထမနေ့ကို (၂၇.၄.၂၀၁၅) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
    ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၄)ဦးတက်ရောက်၍ (၉၄.၁၂) ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ ပါသည်။
    ဆက်လက်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေကြမ်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန၊ ဝန်ကြီးက တင်သွင်းပြီး ယင်းဥပဒေနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း
တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
    ၎င်းနောက် ၂၀၁၅ ခုနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စားဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးက တင်သွင်းပြီး ယင်းဥပဒေ နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်း နိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
    ထို့နောက် ၂၀၁၅ ခုနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များ၊ တိုင်းဒေသကြီး ဝန်ကြီးများက ရှင်းလင်း တင်ပြကာ    ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၅) ပထမနေ့ကို (၁၁၃၀)အချိန်တွင် ရပ်နားကြောင်းနှင့် ဒုတိယနေ့အစည်းအဝေးကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၈ ရက် (အင်္ဂါနေ့)  (၁၀၀၀) နာရီအချိန်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ညနေ(၄း၅၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ငဖဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ငဖဲမြို့နယ်၊ ဆင်ချည်တိုင် ကျေးရွာ အနီး ပဒါန်း-ငဖဲ ကားလမ်း မိုင်တိုင်အမှတ် ၂/၆ရှိ ကားလမ်း၏ တောင်ဘက် ဘေးတွင် လူတစ်ဦး လဲကျ သေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ငဖဲမြို့နယ်၊ ချောင်းဖြူကျေး ရွာနေသူ ဦးလှမြင့် (၄၈)နှစ်ဖြစ်ပြီး ၄င်းသည် တစ်ဦးတည်း လမ်းလျှောက်သွားနေရာမှ အကြောတက်၍ လဲကျကာ မှောက်လျှက်အနေအထားဖြင့် ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရ သဖြင့် ၄င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် ငဖဲမြို့နယ်၊ ငဖဲမြို့မ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၄/၂၀၁၅)ဖြင့် ရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ နံနက် (၁၀) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပဒါန်းကျေးရွာ၊ အမှတ်(၁) ရပ်ကွက်အတွင်း လူတစ်ဦး မိမိလည်ပင်းကို ဓါးဖြင့်လှီး၍ ပဒါန်းတိုက်နယ်ဆေးရုံသို့ ရောက်ရှိနေ ကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ 
စစ်ဆေးချက်အရ ပဒါန်းကျေးရွာနေ သားသတ်လုပ်ငန်းလုပ်ကိုင်သူ ကျော်စွာထွန်း(၃၇)နှစ် သည် စိတ်ဖောက်ပြန်ကာ မိမိ၏လည်ပင်းအား အရိုး(၄)လက်မ၊ အသွား(၇)လက်မခွဲခန့်၊ ဗျက်(၁)လက်မ ခန့်ရှိ ကော်ရိုးတပ် ဓါးဦးချွန်တစ်ချောင်းဖြင့် မိမိကိုယ်ကို လည်းပင်းအားလှီးဖြတ်ရာ လည်ပင်း ဇလုပ် အောက် (၂)လက်မခန့် ပြတ်ရှဒဏ်ရာ (၁)ချက်ရရှိသဖြင့် ပဒါန်းတိုက်နယ်ဆေးရုံသို့ ပို့အပ် ဆေးကု သမှု ခံယူနေစဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်းသိရှိရသဖြင့် ၄င်းသေဆုံးခြင်းမှာ ဓမ္မတာ အတိုင်း သေ ဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန်အတွက် ငဖဲမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၅)ဖြင့် ရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ နံနက်(၁၀း၅၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဂန့်ဂေါခရိုင်ပြည်သူ့ဆေးရုံမှ ရေနစ်သေဆုံး သည့် အလောင်း တစ်လောင်း ရောက်ရှိနေကြောင်း အကြောင်းကြားသဖြင့် သက်သေများနှင့်အတူ သွားရောက် စစ်ဆေး ခဲ့ကြောင်း၊ 
စစ်ဆေးချက်အရ သေဆုံးသူမှာ ဂန့်ဂေါမြို့နယ်၊ ညောင်လယ်ရွာနေသူ ဦးတင်ဖေ(၆၉)နှစ် ဖြစ်ပြီး ၄င်းသည် ၂၅.၄.၂၀၁၅ ရက်နေ့ နံနက် (၇)နာရီအချိန် နေအိမ်မှ ယာခင်းသို့ ထွက်သွားရာ ည (၇)နာရီအချိန် အထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် သားဖြစ်သူ မောင်သက်ထွန်းမှ ယာခင်းရှိတဲသို့ သွားရောက် ရှာဖွေခဲ့ရာ ဖခင်ဖြစ်သူအား မတွေ့ရှိသဖြင့် တဲပတ်ဝန်းကျင်သို့ လိုက်လံ ရှာဖွေစဉ် ယာခင်းစောင့်တဲနှင့် (၁)ဖာလုံခန့်ဝေးသော တဇန်းချောင်းကမ်းစပ်တွင် ဖခင်ဝတ်ဆင်သော ပုဆိုး၊ အင်္ကျီ၊ ဖိနပ်တို့ကို တွေ့ရှိရ၍ တဇန်းချောင်းအတွင်း ဆင်း၍ ရှာဖွေရာ ရေအနက်(၅)ပေခန့်ရှိ ရေအောက် ကြမ်းပြင်တွင် ဖခင်ဖြစ်သူအား အ၀တ်အစား မပါဘဲရေနစ် သေဆုံးနေသည်ကို တွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၄င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၈/၂၀၁၅)ဖြင့် ရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။


၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ နံနက်(၂း၀၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုကုန်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အောင်ချမ်းသာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးမှ အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးကြောင်း အကြောင်းကြားချက်အရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ရာ သေဆုံးသူမှာ အောင်ချမ်းသာ ကျေးရွာနေသူ ကျော်ဇင်ဝင်း (ခ)၀င်းလေး(၃၅) ဖြစ်ပြီး ၄င်း၏ယောက္ခမဖြစ်သူ ဒေါ်တင်ဥနေအိမ်ရှိ သစ်သား ထုတ်တန်း၌ လုံးပတ် (၁)မတ်လုံးခန့်၊ အရှည်(၁၁)ပေခန့်ရှိ ပလပ်စတစ် နီ/ပြာရောင်ကြိုးဖြင့် ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ ကြိုးဆွဲချသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ၄င်းသေဆုံး ခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် တောင်တွင်းကြီး မြို့နယ်၊ ကုက္ကိုကုန်း နယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၅) ဖြင့် ရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ညနေ (၆း၁၅)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့ သည် ဘောလုံးလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ ပခုက္ကူမြို့၊ အမှတ်(၃) ရပ်ကွက်၊ ထင်းတန်းလမ်းရှိ “ငွေဇင်ယော်”ဆေးဆိုင်သို့ ခရိုင်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၉/၂၀၁၅)ဖြင့် ၀င်ရောက်ရှာဖွေရာ အမှတ်(၃)ရပ်ကွက်နေသူ ဆေးဆိုင်ပိုင်ရှင် ကျော်ခိုင်(၃၂)နှစ်အား ဆိုင်အတွင်း ကောင်တာဘေးတွင်ရပ်လျှက် ဘောလုံးလောင်းကစား ပြုလုပ်နေ သည်ကို တွေ့ရှိရ၍ သက်သေများနှင့်အတူ ရှာဖွေရာ ကောက်တာပေါ်နှင့် ကောင်တာအတွင်းမှ ဘောလုံး လောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့် လောင်းကြေး ငွေစက္ကူရောရာ (၂၄၅၀ိ/-)တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားမ၀င်ဘောလုံး လောင်းကစားပြုလုပ်သူ ကျော်ခိုင်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၄၃/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။


၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ နေ့လည်(၁း၁၀)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကျွန်းချောင်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည်သည် ပေါက်တောကျေးရွာ အရှေ့ပိုင်း တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေး ခဲ့ကြောင်း၊
စစ်ဆေးချက်အရ ပေါက်တောကျေးရွာနေသူ ဦးဝင်းမြိုင်(၄၃)နှစ်၏ (၃x၂)ပင် ထန်းလက်မိုး၊ ထန်းလက်ကာ၊ ၀ါးကြမ်းခင်း၊ မြေစိုက်နေအိမ်တွင် လူကြီးများမရှိခိုက် နေအိမ်တွင် ကျန်ရှိနေသည့် သမီးဖြစ်သူ မခိုင်သဇင် (၄)နှစ်နှင့် မခိုင်သဇင်ဝင်း(၄)နှစ် အမွာညီအစ်မနှစ်ဦးအနက် မခိုင်သဇင်ဝင်းမှ ဂတ်စ်မီးခြစ် ဆော့ကစား ရာမှ နေအိမ်တွင် ကာရံထားသော ထန်းလက်အား မီးကူးစက်လောင်ကျွမ်းခဲ့ရာ ရွာသူ/သားများမှ ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့သဖြင့် (၁း၂၀)အချိန် မီးငြိမ်းခဲ့ပြီး မီးလောင်ကျွမ်း မှုကြောင့် (၃x၂)ပင် နေအိမ်တစ်လုံး (တန်ဘိုး ၄၀၀၀၀ိ/-ခန့်) ဆုံးရှုံးသွား ခဲ့ကြောင်း၊
ဂတ်မီးခြစ်အား ပေါ့ဆစွာထားရှိသုံးစွဲသူ ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်မြေရဲစခန်း(ပ)၂၉/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ နံနက်(၉း၂၀)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ နတ်မောက် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နတ်မောက်-ပျော်ဘွယ် ကားလမ်း မိုင်တိုင်အမှတ် ၅၉/၇နှင့် ၆၀/၀ အကြား “လင်းသာ”ဓါတ်ဆီအရောင်းဆိုင်ရှေ့တွင် ယာဉ်တိမ်းမှောက် မှု ဖြစ်ပွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ 
စစ်ဆေးချက်အရ ပျော်ဘွယ်-နတ်မောက် ကားလမ်းအတိုင်း ပျော်ဘွယ်ဘက်မှ နတ်မောက်ဘက်သို့ နတ်မောက်မြို့နယ်၊ ဈေးသာကျေးရွာနေသူ ယာဉ်မောင်း အောင်ရွှေ (၂၄)နှစ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် တစ်ရွာတည်းနေ သိန်းမြင့် (၃၈)နှစ်နှင့် စိုးစိုး(၃၂)နှစ်တို့ လိုက်ပါလာသည့် ၉ဋ္ဌ/xxxx ထော်လာဂျီ အပြာရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ကားလမ်း၏ အရှေ့ဘက်ရှိ ကန္တာရပင်အား ၀င်ရောက်တိုက်မိ သဖြင့် အောင်ရွှေနှင့် ယာဉ်ပေါ်ပါ ၂ ဦးတို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင် သူ အောင်ရွှေအား နတ်မောက်မြို့နယ်၊ မြို့မရဲစခန်းယာဉ်(ပ)၂၂/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
 

Find Us on Facebook

Popular Posts

Video