၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ညနေ (၆း၁၅)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့ သည် ဘောလုံးလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ ပခုက္ကူမြို့၊ အမှတ်(၃) ရပ်ကွက်၊ ထင်းတန်းလမ်းရှိ “ငွေဇင်ယော်”ဆေးဆိုင်သို့ ခရိုင်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၉/၂၀၁၅)ဖြင့် ၀င်ရောက်ရှာဖွေရာ အမှတ်(၃)ရပ်ကွက်နေသူ ဆေးဆိုင်ပိုင်ရှင် ကျော်ခိုင်(၃၂)နှစ်အား ဆိုင်အတွင်း ကောင်တာဘေးတွင်ရပ်လျှက် ဘောလုံးလောင်းကစား ပြုလုပ်နေ သည်ကို တွေ့ရှိရ၍ သက်သေများနှင့်အတူ ရှာဖွေရာ ကောက်တာပေါ်နှင့် ကောင်တာအတွင်းမှ ဘောလုံး လောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့် လောင်းကြေး ငွေစက္ကူရောရာ (၂၄၅၀ိ/-)တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားမ၀င်ဘောလုံး လောင်းကစားပြုလုပ်သူ ကျော်ခိုင်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၄၃/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
Monday, April 27, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment