Wednesday, April 29, 2015



ဆင်ပေါင်ဝဲ ဧပြီ ၂၉
    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အင်မကျေးရွာတွင် ယနေ့နံနက် (၀၉း၃၀)အချိန်တွင် ဦးမင်းအောင်(ဘ) ဦးလှစိန် အသက်(၂၈)နှစ် မော်တော်လုပ်သား၏ (၃)ပင်ပတ်လည်သက္ကယ်မိုး ထရံကာ မြေစိုက် နေအိမ် မီးကြွင်း၊ မီးကျန်မှစတင်မီးလောင်ကျွမ်းခဲ့ရာ
သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၄x၄)ပင်နေအိမ်(၆)လုံး (၃x၃)ပင် သက္ကယ်မိုးထရံကာ၊ ၀ါးကြမ်းခင်း၊
 မြေစိုက်နေအိမ်(၃၇)လုံး၊ စုစုပေါင်း(၄၃)လုံး မီးလောင်ကျွမ်းခဲ့ပြီး ခန့်မှန်းတန်ဖိုး (ကျပ်-၄၇၃၈၅၀၀)
ဆုံးရှုးံခဲ့သည်။
    အဆိုပါမီးလောင်ကျွမ်းမှုဖြစ်စဉ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပတ်ဝန်းကျင်ကျေးရွာ(၆)ရွာမှ ကျေးရွာသူ/ကျေးရွာသားများ (၀၉း၄၅)နာရီတွင် ရောက်ရှိပြီး ဒိုင်းရှင်းမီးသတ်စက်(၂၅)လုံး၊ ဆည်မြောင်းဦးစီးဌာနမှ ဂါလံ(၁၆၀၀)ဆံ့မီးသတ်ရေယာဉ်(၁)စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ (၁၀း၀၀)နာရီအချိန်တွင် မီးထန်းနိုင်ကာ (၁၀း၃၀)နာရီအချိန်တွင် လုံးဝမီးငြိမ်း သတ်နိုင်ခဲ့ပြီး လူနှင့် တိရိစ္ဆာန်များ အသေ အပျောက်မရှိကြောင်း သရှိရသည်။
    ယနေ့မီးဘေးသင့်ပြည်သူများအား အင်မကျေးရွာ (အမက)ကျောင်းတွင် ကွပ်ကဲရေးစခန်းချထားပြီး လုံခြုံရေး၊ ကျန်းမာရေးစခန်းများဖွင့်လှစ်၍ စားသောက်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရှိရသည်။
မြို့နယ်ပြန်/ဆက်

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video