Thursday, April 30, 2015

ကျောက်ထု ဧပြီ ၃၀
    ဂန့်ဂေါခရိုင် ကျောက်ပျဉ်းကျေးရွာတွင် ဧပြီ  ၂၃ ရက်က လေပြင်းတိုက်ခတ်သဖြင့် ကျောင်းအနီးရှိ သစ်ပင်ကြီးတစ်ပင် ကျေးရွာမူလတန်းကျောင်းဆောင်ပေါ်ပြိုလဲခဲ့ရာ အလျှား ၈၀ ပေ၊ အနံ ၂၄ ပေရှိ ကျောင်းဆောင် အမိုး၊ အကာနှင့် ပရိဘောဂများပျက်စီးသွားခဲ့သဖြင့် ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်း ၂၅၀ ကျော်  ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
    အဆိုပါကျောင်းဆောင်အား ကျောင်းဖွင့်အမီ ပြန်လည်ဆောက်လုပ်နိုင်ရန်အတွက် ညှိနှိုင်းအစည်း အဝေးကို ကျောက်ပျဉ်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ဧပြီ ၂၈ ရက်ကပြုလုပ်ရာ ကျောက်ထုမြို့ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင် ၊ ဆောမြို့နယ် ပညာရေးမှူး ဒေါ်ဒွန်းလိန်း၊ စည်ပင်သာယာ အင်ဂျင်နီယာ ဦး သန်းနိုင်ဦး၊ ကျောက်ပျဉ်းရွာ ပညာရေးဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များ တို့ တက်ရောက်ကြ သည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video