Wednesday, April 29, 2015
4:38 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဂန့်ဂေါ ဧပြီ ၂၈
ဂန့်ဂေါခရိုင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အိပ်ဖွင့်တင်ဒါခေါ်ယူခြင်း အခမ်းအနားကို ဧပြီ ၂၇ ရက်က ခရိုင်ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းတွင်ပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်က အမှာစကားပြောကြားသည်။
ထို့နောက် ခရိုင်အိပ်ဖွင့်တင်ဒါ စိစစ်ရွေးချးယ်ရေးကော်မတီအတွင်းရေးမှူး ဦးတင်ဆောင် က လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်း လင်းဖြေကြားပြီး တင်ဒါများကို ရွေးချယ်ကြသည်။
အဆိုပါအိပ်ဖွင့်တင်ဒါတွင် ပြည်ထောင်စုအစိုးရရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရရန်ပုံငွေတို့ဖြင့် တည် ဆောက်မည့် မုံရွာ- ပုလဲ- ဂန့်ဂေါ- ဟားခါးလမ်း၊ မြိုင်- တောမ- ဂန့်ဂေါလမ်း၊ ဂန့်ဂေါမြို့ဝင်ဖြတ်လမ်း၊ ဂန့်ဂေါမြို့တွင်း မြစ်သာမြစ်ရှောင်လမ်း၊ ပခုက္ကူ- ပေါက်- ထီးလင်း- ဂန့်ဂေါလမ်း၊ ငဖဲ- စေတုတ္တရာ- ဆော- ထီးလင်းလမ်း၊ ဂန့်ဂေါ- ထီးလင်းလမ်း၊ ကျင်း- တပြင်းလမ်း၊ ကံကြီး- မင်းတပ်လမ်း၊ ဆိပ်ဖြူ- ဆော- ကန်ပက်လက်လမ်း၊ ကျောက်ထု- ဆော လမ်းတို့ ခွင့်ပြုလမ်းပိုင်းအလိုက် ပြုပြင်သွားနိုင်ရန်အတွက် ကျောက်ကျင်း၊ အုတ်၊ သစ်တို့တင်သွင်းဆောင်ရွက်နိုင်ရန်တို့အတွက်ဖြစ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment