မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လက်ပနွယ်ရွာနေသူ သံခဲ(၅၂) နှစ်၊ စလင်း မြို့နယ်၊ ဆင်ကျုံးရွာနေသူ ကျော်ငွေ (၅၅)နှစ်၊ ပွင့်ဖြူမြို့နယ်၊ လက်ပံချီပေါ်ရွာနေသူ ဆန်းမင်း(၂၅) နှစ်၊ ဇော်မင်းလွင် (၃၀)နှစ်၊ မျိုးကိုကို(၂၃)နှစ်၊ တို့သည် ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း ပွင့်ဖြူရဲစခန်း ပိုင်နယ်မြေ အတွင်း ကြက်တိုက်လောင်းကစားမှုများ မကြာခဏပြုလုပ် လေ့ရှိခြင်း၊ ကြက်တိုက် လောင်းကစားမှုဖြင့် အသက်မွေး ၀မ်းကြောင်း ပြုလုပ်ကြောင်း ကျော်ဇောသတင်းရှိသူများ ဖြစ်၍ ၄င်းတို့အား ပြင်ပတွင်လွတ်လပ်စွာ ထားရှိပါ က ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး ကို ထိခိုက်ပျက်ပြားစေနိုင်သဖြင့် ၄င်းတို့(၃)ဦး အား လောင်းကစားဥပဒေပုဒ်မ ၂၁/ ကျင့် ၁၁၀ ဖြင့် အရေးယူ ဆောင်ရွက်နိုင်ရေး ပွင့်ဖြူမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြခဲ့ကြောင်း၊
၂၅.၃.၂၀၁၅ ရက်ရက်နေ့တွင် ပွင့်ဖြူမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ စာအမှတ် ၃/၁၅-၁၂၅/ ဦး ၁ ဖြင့် ၄င်းတို့(၅)ဦးအား အရေးယူဆောင်ရွက်ရန် အကြောင်း ကြားလာသဖြင့် သံခဲအား ပွင့်ဖြူမြို့မရဲစခန်း (ပ)၇၃/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၂၁/ ကျင့် ၁၁၀ အရ လည်းကောင်း၊ ကျော်ငွေအား ပွင့်ဖြူမြို့မ ရဲစခန်း (ပ)၇၄/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၂၁/ ကျင့် ၁၁၀ အရ လည်းကောင်း၊ ဆန်းမင်းအား ပွင့်ဖြူ မြို့မရဲစခန်း (ပ)၇၅/၂၀၁၅၊ လောင်းကစား ဥပဒေ ပုဒ်မ ၂၁/ ကျင့် ၁၁၀ အရ လည်းကောင်း၊ ဇော်မင်းလွင် အား ပွင့်ဖြူမြို့မရဲစခန်း (ပ)၇၆/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၂၁/ကျင့် ၁၁၀ အရ လည်းကောင်း၊ မျိုးကိုကို အား ပွင့်ဖြူမြို့မရဲစခန်း (ပ)၇၇/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၂၁/ ကျင့် ၁၁၀ အရ လည်းကောင်း အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment