Thursday, April 30, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ နေ့လယ်(၁း၄၅)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ ရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့၊ မြို့သစ်ရပ်ကွက်၊ မြို့ဝင် ဘုန်းကြီးကျောင်းအနီး၊ မြို့ရှောင်လမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက် စစ်ဆေးရာ ပခုက္ကူမြို့၊ မြို့ရှောင်လမ်းအတိုင်း ရေစကြိုမြို့ဘက်မှ ပခုက္ကူမြို့ ဘက်သို့ ရေစကြိုမြို့ နယ်၊ ကျောက်လပ်ကျေးရွာနေသူ အောင်ကျော်ဝင်း(၃၂)နှစ်သည် HUNBO 110 နီနက်ကြားဆိုင်ကယ်အား တစ်ဦးတည်း မောင်းနှင်လာစဉ် မြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၄)အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်သို့ တိမ်းမှောက်ခဲ့သဖြင့် အောင်ကျော်ဝင်း တွင် ဦးခေါင်းယာဂျိုစောင်း ဖူးရောင်ဒဏ်ရာ၊ ယာနားသွေးထွက်ဒဏ်ရာ၊ နှာခေါင်းသွေးထွက် ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သဖြင့် ဆိုင်ကယ်မဆင် မခြင် မောင်းနှင်သူ အောင်ကျော်ဝင်းအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၇၄/ ၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video