Wednesday, April 29, 2015
4:36 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး ဧပြီ ၂၈
ကာကွယ်ရးဦးစီးချုပ်ရုံး(လေ)နှင့်မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှပူးပေါင်းစီစဉ်ဖွင့်လှစ်သော အမှတ်စဉ်(၁/၂၀၁၅)အခြေခံလေကြောင်းလူငယ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အတူအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊တိုင်းဒေသကြီး ဥပဒေချုပ်၊စာရင်းစစ်ချုပ်၊မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်
အောင်ဆန်းဝင်းနှင့်မကွေးတပ်နယ်မှတာဝန်ရှိသူများ လေကြောင်းသင်တန်းနည်းပြအရာရှိအရာခံအကြပ် တပ်သားများ၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံလေကြောင်းလူငယ် သင်တန်း သား / သူများနှင့်မိဘအုပ်ထိန်းသူများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေမှ သင်တန်းဖွင့်အမှာစကား ပြောကြား ရာတွင် နောင်အနာဂတ်အတွက် လေကြောင်းသိပ္ပံပညာရပ်များနှင့်ပတ်သက်၍ မျိုးဆက်သစ်လူငယ် များဖြစ်ကြောင်း၊နိုင်ငံတော်တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်ရမည့်လူငယ်များအား နိုင်ငံတော် အနေ ဖြင့်လူစွမ်းအားအရင်းအမြစ်များအပြည့်အ၀ဖော်ထုတ်ရေး အသိပညာရှင်အတတ်ပညာရှင် များဖြစ်ပေါ်လာ ရေးအတွက် ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း၊ လေကြောင်းလူငယ်အခြေခံသင်တန်းတွင် ထူးချွန် အောင်ကြိုးစားကြရနိလိုအပ်ကြောင်း၊ထူးချွန်လူငယ်များအား မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှ ဖွင့်လှစ်သည့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းသို့တက်ရောက်လျက် အဆင့်မြင့်လေကြောင်း ပညာများကို သင်ကြားပေးမှာဖြစ်ကြောင်း နွေရာသီအားလပ်ရက်တွင်အချိန်ကိုအကျိုးရှိစွာ အသုံးချ၍ နောက်တစ်ခေတ်၏ လေကြောင်းသိပ္ပံပညာရှင်များဖြစ်အောင်ကြိုးစားကြရန်လိုအပ်ကြောင်း အကျယ်တ၀ံ့ မှာကြားခဲ့သည်။
ထို့နောက် မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဆန်းဝင်းက ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ)မှ လူငယ်များအတွက်လေကြောင်းမျိုးဆက်သစ်များပေါ်ထွန်းရန်အတွက်သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့်
သင်တန်းတွင်လိုက်နာရမည့်စည်းကမ်းများ၊ပို့ချပေးမည့်ဘာသာရပ်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းများကို
အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ၄င်းနောက် သင်တန်းဖွင့်အခမ်းအနားကိုရုပ်သိမ်းကာ
တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အခြေခံ လေကြောင်းသင်တန်းသို့တက်ရောက်မည့်လူငယ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို သင်တန်းသား/သင်တန်းသူ(၄၀)ဦးဖြင့်(၂၇-၄-၂၀၁၅)ရက်နေ့မှ (၂၂-၅-၂၀၁၅)ရက်နေ့အထိ (စနေနေ့အပါအ၀င်)ရက်သတ္တ(၄)ပတ်ကြာ စစ်ရေးပြဘာသာရပ်၊ လေကြောင်း သမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှုအခြေခံဘာသာရပ်၊ လေယာဉ်တည်ဆောက်မှုဘာသာရပ်၊ စက်အုံ တည်ဆာက်မှုဘာသာရပ်၊လေယာဉ်ပုံစံငယ်တည်ဆောက်မှုဘာသာရပ်၊တို့ကိုမကွေးလေတပ်စခန်းဌာနချုပ်အတွင်း စခန်းသွင်းဖွင့်လှစ်ပို့ချ သင်ကြားသွားမည်ဖြစ်ပြီး အခြား တိုင်းဒေသကြီး /ပြည်နယ် လေတပ် စခန်းဌာနချုပ် များမှာလည်းတစ်ပြိုင်တည်းဖွင့်လှစ် သင်ကြား ပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်၊။
သန်းနိုင်ဦး(ငဖဲ)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment