၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ ညနေ (၄)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်အရ သက်သေ များနှင့် အတူ လောင်းကစား ဖမ်းဆီးရမိရေး သတင်းစုံစမ်းနေစဉ် ပင်လယ်သက်ကျေးရွာ ရွာလယ်ဇရပ် တွင် မင်းဘူးမြို့နယ်၊ ဇကာကျေးရွာနေသူ အောင်ထွန်း(၂၉)နှစ်မှာ လွယ်အိတ်(၁)လုံးနှင့် ထိုင်နေ သည်ကို တွေ့ ရှိရ၍ မသင်္ကာသဖြင့် ရှာဖွေရန် ၄င်းအနီးသို့ သွားရောက်စဉ် အောင်ထွန်းမှာ ထွက်ပြေး သွားသဖြင့် လိုက်လံဖမ်းဆီးကာ ၄င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက် စာတမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့် ငွေစက္ကူရောရာ ၄၇၅၅၀ိ/-ခန့်အား ရှာဖွေ သိမ်းဆည်းရမိသဖြင့် တရားမ၀င် နှစ်လုံးထီလောင်းကစားပြုလုပ်သူ အောင်ထွန်းအား မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်း၊ (ပ)၆၀/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)အရ အရေးယူဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိသည်။
အလားတူ ၃၀.၄.၂၀၁၅ ရက်နေ့ နံနက် (၁း၁၅)နာရီအချိန်ခန့်တွင် သရက်ခရိုင်၊ သရက်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လှည့်ကင်း ဆောင်ရွက်နေစဉ် သရက်မြို့၊ ဈေး ရပ်ကွက်ရှိ သရက်-အောင်လံ ပဲ့ထောင်ဆိပ်ကမ်း လမ်းဘေးဓါတ်တိုင်အောက်တွင် သရက်မြို့၊ တောင်မင်း တည်းရပ်ကွက်နေသူ အောင်လေး(၂၆)နှစ်၊ မစုမြတ်နိုင် (၁၉)နှစ်၊ မကြည်ကြည်လှိုင် (၂၅)နှစ်၊ မျိုးမင်းထက် (၁၈)နှစ်၊ သန်းဇော်ထက်(၂၆)နှစ်၊ ကိုမျိုး(၃၂)နှစ်နှင့် အောင်လံမြို့နယ်၊ ဂုံတော စံပြကျေးရွာနေသူ ဇော်မင်း (၃၇)နှစ် တို့(၇)ဦးအား ဖဲရိုက်လောင်းကစား နေသည်ကို တွေ့ရှိရပြီး ဖဲရိုက်လောင်းကစားရာတွင် အသုံးပြု သည့် AAA တံဆိပ်ပါ ဖဲချပ် (၄၉)ချပ်၊ ကြွေပန်းကန်ပြား အသေး(၁)ချပ်၊ အစိမ်းရောင်ပုဆိုး (၁) ထည်နှင့် ငွေစက္ကူရောရာ ၄၂၅၀၀ိ/-အား ရှာဖွေ သိမ်းဆည်းရမိ သဖြင့် အောင်လေးပါ (၇)ဦးအား သရက် မြို့နယ်၊ မြို့မရဲစခန်း (ပ)၄၈/၂၀၁၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၂(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment