Thursday, April 30, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ နံနက်(၉)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဆင်ပေါင်ဝဲမြို့မရဲစခန်း အနောက်တောင်ဘက် (၄)မိုင်ခန့်အကွာ၊ ဇောင်ချမ်း တောင် ရဲကင်းစခန်း တောင်ဘက်(၂)မိုင်ခန့်အကွာ၊ အင်းမကျေးရွာနေ မသူဇာ(၂၇)နှစ်သည် နေအိမ်၌ ထမင်းဟင်း ချက်ပြုတ်ပြီး မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊
မီးလောင်ရာနေရာသို့ ဆင်ပေါင်ဝဲမြို့နယ် အုပ်ချုပ်ရေးမှူး ၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသော ရဲတပ်ဖွဲ့ဝင်(၁၀)ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးသော မီးသတ်တပ်ဖွဲ့ဝင်(၉)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရွာသူ/သားများ၊ စုစုပေါင်းအင်အား (၃၀၀)ဦးခန့်တို့မှ အင်းမရွာအနီး အလယ်ရွာ၌ ဆည်မြောင်း တမံဆောင်ရွက်နေသည့် ပြည်ကြီးတံခွန်ဆောက်လုပ်ရေးကုမ္မဏီမှ ရေသယ်ယာဉ် (၁)စီး တို့ဖြင့် ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့သဖြင့် (၁၁)နာရီအချိန် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် စုစုပေါင်း နေအိမ်(၄၃)လုံး (တန်ဘိုး ၄၈၇၃၈၅၀ိ/-ခန့်) မီးလောင်ဆုံးရှုံးခဲ့ပြီး လူ/တိရိစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ကြောင်းနှင့် မီးဘေးသင့်အိမ်ထောင်စု(၄၄)စု၊ မီးဘေးသင့် ပြည်သူ ကျား(၈၁)ဦး၊ မ(၉၂)ဦး၊ စုစုပေါင်း (၁၇၃)ဦးတို့အား (၁၁)နာရီခွဲအချိန် အင်းမကျေးရွာ မူလတန်းကျောင်းတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူ မသူဇာအား ဆင်ပေါင်ဝဲမြို့မရဲစခန်း (ပ)၃၂/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video