၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ ည (၁၀း၀၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေ ရဲစန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သဒွတ်ကျေးရွာအုပ်ချုပ်ရေးမှူးမှ လူတစ်ဦး ကြိုဆွဲချ သေဆုံးနေကြောင်း ဖုန်းဖြင့်အကြောင်းကြားချက်အရ သက်သေများနှင့်အတူ အခင်းဖြစ် အရပ်သို့ သွားရောက် စစ်ဆေးရာ သဒွတ်ကျေးရွာနေသူ ဆန်းထွန်း(၃၃)နှစ် သည် အရက်သောက် များပြီး စိတ်ဖောက်ပြန်ကာ နေအိမ်ရှိ ၄ပင် ၃ပင် နွားစာတဲအတွင်း နွားစာစင်းခုံ ပေါ်မှတဆင့် အမြင့် ၉ ပေခန့်ရှိ ထုတ်တန်း၌ အရှည် ၃ ပေခန့် ကြိုးဖြင့် ချည်ကာ လည်ပင်းတွင် ကြိုးကွင်းစွပ်၍ ခုန်ချရာ မြေ ကြီးနှင့်ခြေထောက် ၁ ပေခန့်လွတ်၍ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရ သဖြင့် ဆန်းထွန်း သေဆုံးခြင်း မှာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် မြိုင်မြို့နယ်၊ ဗဟင်း နယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၄/၂၀၁၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
Thursday, April 30, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment