Monday, April 27, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ နေ့လည်(၁း၁၀)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကျွန်းချောင်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည်သည် ပေါက်တောကျေးရွာ အရှေ့ပိုင်း တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေး ခဲ့ကြောင်း၊
စစ်ဆေးချက်အရ ပေါက်တောကျေးရွာနေသူ ဦးဝင်းမြိုင်(၄၃)နှစ်၏ (၃x၂)ပင် ထန်းလက်မိုး၊ ထန်းလက်ကာ၊ ၀ါးကြမ်းခင်း၊ မြေစိုက်နေအိမ်တွင် လူကြီးများမရှိခိုက် နေအိမ်တွင် ကျန်ရှိနေသည့် သမီးဖြစ်သူ မခိုင်သဇင် (၄)နှစ်နှင့် မခိုင်သဇင်ဝင်း(၄)နှစ် အမွာညီအစ်မနှစ်ဦးအနက် မခိုင်သဇင်ဝင်းမှ ဂတ်စ်မီးခြစ် ဆော့ကစား ရာမှ နေအိမ်တွင် ကာရံထားသော ထန်းလက်အား မီးကူးစက်လောင်ကျွမ်းခဲ့ရာ ရွာသူ/သားများမှ ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့သဖြင့် (၁း၂၀)အချိန် မီးငြိမ်းခဲ့ပြီး မီးလောင်ကျွမ်း မှုကြောင့် (၃x၂)ပင် နေအိမ်တစ်လုံး (တန်ဘိုး ၄၀၀၀၀ိ/-ခန့်) ဆုံးရှုံးသွား ခဲ့ကြောင်း၊
ဂတ်မီးခြစ်အား ပေါ့ဆစွာထားရှိသုံးစွဲသူ ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်မြေရဲစခန်း(ပ)၂၉/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video